Border News Agency
ကလေး၊ ဇွန် ၂၅။
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ တော်လှန်ပြည်သူတွေမှ အလံမလိပ်အသံမတိတ်လူထုလှုပ်ရှားမှုကို ဇွန်လ ၂၄ရက်၊ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှဦးဆောင်ပြီး ဒေသခံတော်လှန်ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်မှန်သမျှကျဆုံးရေး အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊စစ်အာဏာရှင်စနစ်ကိုကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ပြီး တော်လှန်ရေးမီးစာအမြင့်ဆုံးသို့မြှင့်တင်ကာရရာကဏ္ဍနည်းလမ်းမှပါဝင်တိုက်ပွဲဝင်ပေးကြဖို့ အသိပေးထားပါတယ်။



















