Border News Agency
ဝက်လက်၊ မေ ၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဝက်လက်မြို့နယ် စခန်းသာရွာအနီးကို မေလ ၆ ရက်၊ ဒီနေ့မနက် ၁၂ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်မှလေယာဉ်သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီစခန်းသာရွာအနီးကို တံတားဦးလေတပ်မှတက်လာတဲ့ တိုက်လေယာဥ်သုံးစီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာအဆောက်အဦတွေကို ဒရုန်း၊လက်နက်ကြီး၊လေယာဉ်တွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။











