Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဧပြီ ၂၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာခရိုင်၊ တက္ကနာ့ဖ်မြို့နယ်မှာ သေနတ်တွေ၊ ခဲယမ်းတွေနဲ့အတူ မူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဧပြီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ဧပြီလ ၂၆ ရက်ညပိုင်းမှာ ရေတပ်ရဲ့အထူးတပ်ဖွဲ့ဖြစ်တဲ့ SWADS ပါဝင်တဲ့အဖွဲ့နှစ်ဖွဲ့က တက္ကနာ့ဖ်မြို့နယ်၊ညလာကျေးရွာအုပ် စုအတွင်းရှိ ဖူးလ်ဒေးလ်ဧရိယာမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဒေသရှိ အမ်ဒီလိုဝါဟူစိန်ဆိုသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ G3 ရိုင်ဖယ်နှစ်လက်၊ MA 1 ရိုင်ဖယ်တလ က်၊ကျည်အိမ်ရှစ်ခု၊ကျည်ဆန်တရာ့ကိုးဆယ်တောင့်နဲ့ ကျည်ခွံအချို့ကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မှောင်ခိုပို့ဆောင်ဖို့အတွက် သိုလှောင်ထားတဲ့ ယာဘဆေးပြား နှစ်သောင်းရှစ်ထောင်ကျော်ကိုလည်းလက် နက်တွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ထားပြီး နယ်စပ်တလျှောက် လုံခြုံရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ရေတပ်က စောင့်ကြည့်စစ်ဆေးမှုတွေ ဆက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။






