Border News Agency
မူတြော်၊ ဇွန် ၁၂။
မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဇွန်လ ၁၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ပေးကေးကျေးရွာအုပ်စုကိုဧပြီလ ၁၃ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ကလပ်စတာဗုံးတွေနဲ့တိုက်ခိုက်လို့ နေအိမ်၊ တဲ၊ စျေးဆိုင်နဲ့ ကွမ်းခြံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဧပြီလ ၁၄ ရက်မှာလည်း ဗုံးအလုံးရေ ၁၂၀ နဲ့တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးဒဏ်ရာရခဲ့ပြီး နေအိမ် ၂၇ လုံးအထိ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စာသင်ကျောင်း ၃ ကျောင်း၊ ဘော်ဒါဆောင်၊ ဆေးခန်း၊ ရုံးခန်းတွေအပြင် ဆိုင်ကယ်၊ ကားနဲ့ ဆန်စက်တွေအထိ ပျက်စီးခဲ့ရသလို အိမ်မွေးတိရစ္ဆာန်တွေလည်း အများအပြားသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို ရွယ်ရည်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေထိခိုက်နစ်နာနေကြရတယ်လို့ဆိုပါတယ်။


















