Border News Agency
နေပြည်တော်၊ မေ ၂၂။
ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ လက်တွဲပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်သစ်ရဲဝင်းဦးက ပြောပါတယ်။
မေလ ၂၁ ရက်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ လုပ်ခဲ့တဲ့ ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးမှာ သူကအခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ခုလက်ရှိအချိန်မှာ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ်တွေကို လွှမ်းမိုးချုပ်ကိုင်ဖို့အတွက် စစ်ရေးအသွင်တင်မကဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဝါဒဖြန့်ချိရေးစတဲ့ အသွင်မျိုးစုံနဲ့ ချဉ်းကပ်ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အင်အားကြီးနိုင်ငံအချို့ဟာ အာရှ-ပစိဖိတ်ဒေသတွင်းမှာ စစ်ရေးအရ လွှမ်းမိုးနိုင်ဖို့ မဟာမိတ်အုပ်စုတွေဖွဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေအထိ အပြိုင်အဆိုင် လုပ်ဆောင်လာနေတာကြောင့် ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို အာဆီယံနိုင်ငံအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့သာ အတူလက်တွဲ ကျော်လွှားနိုင်မယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။














