Border News Agency
ပင်လောင်း၊ဇွန် ၂၀။
ရှမ်းပြည် တောင်ပိုင်း၊ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က ပြင်ဆောင်ကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီ ပြင်ဆောင်ကျေးရွာကို ဇွန်လ ၁၈ ရက်၊ ည ၁၁ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့ ဗုံးအလုံးလေးဆယ်ကျော်နဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခဲ့တာကြောင့် ပြင်ဆောင်ကျေးရွာမှ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတဦးဒဏ်ရာရသွားခဲ့ပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကချင်ပြည်၊ဖားကန့်မြို့နယ်၊ဆိုင်းတောင်ကျေးရွာကိုလည်း ဇွန်လ ၁၉ ရက်၊ နေ့လည် ၁၂ နာရီအချိန်ခန့်က ဗျူဟာကုန်းရှိအာဏာသိမ်းစစ်တပ်မှလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသားနှစ်ဦးဒဏ်ရာရသွားခဲ့ပြီး တဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။





















