Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံတကာ နိုင်ငံရေး သတင်း

မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း NUG သဝဏ်လွှာပေးပို့

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
အိန္ဒိယ၊​မေ ၂၉။

​အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ ကန့်ကွက်လွှာ ပေးပို့လိုက်ပါတယ်။

အဲ​ဒီကန့်ကွက်ကြောင်းသဝဏ်လွှာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကနေတဆင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆီ မေလ ၂၇ ရက်နေ့မှာပေးပို့ခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အပေါ် မြန်မာပြည်သူတွေအနေနဲ့ များစွာစိုးရိမ်ပူပန်မိကြောင်း အသိပေးထားပါတယ်။

​မြန်မာနိုင်ငံမှာ စစ်တပ်ကမတရားအာဏာလုယူခဲ့ပြီးကတည်းက ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြီးမားတဲ့ဒုက္ခတွေကို ပြည်သူတွေ ရင်ဆိုင်နေရတာပါ။

အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှုပေးသလိုဖြစ်စေမယ့် ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မလုပ်ဖို့ ထောက်ပြထားပါတယ်။

​ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်မှုကို ကျော်လွန်လို့မရနိုင်သလို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ပုံဖော်ပေးမယ့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုလည်း မထောက်ခံဖို့ အိန္ဒိယနိုင်ငံကို တိုက်တွန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ အဓမ္မအာဏာလုယူထားတဲ့ စံနမူနာဆိုးကို အားမပေးဘဲ စစ်အာဏာရှင်စနစ်ကိုပုံမှန်လိုမျိုးဖြစ်သွားစေမယ့် ထိတွေ့ဆက်ဆံမှုတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို သေချာစဉ်းစားချင့်ချိန်ပေးဖို့မေတ္တာရပ်ခံထားတာပါ။

အဲဒီ​နှစ်နိုင်ငံကြား ရေရှည်ချစ်ကြည်ရေးဟာ နိုင်ငံအချင်းချင်းထက် ပြည်သူအချင်းချင်းကြားက သံယောဇဉ်၊ဒီမိုကရေစီတန်ဖိုးတွေနဲ့ ပြည်သူ့ဆန္ဒအပေါ် လေးစားမှုတွေနဲ့သာ အကောင်းဆုံး တည်ဆောက်နိုင်မယ်လို့ NUG က ဆိုပါတယ်။

ဒါကြောင့် အိန္ဒိယအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကိုအလေးထားတဲ့ နည်းလမ်းနဲ့ပဲ ထိတွေ့ဆက်ဆံပေးဖို့နဲ့ အနာဂတ် ရေရှည်မိတ်ဖက်ပြုမှု ခိုင်မာစေဖို့အတွက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုထားပါတယ်။

PrevPreviousမလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁
Nextရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်းNext
Previous Post

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁

Next Post

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နတ်တလင်းမှာအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး PDF ထံအလင်းဝင်

May 29, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

May 29, 2026

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

May 29, 2026

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

May 29, 2026

နတ်တလင်းမှာအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး PDF ထံအလင်းဝင်

မူဆယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်နေတဲ့တရုတ်နဲ့မြန်မာ၂၈ ဦးဖမ်းမိ

ဟော်မုဇ်ရေလက်ကြားအရေး အိုမန်ကို စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မယ်လို့ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ရေစကြိုတောင်ပိုင်းတပ်ပေါင်းစု မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်း ၃ အဖြစ် ပူးပေါင်း

မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ကြောင်း NUG သဝဏ်လွှာပေးပို့

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၁

Releated Post

May 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page