Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

လက်နက်အားကိုးဖြင့် အမဲလိုက်ခြင်းနှင့် ထွက်ခွာခွင့်အား ပိတ်ပင်ခြင်း – နိဂုံး

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၂၈။

အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း (Forced Conscription)သည် နိုင်ငံအ တွက်လိုအပ်ချက်အရ ဥပဒေနှင့်အညီဆောင်ရွက်နိုင်သော်လည်း အခြားတဖက်တွင် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများအရ အလွန်လေးနက်သော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုမြောက်သည့်လုပ်ရပ်လည်းဖြစ်သွားနိုင်သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေး ရာအဖွဲ့ (ILO)၏စံနှုန်းများအရ…

အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းကို အဓိကအားဖြင့်”အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု(Forced Labour)”အဖြစ် သတ်မှတ်သည်။

ILO Convention No. 29 (Forced Labour Convention)သဘောတူစာချုပ်အရ လူတဦးကို ၎င်းတို့၏ဆန္ဒမပါဘဲ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းကို တားမြစ်ထားသည်။

စစ်မှုထမ်းခြင်းသည် နိုင်ငံတော်၏တာ ဝန်ဖြစ်သည်ဟု အချို့ကအကြောင်းပြတတ်သော်လည်း၊ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်၍အတင်းအကျပ် စစ်မှုထမ်းခို င်းခြင်းသည် ဤစာချုပ်ပါစံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ(IHL)မှာ လက်နက် ကိုင်ပဋိပက္ခများအတွင်း အရပ်သားများကိုကာကွယ်ရန် ပြဋ္ဌာန်းထားသော ဥပဒေများဖြစ်သည်။

စတုတ္ထဂျီနီဗာကွန်ဗင်းရှင်း(Fourth Geneva Convention)၏အပိုဒ် ၅၁တွင် သိမ်းပိုက်ထားသောနယ်မြေအတွင်းရှိ အရပ်သားများကို သိမ်းပိုက်သူ (Occupying Power)က ၎င်းတို့၏လ က်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်ရန်အ တင်းအကျပ်စေခိုင်းခြင်းကို တားမြစ်ထားသည်။

စတုတ္ထဂျီနီဗာကွန်ဗင်းရှင်းနောက်ဆက် တွဲစာချုပ်(Protocol II)- အပိုဒ် ၄ အရ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသော(သို့မဟုတ်)ပါဝင်ခြင်းကို ရပ်ဆို င်းလိုက်သောအရပ်သားများအား လက် နက်ကိုင်တပ်ဖွဲ့များတွင် အတင်းအကျ ပ်ပါဝင်ခိုင်းခြင်းကို တားမြစ်သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာစံ နှုန်းများ(CRC & Optional Protocols) အရ ကလေးသူငယ်များကို စစ်မှုထမ်းခိုင်းခြင်းသည် အဆိုးရွားဆုံးသောလူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။

Optional Protocol to the Convention on the Rights of the Child စာချုပ်အ ရ အသက် ၁၈ နှစ်အောက်ကလေးငယ်များကို လက်နက်ကိုင်တပ်ဖွဲ့များတွင် စ စ်မှုထမ်းခိုင်းခြင်း(သို့မဟုတ်)တိုက်ပွဲများတွင် အသုံးချခြင်းကို တားမြစ်ထားသည်။

အသက် ၁၅ နှစ်အောက် ကလေးငယ်များကို စစ်မှုထမ်းခိုင်းခြင်းသည် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၏ရောမသ တ်မှတ်ချက်များ(Rome Statute)အရ စစ်ရာဇဝတ်မှုဖြစ်သည်။

ULA/AA နှင့်သက်ဆိုင်သောစံနှုန်းများ

အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တရားဝင်မှု(Non-State Armed Groups)

နိုင်ငံတကာဥပဒေအရ အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများ (Non-State Armed Groups)သည် အရပ်သားများကို “စစ်မှုထမ်း”ဟုခေါ်ကာ အတင်းအကျပ်ခေါ်ဆောင်ခွင့်မရှိပေ ။

နိုင်ငံတော်အစိုးရဖြစ်နေသည့်တိုင်အော င် ဥပဒေနှင့်အညီစစ်မှုထမ်းစနစ်ကို ကျင့်သုံးနိုင်သည့်အခွင့်အရေးရှိသော်လ ည်း၊ထိုဥပဒေသည်လည်း လူ့အခွင့်အ ရေးစံနှုန်းများနှင့်ကိုက်ညီရမည်။

သို့သော် အစိုးရမဟုတ်သောအဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်းခိုင်းခြင်းသည်“ပြန်ပေးဆွဲခြင်း(Abduction)”နှင့်“အတင်းအဓမ္မခေါ်ဆောင်ခြင်း(Forced Recruitment)”သာ ဖြစ်သည်။

၎င်းသည် နိုင်ငံတကာဥပဒေအရ မည်သည့်အခါမျှတရားဝင်မှုမရှိပေ။

နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေ(IHRL)အရ…

လွတ်လပ်စွာနေထိုင်ခွင့်အား ချိုးဖောက်ခံရမှုနှင့် ကိုယ်ကျိုးအတွက်မဟုတ်ဘဲဖမ်းဆီးခြင်း(Arbitrary Detention) မှာ ရာဇဝတ်မှုမြောက်သောလုပ်ရပ်များဖြစ်သည်။

အတင်းအဓမ္မခေါ်ဆောင်သွားပြီး သင်တန်းပေးခြင်း သို့မဟုတ် တိုက်ခိုက်ခိုင်းခြင်းသည် လူတဦးချင်းစီ၏လွတ်လပ်ခွင့်ကို ဥပဒေမဲ့ကန့်သတ်ခြင်းဖြစ်သည်။

စစ်ပွဲဥပဒေ၏အခြေခံမူအရအရပ်သားများနှင့် တိုက်ခိုက်သူများကို အမြဲတမ်းခွဲခြားထားရမည်။

အရပ်သားများကို စစ်မှုထမ်းရန်အတ င်းအကျပ်ဆွဲသွင်းခြင်းသည် ဤအ ခြေခံမူကို ဖျက်ဆီးခြင်းဖြစ်ပြီး အရပ် သားများအတွက် အကာအကွယ်ဖြစ်စေသောအရပ်သားဖြစ်တည်မှု (Distinction Principle)ကို ဖျက်ဆီးပစ်ခြင်းလည်း ဖြစ်သည်။

အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းသည် –

(၁) ILO Convention No. 29 (Forced Labour Convention)အရ အရပ်သားများ၏ လွတ်လပ်စွာလုပ်ကိုင်စားသော က်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်။

(၂) နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေ(IHRL)အရ အရပ်သားများကို လက်နက်ကိုင်ပဋိပက္ခအတွင်း အဓမ္မဆွဲသွင်းခြင်းဖြစ်ကာ အရပ်သားများအတွက်အကာအကွယ်ဖြစ်စေသောအရပ်သားဖြစ်တည်မှု(DistinctionPrinciple) ကို ဖျက်ဆီးပစ်ခြင်းလည်းဖြစ်သည်။

အရပ်သားများကို လက်နက်ကိုင်ပဋိပက္ခအတွင်း အဓမ္မဆွဲသွင်းခြင်းမှာ ပြန်ပေးဆွဲခြင်းနှင့် ဥပဒေမဲ့ထိန်းသိမ်းခြင်း ပြစ်မှုကို ကျူးလွန်ခြင်းနှင့်အတူတူဖြစ်သည်။

(၃) ကလေးသူငယ်များ၏ အသက်အရွယ်အလိုက်ကာကွယ်မှုကို ရက်စက်စွာချိုးဖောက်ခြင်းလည်းဖြစ်သည်။

ထိုအပြုအမှုများသည် နိုင်ငံတကာဥပဒေအဆင့်ဆင့်ကို ချိုးဖောက်နေခြင်းလည်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဖြစ်စေ၊ ဤလုပ်ရပ်များသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သည့်အပြင်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များဖြစ်သည်။

ပြီး။

PrevPreviousဖာပွန်ရှိစစ်ကော်မရှင်တပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်သိမ်းပိုက်
Next​တက္ကနာ့ဖ်မှာဘင်္ဂလားဒေ့ရှ်ရေတပ်က လက်နက်နဲ့မူးယစ်ဆေးပြားတွေဖမ်းNext
Previous Post

ဖာပွန်ရှိစစ်ကော်မရှင်တပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်သိမ်းပိုက်

Next Post

​တက္ကနာ့ဖ်မှာဘင်္ဂလားဒေ့ရှ်ရေတပ်က လက်နက်နဲ့မူးယစ်ဆေးပြားတွေဖမ်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

August 16, 2026

သံတွဲမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအဖနှစ်ဦးသေဆုံး

August 16, 2026
​ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန

ဆောမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်းနဲ့လက်နက်တွေ သိမ်းမိ

August 16, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်ရုရှားသို့ သွားမယ်

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page