Border News Agency
ကလေး၊ ဧပြီ ၂၉။
ကလေးမြို့နယ်ရှိ ကျေးရွာတရွာမှာ ဒေသခံတွေ ဘေးကင်းလုံခြုံရေးနဲ့ အခွင့်အရေးတွေ သိရှိနိုင်ဖို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (WJ) က ဧပြီလ ၁၁ ရက်ကနေ ၁၂ ရက်နေ့အထိ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။
အဲဒီဟောပြောပွဲမှာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (GBV) တားဆီးကာကွယ်ရေးနဲ့ ဒေသတွင်း အန္တရာယ်ရှိနေတဲ့ မြေမြှုပ်မိုင်း (EORE)သတိပြုရေး အချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် အကူအညီပေးရေးလုပ်ငန်းတွေမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုကင်းစင်ရေး (PSEA) မူဝါဒတွေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
သင်တန်းတက်ရောက်လာတဲ့ မိဘပြည်သူတွေကလည်း မိမိတို့ဝန်းကျင် ဘေးကင်းရေးအတွက် စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ဟောပြောပွဲတွေဟာ စစ်ရေးပဋိပက္ခရှိနေတဲ့ ဒေသတွင်းပြည်သူတွေအတွက် လက်တွေ့လိုအပ်တဲ့ ဗဟုသုတတွေ ဖြစ်ပါတယ်။











