Border News Agency
ဂွ၊ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဂွမြို့နယ်ကို ဇူလိုင်လဆယ်ရက်၊ဒီနေ့မနက်ဆယ်နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သုံးဦးသေဆုံးသွားပါတယ်။
အဲဒီဂွမြို့နယ်၊ဓနိအုပ်စု၊ကုလားချောင်းရွာကအသက်သုံးနှစ်အရွယ်ဖိုးသားလေး၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးညွန့်မောင်၊အသက်ငါးဆယ်ခုနှစ်အရွယ်ဒေါ်မမလေးသေဆုံးသွားပါတယ်။
အဲဒီအပြင်နောက်ထပ်နှစ်ဦးလည်းဒဏ်ရာပြင်းထန်းစွာရသွားခဲ့သလို ဒေသခံစိုးရိမ်နေကြပါတယ်။
အဲဒီဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်နေပါတယ်။
အဲဒီဂွမြို့နယ်ကို ဇူလိုင်လခုနှစ်ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးတွေပစ်ခတ်လို့အရပ်သားခြောက်ဦးဒဏ်ရာရသွားပါတယ်။















