Border News Agency
ပဲခူး၊ ဧပြီ ၂၇။
တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဧပြီလ တတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလင်းဝင်လာသူ ဆယ့်ခြောက်ဦရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဧပြီလ ၂၆ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာသူတွေဟာ ပဲခူးတိုင်းကနှစ်ဦး၊ မန္တလေးတိုင်းကသုံးဦး၊ စစ်ကိုင်းတိုင်းကလေးဦး၊ ကရင်ပြည်နယ်က ခုနှစ်ဦးတို့ဖြစ်ကြပြီး ဆယ့်ငါးဦးမှာ စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကရင်ပြည်နဲ့ မွန်ပြည်က အရှင်ဖမ်းမိတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ဆယ့်လေးဦးရှိခဲ့ပြီလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဆီမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ဧပြီလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းတာနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း သုံးထောင့်ငါးဆယ်ငါး ဦးထိရှိနေပြီလို့ဆိုပါတယ်။















