Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၇

Author picture

By

Saw Shin Nyo
Reading Time: 4 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇွန် ၁၂။

နိုင်ငံတကာမြေယာဆိုင်ရာစံနှုန်းများ ပြောင်းလဲမှု

နိုင်ငံတကာမြေယာဆိုင်ရာစံနှုန်းများပြောင်းလဲမှုမှာ နိုင်ငံတကာဖွံ့ဖြိုးရေးနှင့် လူမှုတည်ငြိမ်ရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန် ကြိုးစားမှုလည်းဖြစ်သည်။

ဤတွင် နိုင်ငံတကာဟုပြောလိုက်သည်နှင့် ရခိုင်ဒေသ၏အချို့သူများတွင် နားလည်မှုလွှဲနေသောအမြင်တခုကပ်ပါလာသည်။

ရခိုင်ဒေသခံအချို့၏အတွေးအမြင်မှာ နိုင်ငံတကာဟူသည် မိမိတို့နှင့်မသက်ဆိုင် အခြားအပြင်တနေရာတွင်ရှိနေသည့်ကိစ္စဟု ယူဆနေသလိုပင်ဖြစ်နေသည်။

နိုင်ငံတကာကိစ္စရပ်ဆိုသည်မှာ ကမ္ဘာကြီးရှိလူ့အဖွဲ့အစည်းတခုချင်းစီ၏ ကိုယ်ပိုင်ပြဿနာများလာစုကာ အဖြေရှာကြသည့်ကိစ္စဟုမြင်သောအမြင်မှာ ရခိုင်ဒေသ၌အားနည်းနေပုံလည်းရသည်။

လူအဖွဲ့အစည်းတခုချင်းစီ၏ တိုးတက်ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေး

၁၉၈၀ ပြည့်လွန်နှစ်များမတိုင်မီအချိန် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ချဉ်းကပ်ပုံမှာ (Developmentism) အယူအဆဘက်ကို အလေးသာသော “ဖွံ့ဖြိုးရေးရန်အတွက် အခြေခံအဆောက်အအုံ (Infrastructure) တည်ဆောက်ရမည် ။” ဟူသော ရှုမြင်ချက်သာဖြစ်ခဲ့သည်။

ဤသို့ဖြင့်တည်ဆောက်ရေးဆိုင်ရာအင်ဂျင်နီယာဗဟိုပြုချဉ်းကပ်မှု (Engineering-Driven Approach)ကိုသာ ဦးစားပေးနေခဲ့သည်။

လူ့အဖွဲ့အစည်းတခုဖွံ့ဖြိုးတိုးတက်ရန် ရေကာတာများ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ကျောင်းများ တည်ဆောက်ခြင်းကိုသာ အဓိကထားခဲ့ကြသည်။

အဓိကရည်မှန်းချက်မှာ နိုင်ငံ၏ GDP တိုးတက်ရေးဖြစ်ပြီး စီမံကိန်း၏ “နည်းပညာပိုင်းဆိုင်ရာအောင်မြင်မှု” ကိုသာကြည့်ခဲ့သည်။

ဤသို့ဖြင့် နိုင်ငံတကာအင်စတီကျူးရှင်းများသည် လူ့အဖွဲ့အစည်းတခုချင်းစီအတွက် လိုအပ်သောငွေကြေး၊ နည်းပညာကိုပံ့ပိုးနိုင်ရန်သာအားစိုက်ခဲ့ကြသည်။

အခြေခံအဆောက်အအုံများပြည့်စုံမှ ထိုလူ့အဖွဲ့အစည်းမှာ ကုန်ထုတ်လုပ်မှုတိုးတက်မည်။

ကုန်ထုတ်လုပ်နိုင်မှလူများဝင်ငွေကောင်းကာ သာယာဝပြောမည် စသည့်အမြင်ကိုသာချဉ်းကပ်နေခဲ့သည်။

ဘေးထွက်အကျိုးများ

ထိုကဲ့သို့အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးမှုကိုသာ တဖက်သပ်မြင်ခဲ့မှုက လူ့အဖွဲ့အစည်းများအတွက် ထင်မှတ်သလောက်ဖွံ့ဖြိုးမှုနှင့်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်းမရှိခဲ့ပေ။

အခြေခံအဆောက်အအုံများရှိလာခဲ့သည်။ အလုပ်အကိုင်အခွင့်အလမ်းများရှိလာခဲ့သည်မှာမှန်သော်လည်း ထိုအသီးအပွင့်များကို မခံစားရသော ထိခိုက်နစ်နာသူများပေါ်ထွက်လာခဲ့ပြီး ထိုသူများ၏ဘဝမှာ နဂိုရှိရင်းစွဲအခြေအနေထက် ကျဆင်းသွားကာ လူ့အဖွဲ့အစည်းတခုအတွင်းဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများရှိနေခဲ့သည်။

ထိုသို့အခြေခံအဆောက်အအုံစီမံကိန်းများတွင် လူမှုရေးဆိုင်ရာလျစ်လျူရှုမှုကြောင့် ရလဒ်များကဒဏ်ရာဒဏ်ချက်များသာ ဆက်ရလာခဲ့ကြသည်။

မြေသိမ်းဆည်းခံကြရသည့်အခါဒေသခံများ၏ ရေရှည်အသက်မွေးဝမ်းကျောင်းထိခိုက်မှု၊ လူမှုအသိုင်းအဝိုင်းပြိုကွဲမှုများကိုစီမံကိန်း၏ “ကုန်ကျစရိတ် (Cost)” အဖြစ် အသိအမှတ်မပြုခဲ့သောကြောင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများတွင် ပြန်လည်ကျဆုံးရပြန်သည်။

လူထုကို “စီမံကိန်းအကျိုးခံစားခွင့်ရှိသူများ” အဖြစ်သာမြင်ပြီး “စီမံကိန်းကြောင့်ထိခိုက်နစ်နာရသူများ” (Project – Affected Persons) ဟူ၍ သီးသန့်အကာအကွယ်ပေးရမည့်အုပ်စုအဖြစ် သတ်မှတ်ထားခြင်းမရှိခဲ့ပေ။

ဤသို့ဖြင့်စီမံကိန်းများ၏ ဘေးထွက်အကျိုးများနှင့်ကျရှုံးမှုများကို ပြန်လည်ဆန်းစစ်လာရတော့သည်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် အကောင်အထည်ဖော်ခဲ့သော ကြီးမားသည့်ရေကာတာနှင့် စိုက်ပျိုးရေးစီမံကိန်းများသည် လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကြောင့် နှောင့်နှေးခြင်း၊ ရပ်တန့်ခြင်း သို့မဟုတ် ဒေသခံများအတွက် ဆင်းရဲမွဲတေမှုပိုမိုဆိုးဝါးစေခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့ဆိုးကျိုးများက စီမံကိန်း၏စီးပွားရေးအရ အကျိုးအမြတ်ကိုပါ ထိခိုက်စေခဲ့သည်။

ကမ္ဘာတဝန်းတွင် လူ့အခွင့်အရေးလှုပ်ရှားမှုများအားကောင်းလာပြီး စီမံကိန်းကြောင့် နေရပ်စွန့်ခွာရသူများ၏ဒုက္ခများကို မီဒီယာများ၊ NGO၊ လူ့အခွင့်အရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများက အသံထွက်လာခဲ့ကြသည်။

ဥပမာ – အိန္ဒိယရှိနာရ်မာဒါ (Narmada) ရေကာတာစီမံကိန်းကဲ့သို့ ကမ္ဘာ့ဘဏ်၏ အငြင်းပွားဖွယ်ရာစီမံကိန်းအချို့သည် နိုင်ငံတကာ၏ပြင်းထန်သော ဝေဖန်မှုများကိုခံခဲ့ကြရသည်။

ဤသို့ဖြင့် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများက ပြဿနာများကို သုတေသနပြုကာ အထောက်အထားများကို ပြန်လည်ရှာဖွေလာရသည်။

မိုက်ကယ်ဆာနီးယား (Michael Cernea) ကဲ့သို့သော လူမှုဗေဒပညာရှင်များကို ကမ္ဘာ့ဘဏ်မှချဥ်းကပ်ကာ သီးခြားလွတ်လပ်သော ကွင်းဆင်းလေ့လာသုံးသပ်အဖြေရှာမှုများကို ပြုလုပ်လာရတော့သည်။

ပညာရှင်များက “အတင်းအဓမ္မပြောင်းရွှေ့ခံရသူများ၏ အသက်မွေးဝမ်းကျောင်းဆုံးရှုံးရမှုပုံစံများ” (Impoverishment Risks and Reconstruction) ကို သိပ္ပံနည်းကျလေ့လာဖော်ထုတ်ပြသနိုင်ခဲ့ကာ စီမံကိန်းတခုသည် လူမှုရေးအရပြင်ဆင်မှုမရှိပါက ရေရှည်တွင် အောင်မြင်နိုင်မည်မဟုတ်ကြောင်းကို အမြင်အမျိုးမျိုးမှအဖြေထုတ်ပေးခဲ့ပြီး ကမ္ဘာ့ဘဏ်တာဝန်ရှိသူများက ထိုအဖြေကိုလက်ခံလာရတော့ သည်။

သို့ဖြစ်၍ ကမ္ဘာဘဏ်သည် “လူမှုရေးဆိုင်ရာအကာအကွယ်” (Social Safeguards) ကို မူဝါဒ၏တစိတ်တပိုင်းအဖြစ် သတ်မှတ်လာခဲ့တော့သည်။

၁၉၈၀ ခုနှစ်တွင် ကမ္ဘာ့ဘဏ်သည် ၎င်း၏ပထမဆုံးသော Involuntary Resettlement ဆိုင်ရာမူဝါဒကို ထုတ်ပြန်ခဲ့သည်။

ထိုမူဝါဒအရ ကမ္ဘာဘဏ်၏ဖွံ့ဖြိုးရေးဆိုင်ရာစံနှုန်းတန်ဖိုးများပါ တိုးတက်ပြောင်းလဲခြင်းများဖြစ်လာခဲ့သည်။

စီမံကိန်းတခု၏အောင်မြင်မှုကို “နည်းပညာပိုင်းဆိုင်ရာပြီးမြောက်မှု” တခုတည်းဖြင့် မတိုင်းတာတော့ဘဲ “ထိခိုက်နစ်နာရသူများ၏ဘဝကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း” ကိုပါ ထည့်သွင်းတိုင်းတာလာခြင်းဖြစ်သည်။

ဤသို့ဖြင့် ကမ္ဘာကြီးရှိလူ့အဖွဲ့အစည်းများတော်တော်များများသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖွံ့ဖြိုးရေးဖြစ်စဉ်များ၌ “စီမံကိန်းဗဟိုပြု (Project – Centered)” မှ “လူသားဗဟိုပြု (People – Centered)”သို့ ကူးပြောင်းလာကြသည်။

ဤသို့ဖြင့် ကုလသမဂ္ဂ၊ ကမ္ဘာဘဏ်နှင့် အခြားနိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၏ချဉ်းကပ်ပုံမှာ “ဖွံ့ဖြိုးရေးရန်အတွက် အခြေခံအဆောက်အအုံ (Infrastructure) တည်ဆောက်ရမည်” ဆိုသည့်သဘောမှ “ဖွံ့ဖြိုးရေးဆိုသည်မှာ လူသားတို့၏ဘဝအရည်အသွေးတိုးတက်စေခြင်းလည်းဖြစ်ရမည်။” ဟူသော လမ်းကြောင်းဘက်ကိုရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံတကာစံတန်ဖိုးများတိုးတက်ဖြစ်ထွန်းမှုမှာ “အလုပ်မရှိ ကြောင်ရေချိုး” နေကြခြင်းမဟုတ်ပေ။

လူ့အဖွဲ့အစည်းအသီးသီးမှကိုယ်စားပြုသူများ စားပွဲဝိုင်းပေါ်ခေါင်းရှုပ်ခံ၍ ဆွေးနွေးနေကြခြင်းမှာ လူ့အဖွဲ့အစည်းတခုချင်းစီ၏ပြဿနာများအား ပြန်သုံးသပ်ဆန်းစစ်သင်ခန်းစာယူကာ ပိုကောင်းမွန်သောနည်းလမ်းကို ရှာကြံနေကြခြင်းဖြစ်သည်။

ထိုကောင်းမွန်သောနည်းလမ်းများကို ကမ္ဘာပေါ်ရှိ အားလုံးသောလူ့အဖွဲ့အစည်းတိုင်းမှာ သိမြင်သုံးသပ်ပိုင်ခွင့်ရှိကာ အခြားသူမှားခဲ့သောအမှားမျိုး မိမိတို့မမှားအောင်၊ မိမိတို့မှားခဲ့သောအမှားမျိုး အခြားသူများလည်းထပ်မမှားအောင်အတွက် ကြိုးစားနေကြခြင်းဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များ မတိုင်မီကာလများ၌ ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ သို့မဟုတ် အခြားနိုင်ငံတခုခုမှ ချေးငွေများဖြင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်းအသီးသီးတွင် မြေယာသိမ်းဆည်းခံရမှုပြဿနာများရှိခဲ့ကြသည်။

ထိုပြဿနာများထဲမှာ ကိစ္စရပ်အချို့အား အောက်တွင်အနည်းငယ်ဖော်ပြအပ်သည်။

အီဂျစ် – အဆွမ်ရေကာတာ (Aswan High Dam) စီမံကိန်း

၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်၊ ဇူလိုင်လတွင် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးခဲ့သည်။

၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလတွင် တရားဝင်ဖွင့်ခဲ့သည်။ ကနဦးတွင် အမေရိကန်နှင့် ဗြိတိန်တို့က ကူညီရန်ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ငြင်းပယ်ခဲ့သဖြင့် ဆိုဗီယက်ယူနီယံ (USSR) ထံမှ ငွေကြေးချေးငွေ၊ နည်းပညာနှင့် စက်ပစ္စည်းအကူအညီများဖြင့် တည်ဆောက်ခဲ့သည်။

ထိုခေတ်ကာလငွေကြေးတန်ဖိုးအရ စုစုပေါင်း အမေရိကန်ဒေါ်လာ တဘီလီယံဝန်းကျင်ကုန်ကျခဲ့သည်။

ထိုစီမံကိန်းကြောင့် နူဘီယန်လူမျိုးစုများ၏လူမှုစီးပွားအပေါ် အကြီးအကျယ်ထိခိုက်ခဲ့ကာ နူဘီယန်​ပြောင်းရွှေ့နေရာချထားမှု (Nubian Displacement) ပြဿနာကို ဖြစ်လာစေခဲ့သည်။

ရေကာတာကြောင့် နိုင်းမြစ်ဝှမ်းရှိ နူဘီယန် (Nubian) လူမျိုးစုများ၏ ရွာပေါင်းများစွာ ရေအောက်ရောက်သွားခဲ့သည်။

၎င်းတို့၏ဘိုးဘွားပိုင်မြေများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဆုံးရှုံးခဲ့ရပြီး လူပေါင်းတသိန်းကျော်ကို အတင်းအဓမ္မပြောင်းရွှေ့ပေးခဲ့ရသည်။

ထိုစဉ်က အီဂျစ်အစိုးရအနေဖြင့် နူဘီယန်လူမျိုးများ၏ယဉ်ကျေးမှုနှင့် လူမှုဘဝပြန်လည်ထူထောင်ရေးအတွက် စနစ်တကျပြင်ဆင်မှု အားနည်းခဲ့သည်။

သို့ဖြစ်၍ ယနေ့တိုင်နူဘီယန်လူမျိုးများသည် ၎င်းတို့၏မြေယာအခွင့်အရေးနှင့်ပတ်သက်၍ တောင်းဆိုမှုများရှိနေဆဲဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် – ကပ်တိုင်းဆည် (သို့မဟုတ်) ကာနာဖူလီရေအားလျှပ်စစ်စီမံကိန်း (Karnafuli Hydroelectric Project)

ဤစီမံကိန်းအား ၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ထိုအချိန်က ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်နိုင်ငံ၏တစိတ်တပိုင်း (အရှေ့ပါကစ္စတန်) ဖြစ်နေချိန်ဖြစ်ပြီး အဆိုပါစီမံကိန်းသည် ထိုဒေသ၏ အဓိကအခြေခံအဆောက်အအုံစီမံကိန်းတခုဖြစ်ခဲ့သည်။

ကပ်တိုင်းဆည်စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်သည် အဓိကငွေကြေးထောက်ပံ့သူဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှလည်း ၎င်း၏နိုင်ငံခြားရေးအကူအညီအစီအစဉ်မှတဆင့် နည်းပညာနှင့်ငွေကြေးဆိုင်ရာပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။

စီမံကိန်းကြောင့် ဂျူမား (Jumma) တိုင်းရင်းသားလူမျိုးများ၏ဘိုးဘွားပိုင်မြေဧကများစွာ ရေအောက်ရောက်ခဲ့ရပြီး လူပေါင်းတသိန်းကျော်နေရပ်စွန့်ခွာဒုက္ခသည်များဖြစ်ခဲ့ရသည်။

ထိုဖြစ်ရပ်ကြောင့် ကြီးမားသောလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတခုဖြစ်ပေါ်စေခဲ့ကာ ဂျူမားတိုင်းရင်းသားများအတွက် ထိခိုက်နာကျင်မှုများရှိခဲ့ကြသည်။

ထိုနာကြည်းချက်များက ရှန်တိဘာဟာနိလက်နက်ကိုင်ပဋိပက္ခများကို ပိုမိုအရှိန်မြင့်လာပြီး ဘင်္ဂလားဒေ့ရှ်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။

မြန်မာ – လောပိတရေအားလျှပ်စစ်စီမံကိန်း (ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း)

မြန်မာနိုင်ငံ၏သမိုင်းဝင်အကြီးဆုံးစီမံကိန်းတခုဖြစ်ပြီး လောပိတစီမံကိန်းကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ပထမအဆင့် (ဘီလူးချောင်း – ၂) ကို ၁၉၆၀ ပြည့်နှစ်တွင် စတင်လည်ပတ်နိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်နိုင်ငံ၏စစ်လျော်ကြေးငွေ (Reparations) နှင့် နည်းပညာအကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရနှင့်ကုမ္ပဏီများက စက်ပစ္စည်းကိရိယာများပံ့ပိုးပေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့သည်။

စီမံကိန်းအတွက် ရေလှောင်ကန်များနှင့် ရေသွယ်မြောင်းများတည်ဆောက်ရာတွင် ကယားပြည်အတွင်းရှိ လယ်ယာမြေဧကများစွာ ရေအောက်ရောက်ရှိခဲ့ပြီး ဒေသခံများ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်ရှိမြစ်ချောင်းများ၏ သဘာဝအတိုင်းစီးဆင်းမှုပြောင်းလဲသွားခြင်းကြောင့် ငါးဖမ်းလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို မှီခိုနေရသည့်ဒေသခံများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်။

လောပိတစီမံကိန်းသည် ကယားပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရာတွင် အဓိကအချက်အချာကျသောနေရာတခုဖြစ်ခဲ့သည်။

ထိုစီမံကိန်းကို ကာကွယ်ရန်အတွက် စစ်ရေးအရတင်းကျပ်မှုများရှိခဲ့သဖြင့် ဒေသခံများမှာအတင်းအဓမ္မပြောင်းရွှေ့ခံရခြင်း၊ လုံခြုံရေးအရကန့်သတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။

ဘရာဇီး – ဆိုဘရာဒင်ဟိုဆည်စီမံကိန်း (Sobradinho Dam Project)

စီမံကိန်းအား ၁၉၇၃ ခုနှစ်တွင် စတင်ပြီး ၁၉၇၉ ခုနှစ်တွင်ပြီးစီးခဲ့သည်။ ကမ္ဘာ့ဘဏ် (World Bank) မှ အဓိကချေးငွေပံ့ပိုးခဲ့သည်။

ဆောင်ဖရန်စစ္စကိုမြစ် (So Francisco River) ပေါ်တွင် တည်ဆောက်ခဲ့သည့် ဤရေအားလျှပ်စစ်ဆည်ကြောင့် ဧရိယာအကျယ်အဝန်း အမြောက်အမြားရေလွှမ်းခဲ့ပြီး ဒေသခံလူဦးရေခြောက်သောင်းငါးထောင်ကျော်မြေယာဆုံးရှုံးကာ အဓမ္မပြောင်းရွှေ့ခဲ့ရသည်။

ထိုနေရာချထားပေးမှု အလွန်ညံ့ဖျင်းခဲ့သဖြင့် လယ်သမားများနှင့်တိုင်းရင်းသားမျိုးနွယ်စုများ ဘဝပျက်ခဲ့ရသည့် သမိုင်းဝင်စီမံကိန်းဖြစ်သည်။

ဖိလစ်ပိုင် – ချီကိုမြစ်ဝှမ်းဆည်စီမံကိန်း (Chico River Basin Development Project)

ထိုစီမံကိန်းအား ၁၉၇၃ ခုနှစ်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ တည်ဆောက်ခဲ့ရသည်။

အာဏာရှင်လက်ထက် ကော်ဒီလဲရား (Cordillera) ဒေသတွင် ဆည်လေးခုတည်ဆောက်ရန်ကြိုးပမ်းခဲ့ရာ ကမ္ဘာ့ဘဏ်ကရန်ပုံငွေပေးခဲ့သည်။

ထိုဒေသရှိကာလင်ဂါ (Kalinga) နှင့် ဘွန်တိုခ် (Bontoc) တိုင်းရင်းသားများ၏ဘိုးဘွားပိုင်မြေများနှင့် လှေကားထစ်လယ်ယာမြေများကို အကြီးအကျယ်သိမ်းဆည်းရန်ပြင်ဆင်ခဲ့သဖြင့် လူဦးရေတသိန်းခန့်ဒုက္ခရောက်ခဲ့ကြသည်။

ဒေသခံများလက်နက်ကိုင်တော်လှန်သည်ထိ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသောကြောင့် နောက်ပိုင်းတွင်ကမ္ဘာ့ဘဏ်က စီမံကိန်းကိုဆုတ်ခွာခဲ့ရသည်။

အိန္ဒိယ – စင်ဂရောလီ ကျောက်မီးသွေးနှင့် လျှပ်စစ်စီမံကိန်း (Singrauli Power & Mining Project)

၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် တည်ဆောက်သောစီမံကိန်းဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ပထမဆုံးချေးငွေပေးအပ်ခဲ့သည်။

အိန္ဒိယအလယ်ပိုင်းရှိ ဤစွမ်းအင်ဇုန်ကြီးတည်ဆောက်မှုကြောင့် ဒေသခံလယ်သမားများနှင့် တောတောင်ကိုမှီခိုနေရသောလူမျိုးစုများ၏မြေယာများကို သိမ်းဆည်းခဲ့သည်။

အဆင့်ဆင့်တိုးချဲ့မှုများကြောင့် လူဦးရေသုံးသိန်းကျော် မြေယာမဲ့ဖြစ်ခဲ့ရပြီး လျော်ကြေးနှင့်ပြန်လည်နေရာချထားမှု မရှိသလောက်အားနည်းခဲ့ခြင်းကြောင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်စွာဝေဖန်ခြင်းကိုခံခဲ့ရသည်။

ဂါနာ – အာကိုဆွန်ဘိုဆည်စီမံကိန်း (Akosombo Dam / Volta River Project)

၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော်လည်း ၁၉၆၀ – ၇၀ ပြည့်လွန်ကာလများထိ သက်ရောက်မှုများဆက်ဖြစ်ခဲ့သည်။

ထိုစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အမေရိကန်အစိုးရနှင့် ဗြိတိန်အစိုးရပူးပေါင်းချေးငွေပေးခဲ့သည်။

ဗိုလတာမြစ်ပေါ်တွင် ဆည်တည်ဆောက်ခဲ့မှုကြောင့် ကမ္ဘာ့အကြီးဆုံးလူလုပ်ကန်ကြီး (Lake Volta) ဖြစ်ပေါ်လာပြီး ဂါနာနိုင်ငံမြေမျက်နှာပြင်၏သုံးဒဿမခြောက်ရာခိုင်နှုန်းခန့် ရေအောက်ရောက်သွားခဲ့သည်။

၎င်းကြောင့် ကျေးရွာပေါင်းခုနှစ်ရာကျော်မှ ဒေသခံလူဦးရေရှစ်သောင်းကျော် မြေယာနှင့်အိုးအိမ်များ စွန့်လွှတ်ကာ အရေးပေါ် ပြောင်းရွှေ့ခဲ့ကြရသည်။

ဤဖြစ်ရပ်များက နိုင်ငံတကာစံနှုန်းတန်ဖိုးဟူသည် ကမ္ဘာကြီး၏နေရာဒေသအသီးသီးမှလူ့အဖွဲ့အစည်းအသီးသီး ပြဿနာတခုချင်းစီအတွက် အဖြေရှာရင်းထွက်ပေါ်လာသောအရာများဖြစ်သည်။

နိုင်ငံတကာစံနှုန်းတန်ဖိုးဟူသည် မိမိတို့ရင်ဆိုင်နေသော အကျပ်အတည်းများ၊ အခက်အခဲများမှ ဝေးကွာနေသောအရာများမဟုတ်ဘဲ မိမိတို့မျက်မှောက်လက်ရှိအခက်အခဲ၊ အကျပ်အတည်းများကို သင်ခန်းစာယူစရာအပြည့်ဖြင့် ဖြေရှင်းရန်ထွက်ပေါ်လာသောအရာသာဖြစ်သည်။

ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြို့ပြစီမံကိန်းများအတွက် ကမ္ဘာဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှချမှတ်ထားသော မြေယာဆိုင်ရာစံနှုန်းများအား ဆက်ဖော်ပြပါမည်။

ဆက်ရန်…

ကိုးကား…

Our Land Thoughts – The ‘DOS’ and ‘DON’TS’ of the land acquisition processes: navigating a just path to sustainable investments
https://mcrg.ac.in/dana.htm?hl=en-GB
https://brill.com/edcollchap-oa/book/9789004729735/BP000025.xml?hl=en-GB
https://oralhistory.worldbank.org/en/archive/oralhistory/persondetail/cernea-michael
PrevPreviousAI စက်ရုပ်တွေအတွက် ကိုယ့်အလုပ်ကိုယ် ပြန်သင်ပေးနေရတဲ့ အိန္ဒိယလုပ်သားတွေ
Previous Post

AI စက်ရုပ်တွေအတွက် ကိုယ့်အလုပ်ကိုယ် ပြန်သင်ပေးနေရတဲ့ အိန္ဒိယလုပ်သားတွေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏မြေသိမ်းကျိန်စာ – ၆

June 10, 2026

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၅

June 8, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၂

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page