Border News Agency
မုံရွာ၊ ဇူလိုင် ၅။
ချင်းတွင်းမြစ်အတိုင်းလာတဲ့ စစ်ရေယာဉ်လေးဆယ်ခြောက်စီးဟာ ဇူလိုင်လ ၄ ရက်နေ့က မုံရွာမြို့အလုံနဲ့ မင်းဒေါင့်ဆိပ်ကမ်းရောက်လာပါတယ်။
အဲဒီမှာစစ်သင်္ဘောခြောက်စီးနဲ့ ကုန်တင်သင်္ဘောအစီးလေးဆယ်ပါပြီး ဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကာကွယ်ဖို့အတွက် ပစ္စည်းတွေကို ပိုက်ကွန်တွေနဲ့ဖုံးအုပ်ထားပါတယ်။
အဲဒီရေယာဉ်တွေပေါ်မှာ ဝမ်ပေါင်ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေအပြင် အသစ်သင်တန်းဆင်းထားတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်အများအပြားပါလာပါတယ်။
အဲဒီအပြင်အထက်ကိုဆက်ထွက်မယ့် ရေယာဉ်တန်းပေါ်မှာ မုံရွာမြို့က ပြောင်းမယ့်နိုင်ငံ့ဝန်ထမ်းတချို့လည်း တပါတည်းတင်သွားဖို့ရှိနေပါတယ်။
အဲဒီရေယာဉ်စုဟာ မုံရွာဆိပ်ကမ်းတွေမှာ ခေတ္တဆိုက်ကပ်ထားပြီး ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေဆီ ဆက်ထွက်ဖို့ပြင်နေပါတယ်။





































