Border News Agency
နမ့်ဆန်၊မေ ၁၇။
တအာင်းပြည်၊နမ့်ဆန်မြို့နယ်ကကျေးရွာတရွာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်က တရားခံကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလတုန်းက အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အိမ်နီးချင်းဖြစ်သူ ဦးထွန်းလိုက အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရတာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးငယ်ရဲ့ မိသားစုဝင်တွေက မေလ ၉ ရက်နေ့မှာသက်ဆိုင်ရာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုတိုင်ကြားခဲ့တာကြောင့်မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားကိုသွားရောက်ဖမ်းဆီးခဲ့ကာ ဥပဒေအတိုင်း ဆက်လက်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုတွေကိုတားဆီးနိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ သံသယဖြစ်ဖွယ် တွေ့ရှိရင် သက်ဆိုင်ရာထံ ချက်ချင်းအသိပေးတိုင်ကြားကြဖို့လည်း တိုက်တွန်းထားပါတယ်။






