Border News Agency
နေပြည်တော်၊သြဂုတ် ၁၇။
အာဏာသိမ်းစစ်တပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးကို နိုင်ငံတော်သမ္မတရုံး၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဩဂုတ်လ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။
အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉)ပါ ပြဋ္ဌာန်းချက်တွေအရ ပြောင်းလဲတာဝန်ပေးလိုက်တာပါ။
အဲဒီနိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးအဖြစ် ဦးခင်မောင်ရီနဲ့ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်ကလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။
အဲဒီအပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးရဲထွန်းဦးကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့လည်း နိုင်ငံတော်သမ္မတရုံးက ဩဂုတ်လ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။
အဲဒီဒေါက်တာခိုင်ခိုင်စိုးဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး သူမဟာအရင်သူတွေထက်စကားအပြောအဆို အဆင်ပြေတယ်လို့ အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။










