Border News Agency
မင်းပြား၊ ဇူလိုင် ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဇူလိုင်လ ၉ ရက်၊ ဒီနေ့ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
အဲဒီလမ်းမတွေနဲ့နေအိမ်တွေ ရေနစ်နေပြီး ဒေသခံပြည်သူတွေ သွားလာရေးအခက်အခဲဖြစ်နေကြသလို မိုးဆက်ရွာနေတာမို့ ရေထပ်တက်လာမှာကို စိုးရိမ်နေကြရပါတယ်။
အဲဒီအပြင် ဒေသတွင်းမှာရေကြီးမှုအခြေအနေဟာ အမြင့်ဆုံးအနီရောင်အဆင့်ထိရောက်လာနိုင်တယ်လို့ သတိပေးချက်တွေထွက်ထားတာမို့ ရေဘေးအန္တရာယ်ကို အထူးသတိထားကြဖို့လိုအပ်နေပါတယ်။


















