Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၉

Author picture

By

Saw Shin Nyo
Reading Time: 7 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇွန် ၁၅။

ကမ္ဘာ့ဘဏ်(World Bank)တွင် ပတ်ဝန်းကျင်နှင့် လူမှုရေးစံနှုန်းတွေ(ESS ၁ က ၁၀ ထိ)ကို စီမံကိန်းဖော်ဆောင်သူများမလိုက်နာ၍ ဒေသခံပြည်သူများထိ ခိုက်နစ်နာမှုရှိလာပါက တိုင်ကြားနိုင်သောယန္တရား(Grievance Redress Mechanisms)အဆင့်ဆင့်ကို ဖွဲ့စည်းထားသည်။

ကမ္ဘာ့ဘဏ်တွင်ထိုသို့တိုင်ကြားနိုင်သောအဆင့်နှစ်ဆင့်ရှိသည်။

စီမံကိန်းအဆင့်တိုင်ကြားမှုယန္တရား (Project-Level GRM)

ကမ္ဘာ့ဘဏ်၏စည်းကမ်းအရ ဘဏ်ချေးငွေဖြင့်ဆောင်ရွက်သောစီမံကိန်းတိုင်းတွင် ဒေသခံများတိုင်ကြားနိုင်သောရုံး သို့မဟုတ် စနစ် (Project-level GRM)တခု မဖြစ်မနေထားရှိရသည်။

ဒေသခံများဘက်မှ စီမံကိန်းတာဝန်ယူအကောင်အထည်ဖော်သောအစိုးရဌာန သို့မဟုတ် ကုမ္ပဏီ၏စီမံကိန်းရုံးကို တိုင်ကြားနိုင်သည်။

ထိုစီမံကိန်းအဆင့်တိုင်ကြားမှုယန္တရား (Project-Level GRM)၏ အားသာချက်မှာပြဿနာဖြစ်သောနေရာနှင့် တိုက်ရိုက်သက်ဆိုင်နေ၍ လျင်မြန်စွာအလွယ် တကူဖြေရှင်းပေးနိုင်သည်။

အားနည်းချက်မှာ တခါတရံစီမံကိန်းတာဝန်ရှိသူများဘက်မှ ဘက်လိုက်ခြင်း သို့မဟုတ် တိုင်ကြားချက်ကို လျစ်လျူရှုထားခြင်းမျိုးရှိနေတတ်သည်။

ထိုစီမံကိန်းအဆင့်(Project-level GRM)တွင် တိုင်ကြားသော်လည်း အဆင်မပြေခြင်း၊ မလုံခြုံခြင်း၊ တိုင်ကြားပါက အသက်အန္တရာယ်စိုးရိမ်ရခြင်းများရှိပါက ဝါရှင်တန်ဒီစီရှိ ကမ္ဘာ့ဘဏ်ရုံးချုပ်၏သီးခြားလွတ်လပ်သောဌာနချုပ်အဆင့်ကာကွယ်ရေးတိုင်ကြားမှုစနစ်(World Bank Accountability Mechanism)ကို တိုက်ရိုက်တိုင်ကြားနိုင်သည်။

ကမ္ဘာ့ဘဏ်ဌာနချုပ်အဆင့်ကာကွယ် ရေးတိုင်ကြားမှုစနစ်တွင် အဓိကအဖွဲ့ နှစ်ဖွဲ့ရှိသည်။

က။စစ်ဆေးရေးအဖွဲ့(The Inspection Panel)

ခ။အငြင်းပွားမှုဖြေရှင်းရေးဝန်ဆောင်မှုအဖွဲ့(Dispute Resolution Service – DRS)တို့ဖြစ်သည်။

စစ်ဆေးရေးအဖွဲ့(The Inspection Panel)မှာ ကမ္ဘာ့ဘဏ်၏စီမံခန့်ခွဲသူများနှင့် လုံးဝမပတ်သက်သောသီးခြားလွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသည့်အဖွဲ့ဖြစ်သည်။

တိုင်ကြားချက်ရောက်လာပါက ကမ္ဘာ့ဘဏ်ကိုယ်တိုင်ကွင်းဆင်း၍ချမှတ်ထားသည့်မူဝါဒများကို စီမံကိန်းတွင်လိုက်နာရန်ပျက်ကွက်ခြင်း ဟုတ်၊ မဟု တ် ဥပဒေကြောင်းအရစုံစမ်းစစ်ဆေးတော့သည်။

ပျက်ကွက်ကြောင်းတွေ့ရှိပါက ဘဏ်အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ထံ အစီရင်ခံစာတင်ပြပြီး ပြဿနာကို ပြန်လည်ကုစားရန်အစီအစဉ်(Action Plan)ဆွဲခိုင်းတော့သည်။

အငြင်းပွားမှုဖြေရှင်းရေးဝန်ဆောင်မှုအဖွဲ့(Dispute Resolution Service – DRS) မှာအပြစ်ရှာခြင်းမျိုးမဟုတ်ပေ။ ထိခိုက်နစ်နာသူဒေသခံပြည်သူများနှင့်စီမံကိန်းတာဝန်ရှိသူ အစိုးရ၊ ကုမ္ပဏီကြားတွင် ဘက်မလိုက်သောညှိနှိုင်းပေးသူ (Mediator)အဖြစ် ဆောင်ရွက်သောအဖွဲ့ဖြစ်သည်။

နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်း၍ ပြဿနာအား အဆင်ပြေပြေဖြေရှင်းနိုင်ရန် ကူညီပေးသောသဘောဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် စည်းကမ်းမလိုက်နာမှု(Non-complia nce)ရှိနေသည်ဟု စုံစမ်းမှုရလဒ်များကဖော်ပြနေပါက ကမ္ဘာ့ဘဏ်ဘက်မှအ ရေးယူမှုများကို ဆောင်ရွက်လာသည်။

  • -သတ်မှတ်ထားသောစံနှုန်းများအတိုင်း ပြန်မပြင်မချင်းစီမံကိန်းအား ချေးငွေဆက်မထုတ်ပေးတော့ဘဲ ဖြတ်တောက်ကာ ငွေထုတ်ပေးမှုယာယီဆိုင်းငံ့ခြင်း(Suspension of Disbursement)
  • -အခြေအနေအလွန်ဆိုးဝါးကာ ပြုပြင်ရန်ပျက်ကွက်နေပါက စီမံကိန်းအားလုံးဝရပ်ဆိုင်းပစ်ကာ ချေးငွေစာချုပ်ကိုဖျက်သိမ်းခြင်း(Cancellation)
  • -စည်းကမ်းမလိုက်နာသော ကန်ထရိုက်တာ သို့မဟုတ် ကုမ္ပဏီများကို နောက်နောင်ကမ္ဘာ့ဘဏ်စီမံကိန်းများတွင် ပါဝင်ခွင့်မရအောင် ပိတ်ပင်ကာနာမည်ပျက်စာရင်းသွင်းခြင်း(Blacklisting)စသည့် ပုံစံများဖြင့်အရေးယူလေ့ရှိသည်။

စံနှုန်းဖောက်ဖျက်မှုကြောင့် နိုင်ငံတကာငွေကြေး၊ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ဝင်ရောက်စွက်ဖက်အရေးယူခဲ့ရသောဖြစ်စဉ်တချို့ကို ဖော်ပြလိုက်သည်။

၁။စွမ်းအင်နှင့်ရေအားလျှပ်စစ်စီမံကိန်းများ

ကင်ညာနိုင်ငံ-အိုလကာရီယာရေနွေး ငွေ့လျှပ်စစ်စီမံကိန်း(Olkaria Geothermal Project)

၁၉၈၁ ခုနှစ်တွင် ပထမဆုံးစက်ရုံ (Olkaria I)ကို စတင်လည်ပတ်ခဲ့ပြီး နောက်ပိုင်းတွင် Olkaria II, III, IV, V စသဖြင့် အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ရာ လက်ရှိအချိန်ထိ စီမံကိန်းအသစ်များဆက်လက်တိုးချဲ့နေဆဲဖြစ်သည်။

Olkaria V အဆင့်တခုတည်းအတွက်တင် ဒေါ်လာသန်းလေးရာကျော်ကုန်ကျခဲ့သည်။

ကမ္ဘာ့ဘဏ်(World Bank)၊ဂျပန်အပြ ည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)၊ဥရောပရင်းနှီး မြှုပ်နှံမှုဘဏ်(EIB)နှင့်ကင်ညာအစိုးရ (KenGen)တို့ ပူးပေါင်း၍ ငွေကြေးအ ကူအညီပေးခဲ့သည်။

ထိုစီမံကိန်းနယ်မြေထဲတွင် မာဆိုင်း (Maasai)တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ကမ္ဘာ့ဘဏ်စံနှုန်းများနှင့်မညီဘဲ အတင်းအကျပ်ပြောင်းရွှေ့ခိုင်းခဲ့သည်။

ဒေသခံများအတွက်ပေးသောပြောင်း ရွှေ့နေရာသစ်မှာ အသက်မွေးဝမ်း ကျောင်းလုပ်ရန် အဆင်မပြေသည့်အ ပြင် သောက်သုံးရေပင်အခက်အခဲဖြစ် လာခဲ့သည်။

ဒေသခံများက ကမ္ဘာ့ဘဏ်၏သီးခြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ (Inspection Panel)ထံ တိုင်ကြားခဲ့သ ည်။

စစ်ဆေးချက်အရ စံနှုန်းများ ချိုးဖော က်ထားကြောင်း ပေါ်ပေါက်ခဲ့သဖြင့်ကမ္ဘာ့ဘဏ်က စီမံကိန်းအတွက်ပေးရန် ရန်ပုံငွေများကို ချက်ချင်းဆိုင်းငံ့ (Suspend)ပစ်လိုက်တော့သည်။

အစိုးရဘက်မှ ဒေသခံများကို စံနှုန်းအ တိုင်း အိမ်ရာ၊လမ်း၊ရေ၊မီးကောင်း ကောင်းမွန်မွန် ပြန်လည်နေရာချထားပေးပြီးမှသာ စီမံကိန်းကို ဆက်လုပ်ရန် ချေးငွေများ ပြန်လည်ပေးခဲ့သည်။

အာဂျင်တီးနားနှင့်ပါရာဂွေး-ယာစီရီတာ ရေအားလျှပ်စစ်စီမံကိန်း(Yacyret Hydroelectric Project)

၁၉၈၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ပထမဆုံးတာဘိုင် စတင်လည်ပတ်ခဲ့သည်။

ထိုစီမံကိန်းတခုလုံး ရာနှုန်းပြည့်ပြီးစီးရန် အချိန်ကြာမြင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှသာ ရေမျက်နှာပြင်အမြင့်သတ်မှတ်ချက်ကို အပြည့်အဝဖြည့်ဆည်းနိုင်ခဲ့သည်။

ကမ္ဘာ့ဘဏ်(World Bank)၊အမေရိက တိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ်(ID B)နှင့်အာဂျင်တီးနား၊ပါရာဂွေးနှစ်နိုင်ငံအစိုးရများက ငွေကြေးမတည်ခဲ့သည်။

ကနဦးခန့်မှန်းခြေထက် အဆမတန်ပိုမိုသွားခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံဝန်း ကျင်ထိရှိခဲ့သည်။

ဆည်ရေလှောင်တမံကြောင့် ပါရာဂွေးနဲ့ အာဂျင်တီးနားနယ်စပ်က လူပေါင်း ထောင်ချီမြေယာဆုံးရှုံးပြီးပြောင်းရွှေ့ခဲ့ရသည်။

ဘဏ်နှစ်ခုလုံး၏မလွှဲမရှောင်သာပြော င်းရွှေ့ခြင်း(Involuntary Resettlement)ဆိုင်ရာ စံနှုန်းများကို သေချာမလိုက်နာခဲ့ပေ။

လျော်ကြေးပေးမှုကြန့်ကြာကာလူမှုစီး ပွားဘဝ ပြန်လည်ထူထောင်ပေးမှုလ ည်းမရှိခဲ့ချေ။

ဒေသခံအဖွဲ့အစည်းများ၏ကန့်ကွက်တိုင်ကြားမှုကြောင့် ဘဏ်များမှစုံစမ်းစစ်ဆေးရေးအဖွဲ့လွတ်ကာကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုအခါစံနှုန်းများ အကြီးအကျယ်ချိုးဖောက်ထားမှုကို တွေ့လာရသည်။

ဘဏ်များက ချေးငွေအသစ် ထပ်ပေးမည့်အစီအစဉ်များကို ရပ်ဆိုင်းကာ လူထု ကို ဘဝပြန်လည်ထူထောင်ပေးရန်အစိုး ရနှစ်ခုကို ရာဇသံဖိအားပေးခဲ့ရသည်။

အကျိုးဆက်အနေဖြင့် စီမံကိန်းကြီးတခုလုံးနှစ်ပေါင်းများစွာကြန့်ကြာသွားခဲ့သည်။

ချီလီ(Chile)-ပန်ဂီ ရေအားလျှပ်စစ်ဆ ည်စီမံကိန်း(Pangue Hydroelectric Project)

၁၉၉၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပြီးစီးကာလုပ်င န်းစတင်လည်ပတ်ခဲ့သည်။

ကမ္ဘာ့ဘဏ်၏ပုဂ္ဂလိကကဏ္ဍဆိုင်ရာအ ပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပို ရေးရှင်း(IFC)နှင့်ပြည်တွင်း/ပြည်ပပုဂ္ဂ လိကရင်းနှီးမြှုပ်နှံသူများက ငွေကြေးမတည်ခဲ့သည်။

ထိုစုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၅၀ သန်းဝန်းကျင်ဖြစ်သ ည်။

ဆည်ကြောင့် ပက်ဝမ်ချီ (Pehuenche) အင်ဒီယန်းမျိုးနွယ်စုတိုင်းရင်းသားများ ၏ရိုးရာမြေယာများ ရေနစ်မြုပ်ပြီးအဓ မ္မပြောင်းရွှေ့ခံခဲ့ရသည်။

ဒေသခံများကိုပေးသော နေရာသစ်မှာ အဆင်မပြေသည့်အပြင် ဒေသခံများ ၏ရိုးရာယဉ်ကျေးမှုပါ ပျက်စီးလာခဲ့သ ည်။

နိုင်ငံတကာကန့်ကွက်မှုများကြောင့် ဘ ဏ်၏သီးခြားလွတ်လပ်သောစုံစမ်းစစ် ဆေးရေးအဖွဲ့ကို စေလွတ်ခဲ့ရာ(Jay Hair အစီရင်ခံစာ)ပေါ်ထွက်လာခဲ့သ ည်။

ထိုအစီရင်ခံစာက စီမံကိန်းတခုလုံးဘ ဏ်၏ပတ်ဝန်းကျင်နှင့်လူမှုရေးစံနှုန်းများကို အကြီးအကျယ်ချိုးဖောက်ထားသည်ကို ဖော်ပြထားသည်။

သို့ဖြစ်၍ IFC က နောက်ထပ် ထုတ်ပေးမည့်ချေးငွေကိ ချက်ချင်းရပ်ဆိုင်း လို က်ကာ စီမံကိန်းလုပ်သော ကုမ္ပဏီဘက်မှဘဏ်၏စည်းကမ်းများကို ဆက်လ က်မျက်ကွယ်ပြုနေသဖြင့် IFC က ရှယ် ယာနှင့်ရန်ပုံငွေအားလုံးကို လုံးဝရုပ်သိ မ်းသွားခဲ့သည်။

ဗီယက်နမ်နိုင်ငံ-အလယ်ပိုင်းကုန်းမြင့် ဆည်စီမံကိန်းများ(Central Highlands Hydropower Projects)

၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ၂၀၀၀ ပြည့်လွန်နှစ်များထိ ဆည်များကို ဆက် တိုက်တည်ဆောက်ခဲ့သည်။

ယာလီရေတံခွန် Yali Falls ဆည်ကို ၁၉ ၉၃ခု နှစ်မှ ၂၀၀၂ ခုနှစ်ထိတည်ဆော က်ခဲ့သည်။

ဗီယက်နမ်အစိုးရ(EVN)၏ ရန်ပုံငွေအ ပြင် ရုရှား၊ယူကရိန်းနှင့်အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊JICAတို့ထံမှ ချေးငွေနှင့် အကူအညီအချို့ရယူခဲ့သည်။

ထိုဆည်တခုချင်းစီအပေါ် မူတည်၍စု စုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီရှိခဲ့သည်။

လျှပ်စစ်ဓာတ်အားလိုင်းနှင့်ဆည်များ တည်ဆောက်ရာတွင် တိုင်းရင်းသား လူမျိုးစု(Ethnic Minorities)များ၏ မြေယာပိုင်ဆိုင်မှုအပေါ် တရားဝင် စာ ရွက်စာတမ်းမရှိဟုဆိုကာ လျော်ကြေးမပေးဘဲချန်လှပ်ထားရန်ကြိုးစားခဲ့သ ည်။

ဘဏ်ဘက်မှစံနှုန်းအတိုင်း စာရွက်စာ တမ်းမရှိသော်လည်း ထိုမြေပေါ်တွင် အ မှန်တကယ် နေထိုင်သူများကိုပါ အကာ အကွယ်ပေးရမည်ဟု အလျော့မပေးဘဲ အရေးယူရန် ပြင်ဆင်လာခဲ့သည်။

ဗီယက်နမ်အစိုးရဘက်မှ စီမံကိန်းမရပ်ဆိုင်းမခံရရန် ပြည်တွင်းမြေယာဥပဒေ (Land Law)ကိုပါ နိုင်ငံတကာစံနှုန်းများနှင့်ညှိနှိုင်းကာပြင်ဆင်ပြောင်းလဲခဲ့ရသည်။

ကိုလံဘီယာနိုင်ငံ-အီတူအန်ဂိုရေအားလျှပ်စစ်ဆည်စီမံကိန်း(Hidroituango Dam Project)

၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ဆော က်ခဲ့ပြီး တည်ဆောက်ရေးကာလအတွ င်း ၂၀၁၈ ခုနှစ်တွင် မြေပြိုမှုနှင့်ရေကြီး မှုအန္တရာယ်ကြီးများ ကြုံတွေ့ခဲ့ရသဖြင့် ကြန့်ကြာခဲ့ပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ပထမဆုံးတာဘိုင်များကို စတင်လည်ပတ်နိုင်ခဲ့ကာ လက်ရှိတွင်ဆက်လ က်အချောသတ်နေဆဲဖြစ်သည်။

အမေရိကတိုက်အချင်းချင်းဖွံ့ဖြိုးရေးဘဏ်(IDB)ချေးငွေ၊ပြည်ပစီးပွားရေးဘဏ်များနှင့်ကိုလံဘီယာအစိုးရပိုင် EPMကုမ္ပဏီတို့မှငွေကြေးစိုက်ထုတ်ခဲ့
သည်။

မတော်တဆမှုများကြောင့် ကုန်ကျစရိ တ် မြင့်တက်ခဲ့ပြီး စုစုပေါင်းကုန်ကျစ ရိတ်မှာ အမေရိကန်ဒေါ်လာငါးဘီလီယံမှခြောက်ဘီလီယံကြားရှိမည်ဟုခန့်မှ န်းရသည်။

ဆည်ရေလှောင်တမံကြောင့် မြစ်ဝှမ်းဘေး ဒေသခံလယ်သမားများ၊ရိုးရာရွှေ ကျင်လုပ်သားများ၏မြေယာများကိုသိ မ်းဆည်းခဲ့ရာ IDB စံနှုန်းအတိုင်းလျော်
ကြေးမပေးခဲ့ပေ။

ရေကြီးမှုကြောင့် ကောက်ကာ(Cauca) မြစ်ဝှမ်းတလျှောက် ဒေသခံပြည်သူထောင်ပေါင်းများစွာ အရေးပေါ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

ဒေသခံများအတွက် စနစ်တကျပြန် လ ည်နေရာချထားပေးမှု(Resettlement) မရှိ၊မြေယာနှင့်အသက်မွေးဝမ်းကျော င်းဆုံးရှုံးမှုအပေါ် ထိုက်တန်သောနစ်နာ
ကြေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိခဲ့ပေ။

ဆည်ပြိုကျနိုင်ခြေ အန္တရာယ်ကြောင့် ဒေသခံများမှာ အမြဲတမ်းထိတ်လန့်ခြောက်ခြားစွာနေထိုင်ခဲ့ရပြီး စီမံကိန်းကို ကန့်ကွက်သောတက်ကြွလှုပ်ရှားသူ များမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသ ည်။

ဒေသခံများ၊လူ့အခွင့်အရေးအဖွဲ့များမှ IDB အား တိုင်ကြားခဲ့ကြသည်။

IDBမှ ၂၀၂၁ ခုနှစ်၊အောက်တိုဘာတွင် စီမံကိန်းလုပ်ဆောင်သော Empresas Pblicas de Medelln(EPM)ကုမ္ပဏီအား ချေးယူထားငွေ ဒေါ်လာ ၄၅၀ သ န်းခန့်ကို ကြိုတင်ကာလအတွင်း အပြ ည့်အဝပြန်လည်ပေးဆပ်ရန် IDB ဘဏ်ဘက်က ဖိအားပေးကာ စီမံကိန်းမှနှုတ် ထွက်ခဲ့သည်။

ထိုစီမံကိန်းမှIDB ဘဏ်မနှုတ်ထွက်မီနှင့်နှုတ်ထွက်သည့်ကာလအတွင်းမှာ စီ မံကိန်းအကောင်အထည်ဖော်သူများကို ဒေသခံများအတွက် ပြန်လည်ကုစားရေးအစီအစဉ်(Action Plan)များ ဖိအာချမှတ်ခိုင်းကားပေးတော့သည်။

၂။အခြေခံအဆောက်အအုံနှင့်လမ်းပ န်းဆက်သွယ်ရေးစီမံကိန်း

ပါပူအာနယူးဂီနီ – ကုန်းမြင့်ဒေသ တော င်ပေါ်လမ်းမကြီးများ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း(Highlands Region Road Improvement Investment Program)

စီမံကိန်းကို ကာလအပိုင်းအခြား (Tranches)အလိုက် ၂၀၀၉ ခုနှစ် ဝန်း ကျင်တွင် စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ကျော်မှ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ထိ ဘ တ်ဂျက်အဆင့်ဆင့်ဖြင့် တည်ဆောက်ခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က အဓိကချေးငွေ ပံ့ပိုးပေးခဲ့ပြီး ပါပူအာနယူးဂီနီအစိုးရကလည်း ပူးတွဲစိုက်ထုတ်ခဲ့သည် ။

အဆင့်စုံစီမံကိန်းတခုလုံးအတွက် စုစု ပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရှိသည်။

လမ်းဘေးရှိ ရိုးရာမျိုးနွယ်စုပိုင် မြေ ယာများကို သိမ်းဆည်းသောအခါ အ စိုးရက ဒေသခံများ၏မြေယာပိုင်ဆိုင်မှုစနစ်ကို မျက်ကွယ်ပြုကာ လျော်ကြေးကိုလည်း ထိုက်ထိုက်တန်တန် မပေးခဲ့ပေ။

ဒေသခံများ၏ ကန့်ကွက်မှုကြောင့် AD B ဘက်က လမ်းခင်းသောလုပ်ငန်းစဉ်များကို ချက်ချင်းရပ်ဆိုင်းခဲ့သည်။

ပစိဖိတ်ဒေသ၏ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုကို ပြန်လည်စိစစ်ခိုင်းပြီး စံနှုန်းများအတိုင်းအကောင်အထ ည်ဖော်နိုင်ခဲ့သည်။

လူမျိုးစုများအား ပြန်လည်ကုစားမှု (Meaningful Consultation) များကိုဆောင်ရွက်ကာ လူထုနှင့်သေချာပြန်လ
ည်ညှိနှိုင်းခဲ့သည်။

လျော်ကြေးပေးအပ်ပွဲများကို ADB ကိုယ်တိုင်ကြီးကြပ်ပြီးစီမံကိန်းကို ဆက်လုပ်ခဲ့သည်။

တောင်အမေရိက(ဘရာဇီး) – ပိုလိုနိုရိုအက်စ်တေ ဒေသဖွံ့ဖြိုးရေးနှင့်လမ်းမကြီးစီမံကိန်း(Polonoroeste/ Northwest Region Development Program)

၁၉၈၁ ခုနှစ်တွင် စတင်ခဲ့ပြီး မတ်တိုဂရိုဆိုနှင့် ရိုဒိုနီးယားပြည်နယ်များကို ဆက်သွယ်မည့် BR-364 လမ်းမကြီး ကတ္တရာခင်းခြင်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် အဓိကလုပ်ဆောင်ခဲ့သည်။

ကမ္ဘာ့ဘဏ်(World Bank)မှအဓိကအမေရိကန်ဒေါ်လာ သန်းချီချေးငွေထုတ်ပေးခဲ့ပြီး ဘရာဇီးအစိုးရကပူးတွဲရန်ပုံငွေစိုက်ထုတ်သည်။

ထိုစုစုပေါင်း စီမံကိန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာတဒဿမငါး(၁.၅) ဘီလီယံဝန်းကျင်ရှိခဲ့သည်။

အမေဇုန်တောထဲ လမ်းမကြီးဖောက်ရန် အစိုးရက လမ်းဘေးဝဲယာရှိအင်ဒီယန်း(Indigenous)တိုင်းရင်းသားမြေယာများကို အကာအကွယ်မပေးဘဲ အဓမ္မသိမ်းဆည်းခြင်း၊တောခုတ်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။

နိုင်ငံတကာသဘာဝပတ်ဝန်းကျင်အဖွဲ့များနှင့်လူ့အခွင့်အရေးအဖွဲ့များကအပြ င်းအထန်ကန့်ကွက္မှုကြောင့် ၁၉၈၅ ခုနှဈတွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကိုယ်တိုင်စီမံ ကိန်းအတွက် ချေးငွေအားလုံးကို ရပ်ဆိုင်း(Freeze)လိုက်သည်။

ဤဖြစ်ရပ်မှာ ကမ္ဘာ့ဘဏ် သမိုင်းတွင် ပတ်ဝန်းကျင်နှင့်လူမှုရေးစံနှုန်းချိုးဖောက်မှုကြောင့် ချေးငွေကို ပထမဆုံးအကြိမ် ထိပ်တိုက်ဖြတ်တောက်ခဲ့သော သမိုင်းဝင်ဖြစ်ရပ်ဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြေသိမ်းခြင်းဆိုင်ရာမူဝါဒများကို ပိုမိုတင်းကျ ပ်လာခဲ့ခြင်းဖြစ်သည်။

ကာဇက်စတန်-တောင်-မြောက်လမ်းပ န်းဆက်သွယ်ရေးစင်္ကြံ စီမံကိန်း (South-West Roads Project)

၂၀၀၉ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့ပြီး ရုရှားနယ်စပ်မှ တရုတ်နယ်စပ်ထိ “Western Europe-Western China” စင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်းတခုအ ဖြစ် ၂၀၁၅-၂၀၁၆ ခုနှစ်ဝန်းကျင်တွင် အဓိကအပိုင်းများ ပြီးစီးခဲ့သည်။

ကမ္ဘာ့ဘဏ်(World Bank)ထံမှ အဓိကချေးငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အာရှဖွံ့ ဖြိုးရေးဘဏ်(ADB)နှင့် ဂျပန်အစိုးရ (JICA)တို့လည်း ပူးပေါင်းပါဝင်သည်။

ကမ္ဘာ့ဘဏ်က ပံ့ပိုးပေးသောအပိုင်းအတွက်တင် ကုန်ကျစရိတ်မှာ အမေရိက န်ဒေါ်လာ ၂.၁ ဘီလီယံကျော်ရှိသည်။

လမ်းနယ်နိမိတ်အတွင်းကျရောက်သော ဒေသခံလယ်သမားများ၊စီးပွားရေးလုပ် ငန်းရှင်များ၏မြေယာ၊အဆောက်အအုံများကို သိမ်းဆည်းသောအခါ အစိုးရက ကမ္ဘာ့ဘဏ်၏အစားထိုးစရိတ် (Replacement Cost)စံနှုန်းအတိုင်းမပေးဘဲ ဒေသတွင်း ကာလပေါက်ဈေးထက် အလွန်နည်းပါးသော လျော်ကြေးငွေကိုသာ ဖြတ်တောက်ပေးခဲ့သည်။

ထိခိုက်ခံရသူများက ကမ္ဘာ့ဘဏ်၏စုံ စမ်းစစ်ဆေးရေးအဖွဲ့( Inspection Panel)ထံ တိုင်ကြားခဲ့သည်။

ကမ္ဘာ့ဘဏ်က လမ်းပိုင်းအချို့ဖောက် လုပ်မှုကို ဆိုင်းငံ့ခိုင်းခဲ့ပြီး အစိုးရအနေဖြင့် ပြည်တွင်းမြေသိမ်းဥပဒေကိုကျော် လွန်ကာ ကမ္ဘာ့ဘဏ်စံနှုန်းအတိုင်း လျော်ကြေးငွေ ထပ်မံဖြည့်စွက်ပေးရန်အတွက် ဖိအားပေးအရေးယူခဲ့ရသည်။

ဆာမိုအာ – ကုန်းလမ်းပို့ဆောင်ရေးက ဏ္ဍတိုးတက်ရေးစီမံကိန်း(Land Transport Sector Procurement)

၂၀၀၀ ပြည့်လွန်နှစ်များ နောက်ပိုင်း ၂၀၀၇ ခုနှစ်မှစတင်ကာ ၂၀၁၀ ကျော် ကာလများထိ အဆင့်ဆင့်(Phase I, Phase II)အကောင်အထည်ဖော်ခဲ့သည်။

ကမ္ဘာ့ဘဏ်(World Bank)၏နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်း(IDA)၊ဩစ တြေးလျအစိုးရ(AusAID)နှင့်နယူးဇီလန်အစိုးရတို့မှ ငွေကြေးကူညီထောက် ပံ့ခဲ့သည်။

ထိုစီမံကိန်းပမာဏအလိုက် ကနဦးတွင် အမေရိကန်ဒေါ်လာ သန်းသုံးဆယ်မှ သန်းလေးဆယ်ကြားကုန်ကျခဲ့သည်။

ပစိဖိတ်ကျွန်းနိုင်ငံငယ်ဆာမိုအာ၏ မြေယာစနစ်မှာ ရိုးရာအကြီးအကဲများ ပိုင် ဆိုင်သော ဓလေ့ထုံးတမ်းမြေစနစ် (Customary Land)ဖြစ်သည်။

လမ်းချဲ့ရန် မြေသိမ်းသောအခါ အစိုးရက ရိုးရာအကြီးအကဲများ၊မိသားစု စုပေါင်းပိုင်ဆိုင်စနစ်များကို သေချာ ထ ည့်သွင်းမတွက်ချက်ဘဲ တရားဝင်အာ ဏာသုံးသိမ်းဆည်းရန်ကြိုးစားခဲ့သည်။

ဒေသခံများက ကမ္ဘာ့ဘဏ်၏နစ်နာမှ့တိုင်ကြားရေးစနစ် (Grievance Redress)ကို တိုင်ကြားခဲ့သည်။

ကမ္ဘာ့ဘဏ်မှစီမံကိန်း ရန်ပုံငွေကို ဆိုင်းငံ့ကာလုပ်ငန်းများကိုရပ်တန့်လိုက်သည်။

အစိုးရဘက်မှ ရိုးရာစနစ်ကို အသိအမှတ်ပြုသော မြေယာလျော်ကြေးပေးမှု မူဘောင်အသစ်(Land Acquisition Resettlement Framework) ကို ကမ္ဘာ့ဘဏ်နှင့်အတူ ပြန်လည်ရေးဆွဲပြီးမှသာ စီမံကိန်းကို ဆက်လုပ်ခွင့်ရခဲ့သည်။

ဗီယက်နမ် – ဟနွိုင်း မြို့ပြရထားလမ်းကြောင်းလိုင်း-သုံးစီမံကိန်း (Hanoi Metro Rail System Project – Line 3)

၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ဆော က်ခဲ့ပြီး နည်းပညာနှင့်မြေယာလျော်ကြေးပြဿနာများကြောင့် အကြိမ်ကြိမ်ကြန့်ကြာခဲ့ကာ မြေပေါ်ပိုင်းလမ်း ကြောင်း(Elevated section)ကို ၂၀၂၄ ခုနှစ်တွင် စတင်ပြေးဆွဲနိုင်ခဲ့သဖြင့် မြေအောက်ပိုင်းလမ်းကြောင်းများကို ဆက်လက်တည်ဆောက်ဆဲဖြစ်သည်။

ပြင်သစ်အစိုးရ၊ပြင်သစ်ဖွံ့ဖြိုးရေးအေ ဂျင်စီ(AFD)၊အာရှဖွံ့ဖြိုးရေးဘဏ်(AD B)နှင့်ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်(EI B)ထံမှချေးငွေးများရယူခဲ့ရသည်။

ကုန်ကျစရိတ်မှာ ကနဦးခန့်မှန်းချက်ထက်များစွာမြင့်တက်ခဲ့ပြီး လက်ရှိတွင်စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာတဒဿမသုံး(၁.၃)ဘီလီယံ ကျော်ရှိနေသည်။

မြေအောက်/မိုးပျံ ရထားလမ်းကြီး ဆောက်လုပ်ရာတွင် ဘူတာရုံများဆောက်ရန် မြို့လယ်ကောင်ရှိ ဒေသခံပြည်သူများ၏အိုးအိမ်နှင့်ဆိုင်ခန်းမြေနေရာများကို သိမ်းဆည်းခဲ့သည်။

ဗီယက်နမ်အစိုးရ၏မြေယာလျော်ကြေးပေးမှုမှာ ADB၏စံနှုန်းနှင့်မကိုက်ညီပေ။

ဆိုင်ခန်းပိုင်ရှင်များအား နေရာရွှေ့ပြောင်းခိုင်းရာတွင် အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ပေးမှု (Income Restoration)အပိုင်းတွင် စံနှုန်းအတိုင်း မလုပ်ဆောင်ခဲ့ပေ။

နစ်နာသူများကADB၏နစ်နာမှုတိုင်ကြားရေးစနစ်(Accountability Mechanism)ထံ တိုင်ကြားခဲ့သည်။ ADBက ချေးငွေထုတ်ပေးမှုကို ခေတ္တဆိုင်းငံ့လိုက်သည်။

ထို့နောက် ADB က အစိုးရကို ဒေသခံများ၏နစ်နာမှုများအတွက်”ပြုပြင်ပြင် ဆင်ရေးလုပ်ငန်းစီမံချက်” Corrective Action Plan)ကို မဖြစ်မနေရေးဆွဲခိုင်းပြီး စံနှုန်းအတိုင်း လျော်ကြေးငွေထပ်မံဖြည့်စွက်ပေးခြင်းနှင့်စီးပွားရေးပြန်လည်ထူထောင်ပေးခြင်းများကို မျက်ခြေမပြတ်စောင့်ကြည့်ပြီးမှသာ စီမံကိန်းကို ရှေ့ဆက်ခွင့်ပြုခဲ့သည်။

၃။သဘာဝပတ်ဝန်းကျင်နှင့်မြို့ပြပြောင်းရွှေ့နေရာချထားရေးစီမံကိန်းများ

အိန္ဒိယနိုင်ငံ-နာမာဒါမြစ်ဝှမ်းဆည်စီမံကိန်း(Sardar Sarovar – Narmada Dam Project)

၁၉၈၇ ခုနှစ်တွင် ပန္နက်ရိုက် စတင်တည်ဆောက်ခဲ့သော်လည်း ဒေသခံများပြောင်းရွှေ့ရမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ကန့်ကွက်မှုများ၊တရားရုံးအငြင်းပွားမှုများကြောင့် ဆယ်စုနှစ်ချီကြန့်ကြာခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင်မှ ဝန်ကြီးချုပ်မိုဒီက တရားဝင်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ငွေကြေးအကူအညီကို ကနဦးတွင် ကမ္ဘာ့ဘဏ်က ကူညီရန် သဘောတူခဲ့သည်။

ထိုဆည်ဆောက်ရန် ဒေသခံတိုင်းရင်း သားသောင်းချီကာ ၎င်းတို့၏မြေယာကို ဆုံးရှုံးခဲ့ကြရသော်လည်း သေချာစနစ်တကျပြန်လည်နေရာချထားရေး အစီအစဉ်ထွက်ပေါ်မလာခဲ့ပေ။

ဤသို့ဖြင့် ပြဿနာများဖြစ်ပွားလာခဲ့သည်။

ကမ္ဘာ့ဘဏ်က ခန့်အပ်ထားသော သီးခြားလွတ်လပ်သောကော်မရှင်(Morse Commission)က စစ်ဆေးချက်တွင် စံနှုန်းများကို အစိုးရကော ဘဏ်ကိုယ်တိုင်ပါ ချိုးဖောက်ခဲ့သည်ကို တွေ့ရသည်။

ဘဏ်က ချေးငွေများကို ရပ်ဆိုင်းရန်ပြင်ဆင်သောအခါ အိန္ဒိယအစိုးရက အရှက်ရပြီး ကမ္ဘာ့ဘဏ်ဆီကချေးငွေကျန်ရှိသမျှကို ပယ်ဖျက်လိုက်သည်။

လူ့အခွင့်အရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့် ၁၉၉၃ တွင် ကမ္ဘာ့ဘဏ်နုတ်ထွက်သွားခဲ့သဖြင့် အိန္ဒိယအစိုးရနှင့်ပြည်နယ်အစိုးရများက ကိုယ် ပိုင်ဘတ်ဂျက်ဖြင့် ဆက်လက်ရုန်းကန်ကာတည်ဆောက်ခဲ့ရကာ အခက်အခဲများ လူမှုရေးမတည်ငြိမ်မှုများက ရှိနေခဲ့သည်။

ထိုစုစုပေါင်း စီမံကိန်းကုန်ကျစရိတ်မှာ ရူပီးငွေဘီလီယံချီ(ခန့်မှန်းခြေအမေရိကန်ဒေါ်လာရှစ်ဘီလီယံနီးပါး)ရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ – ဘိုးအန်ကတ် ကန်ဧရိယာ စီမံကိန်း (Boeung Kak Lake Resettlement)

၂၀၀၇ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရက ပုဂ္ဂလိကကုမ္ပဏီတခုအား ကန်ဧရိယာကိုမြေဖို့ပြီး မြို့ပြဖော်ဆောင်ရန် နှစ် ၉၉ နှစ် ဂရန်ပေးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်မြေဖို့ခဲ့ရာ ဒေသခံများအဓမ္မပြောင်းရွှေ့ခံခဲ့ကြရသည်။

ထိုစီမံကိန်းအား ကမ္ဘာ့ဘဏ်၏ မြေယာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အစိုးရနှင့် ကုမ္ပဏီက ကန်ဘေးရှိ အိမ်ခြေလေးထောင်ကျော်(လူဦးရေနှစ်သောင်းနီးပါး)ကို ကမ္ဘာ့ဘဏ်၏ ESS စံနှုန်းအတိုင်းမဟုတ်ဘဲ အတင်းအကျပ်အိမ်ဖျက်ခိုင်းကာလျော်ကြေးအနည်းငယ်ဖြင့် မောင်းထုတ်ခဲ့သည်။

သို့ဖြင့်၍ ၂၀၁၀ ပြည့်လွန်ကာလများထိ အငြင်းပွားမှုများပြင်းထန်နေခဲ့သည်။

ကမ္ဘောဒီးယားအာဏာရပါတီနှင့်နီးစပ်သော Shukaku Inc. ပုဂ္ဂလိကကုမ္ပဏီနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့အချို့က ငွေကြေးစိုက်ထုတ်ကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က ဒေသခံများနေရာချထားရေးအတွက် အကူအညီပေးရန် ကြိုးပမ်းခဲ့သည်။

ကမ္ဘောဒီးယားအစိုးရဘက်မှမြေသိမ်းခံရသော ဒေသခံများနှင့်ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးမှု မရှိမချင်း ကမ္ဘောဒီးယားနိုင်ငံအတွက်ပေးမည့် ကမ္ဘာ့ဘ ဏ်၏ အခြားချေးငွေသစ်အားလုံးကို လုံးဝရပ်ဆိုင်းကြောင်း၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌကိုယ်တိုင်က ကြေ ညာခဲ့သည်။

ကနဦး မြေငှားရမ်းခ သဘောတူညီချက်မှာ အမေရိကန်ဒေါ်လာ ၇၉ သန်း မျှသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် မြို့ပြစီမံကိန်း ဖွံ့ဖြိုးရေးကုန်ကျစရိတ်များ ထပ်မံရှိခဲ့သည်။

ကမ္ဘာ့ဘဏ်၏ဒဏ်ခတ်မှုကြောင့် အစိုး ရမှာ ဖိအားကျရောက်ခဲ့ရပြီးနောက်ဆုံးတွင် ဒေသခံအချို့ကို မြေကွက်ပြန်ပေးပြီး တရားဝင်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ထုတ်ပေးခဲ့ရတော့သည်။

ဥဇဘက်ကစ္စတန် – ရေရှည်တည်တံ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံ ကိန်း (Sustainable Rural Development Project)

၂၀၂၁-၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့ပြီး အစိုးရ၏ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး မူဝါဒအရ ၂၀၂၅- ၂၀၂၆ ခုနှစ်ထိ အဆင့်ဆင့် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသော စီမံကိန်းဖြစ်သည်။

အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်(IsDB)နှင့်အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ (IFAD)တို့မှ အဓိကချေးငွေနှင့်ထောက်ပံ့ငွေပေးခဲ့သည်။

ထိုကုန်ကျစာရိတ် ရန်ပုံငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းသုံးရာကျော် (ခန့်မှန်းခြေ ဒေါ်လာ ၃၃၈ သန်းဝန်း ကျင်)လျာထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ရန်ပုံငွေပေးထားသော ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဒေသခံလယ်သမားများ၏မြေယာများကို လျော်ကြေးစန စ်တကျမပေးဘဲ သိမ်းဆည်းခဲ့သည်။

အစိုးရက စိုက်ပျိုးမြေများကို အတင်းအကျပ် ပြန်လည်သိမ်းယူကာ တခြားသီးနှံများစိုက်ပျိုးခိုင်းခဲ့သည်။

ဒေသခံများက ADB တိုင်ကြားစာန္တရား (Accountability Mechanism)ထံတိုင်ကြားခဲ့သည်။

ADBက စီမံကိန်းရန်ပုံငွေအချို့ကို ချက်ချင်းဆိုင်းငံ့ခဲ့ပြီး အစိုးရဘက်မှမြေသိမ်းခံရသူများကို စံနှုန်းအတိုင်းအစားထိုးမြေ သို့မဟုတ် လျော်ကြေးအပြည့်အဝပြန်ပေးရန်ဖိအားပေးဖြေရှင်းခိုင်းခဲ့သည်။

PrevPreviousမီဇိုရမ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့အတူ လူတဦး ဖမ်းဆီးရမိ
Nextမလေးရှားမှာ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ၃၆ ဦး နေရပ်ပြန်ပို့Next
Previous Post

မီဇိုရမ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့အတူ လူတဦး ဖမ်းဆီးရမိ

Next Post

မလေးရှားမှာ မြန်မာ ၁၀ ဦး ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ၃၆ ဦး နေရပ်ပြန်ပို့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မီဇိုရမ်မှာ ဖောက်ခွဲရေးပစ္စည်းနဲ့အတူ လူတဦး ဖမ်းဆီးရမိ

June 15, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကို ခရီးစတင်သွားရောက်

June 15, 2026

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေလုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် ၁၀ မျိုးထုတ်ပြန်

June 15, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

ရာဇဂြိုဟ်တမံကိုအာဏာသိမ်းစစ်တပ် ပြန်လည်ထိန်းချုပ်

June 15, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page