Border News Agency
ဘန်ကောက်၊ မေ ၁၆။
ဘန်ကောက်က မက္ကဆန် (Makkasan) လေဆိပ်ရထားလမ်းအောက် လမ်းဆုံမှာ မေလ ၁၆ ရက်၊ ဒီနေ့ညနေ ၄ နာရီကျော်က ရထားနဲ့ အဲကွန်းလိုင်းကားတစီး အပြင်းအထန်တိုက်မိသွားပါတယ်။
အဲဒီမတော်တဆမှုကြောင့် ကားပေါ်ပါတဲ့ခရီးသည်အများအပြားသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိနေတယ်လို့သိရပါတယ်။
အရှိန်နဲ့တိုက်မိပြီးတဲ့နောက် ကားကမီးလောင်နေပြီး အထဲကနေပေါက်ကွဲသံတွေပါ ခဏခဏကြားနေရလို့ မီးသတ်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ဝိုင်းငြှိမ်းသတ်ပြီး လူနာတွေကိုကယ်ထုတ်နေကြရပါတယ်။
အဲဒီလမ်းဆုံတဝိုက် လမ်းတွေအကုန်ပိတ်ထားပြီး ကယ်ဆယ်ရေးတွေလုပ်နေရတာမို့ အဲဒီနားဖြတ်မယ့်သူတွေ လမ်းကြောင်းရှောင်ကြဖို့ သတိပေးထားပါတယ်။



















