Border News Agency
မင်းပြား၊ ဇူလိုင် ၁၆။
မင်းပြားမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဒဏ် ခံနေရတဲ့ ဒေသခံတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။
အဲဒီမင်းပြားမြို့နယ်ထဲက ရွာအများအပြားမှာ ဇူလိုင်လ ၁ ရက်နေ့ကတည်းကမိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ရေနစ်မြုပ်တာတွေရှိခဲ့ပါတယ်။
အဲဒီထဲက ပြင်ယောင်းရွာအပါအဝင် ရေဘေးသင့်ကျေးရွာတချို့ဆီ သွားရောက်ကာ ဆေးကုသပေးခဲ့သလိုသောက်သုံးရေတွေကိုပါလှူဒါန်းခဲ့ပါတယ်။
အာရက္ခအစိုးရအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေကို အချိန်နဲ့တပြေးညီ လုပ်ဆောင်ပေးနေသလို ရေပြန်ကျသွားတဲ့အခါမှာလည်း ဒေသခံတွေနဲ့ပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပါ လုပ်ဆောင်နေကြပါတယ်။






















