Border News Agency
ကျောက်တော်၊မေ ၂၄။
အာရက္ခဒေသအတွင်းမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနကနေ အာရက္ခလောင်ပေါ်ကို လာမယ့် ဇွန်လကစတင်ပြီး တရားဝင် ဖြန့်ဖြူးရောင်းချတော့မယ်လို့ မေလ ၂၃ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီအာရက္ခလောင်ပေါ် ဂဏန်း ၆ လုံးပါ လက်မှတ်တွေကို တစောင်ငွေကျပ် ၁,၀၀၀ နှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀ အထိ သတ်မှတ်ထားကာ တလကိုတကြိမ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
ပဲဒီထီဖွင့်ပွဲကို လစဉ် လဆန်း ၁ ရက်နေ့တိုင်း ပြုလုပ်မှာဖြစ်ပြီး အွန်လိုင်းနဲ့ မီဒီယာတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာပါ။
ထီလက်မှတ်ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးမှာဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးကဏ္ဍတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဆုမဲအနေနဲ့ ပထမဆု သိန်း ၅၀၀၊ ဒုတိယဆု သိန်းMessages ၃၀၀၊ တတိယဆု သိန်း ၁၀၀ အပါအဝင် စုစုပေါင်း ဆုမဲ ၃၉ ဆုအထိ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီထီလက်မှတ်တွေကို နီးစပ်ရာ အာရက္ခလောင်ပေါ်ဌာနခွဲ အရောင်းဆိုင်တွေနဲ့ ခရိုင်၊ မြို့နယ် အကောက်ခွန်ရုံးတွေမှာ ဝယ်ယူနိုင်ပြီး ထီပေါက်သူတွေအနေနဲ့ တနှစ်အတွင်း ဆုငွေလာရောက်မတောင်းခံရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမယ်လို့ အသိပေးထားပါတယ်။






