Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး သတင်း

ဆလဗ်တွေကြားမှာ ရောမအနွယ်စုတွေ ပြန်ပေါင်းကြမလား

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

​Border News Agency
ရှရှား၊ဇူလိုင် ၁၈။

​မော်လ်ဒိုဗာနဲ့ရိုမေနီးယားပြန်လည်ပေါ င်းစည်းမှုဟာ နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့လူထုကြားထဲမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေတယ်လို့ ဥရောပရေးရာမူဝါဒသုံးသပ်ရေးစင်တာ (Center for European Policy Analysis)ဆောင်းပါးရှင် အယ်လီဆန်မူလာ (Alison Mutler)ကဆိုပါတယ်။

​ဒါဟာ မော်လ်ဒိုဗာ လွတ်လပ်ရေးရပြီးနောက်ပြန်ပေါင်းထုတ်ခန်းအတွက် ရင်ခုန်သံအမြန်ဆုံးအချိန်တွေလည်းဖြစ်ပါတယ်။

​၁၉၉၁ ခုနှစ်၊ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကျတော့ မော်လ်ဒိုဗာဟာလွတ် လပ်တဲ့သမ္မတနိုင်ငံ(Republic of Moldova)ဖြစ်လာပါတယ်။

​အဲဒီအချိန်က မော်လ်ဒိုဗာမှာ ရိုမေနီးယားနဲ့ပေါင်းစည်းမလား။ သီးခြားခွဲနေမလားဆိုတဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရတာပါ။

​ဆလဗ်တွေကြားက ရောမအနွယ်ဝင်တွေ သွေးစကားပြောခြင်း

​မော်လ်ဒိုဗာရော ရိုမေးနီးယားတို့ပါ ရောမအနွယ်တွေနဲ့ဒါစီယန် (Dacians) ဒေသခံလူမျိုးစုတွေ ကြားသွေးနှောပြီး ဆင်းသက်လာကြတဲ့သူတွေပါ။

အေဒီ ၁၀၆ လောက်မှာ ရောမအင်ပါယာရဲ့နာမည်ကြီး ဧကရာဇ်ထရေဂျန် (Trajan)က ဒေရှန်နယ်မြေကို စစ်တိုက်ပြီး ရောမအင်ပါယာရဲ့ဒါစီယာပြည်န ယ်အဖြစ် သတ်မှတ်သိမ်းပိုက်ခဲ့ပါတယ် ။

​အဲဒီနောက်မှာ မော်လ်ဒိုဗာနဲ့ ရိုမေးနီးယားအနွယ်ဖြစ်လာခဲ့တာပါ။​

“ရိုမေးနီးယား” (Romania) ဆိုတဲ့ နိုင်ငံအမည်ဟာ ရောမ (Rome) ကနေပြီး တိုက်ရိုက်ဆင်းသက်လာတာပါ။

​လက်တင်ဘာသာစကား “Romanus” ဟာ”ရောမမြေကလူတွေ”လို့ တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်။

​ဥရောပတိုက်အလယ်ပိုင်းနဲ့အရှေ့ပိုင်းက ဆလဗ်(Slavic)လူမျိုးတွေကြားထဲမှာ သူတို့တနိုင်ငံတည်းကပဲ ရောမအ ဆက်အနွယ်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်။

​၁၉၈၉ ခုနှစ်၊ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးမှာ မော်လ်ဒိုဗာက ရိုမေးနီးယားဘာသာစကားကို ရုံးသုံးဘာသာစ ကားအဖြစ် ပြန်သတ်မှတ်လိုက်ပြီး ရိုမေးနီးယားနိုင်ငံနဲ့ပူးပေါင်းဖို့ ကြိုးစားလာပါတယ်။

​ဒါကို ထရန်စနစ္စတီးရီးယား (Transnistria)မှာရှိတဲ့ ဆလဗ်အနွယ်ဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းလူမျိုးစုတွေက သူတို့ရဲ့သရုပ်လက္ခဏာတွေ ပျောက်ဆုံးမှာ အပြင်းအထန် စိုးရိမ်ခဲ့ကြပြန်ပါတယ်။

​ထရန်စနစ္စတီးရီးယားဟာ ၁၉၉၀ ပြည့်နှစ်မှာ မော်လ်ဒိုဗာကနေ ခွဲထွက်ကြောင်း တဖက်သတ်ကြေညာခဲ့ပါတယ်။

အဲ​ဒီတော့ မော်လ်ဒိုဗာနဲ့ ရိုမေနီးယားကြားက သမိုင်းကြောင်းကို နားလည်ဖို့အတွက် မော်လ်ဒိုဗာနဲ့ ရိုမေနီးယားကြားက အဆက်အစပ်၊မော်လ်ဒိုဗာထဲက ထရန်စနစ္စတီးရီးယား (Transnistria) နဲ့ ဂါဂေါင်ဇီးယား (Gagauzia) ဒေသတွေရဲ့ အဆက်အစပ်တွေကို နားလည်ဖို့လိုလာပါတယ်။

​မော်လ်ဒိုဗာနဲ့ရိုမေနီးယားကြားက အဆက်အစပ်

​သမိုင်းကြောင်းအရ မော်လ်ဒိုဗာနိုင်ငံရဲ့ နယ်မြေအများစုဟာ မူလကရိုမေးနီးယားရဲ့နယ်မြေတွေဖြစ်ခဲ့တာပါ။

​၁၄ ရာစုတုန်းက ရိုမေးနီးယားတွေ နေထိုင်ကြတဲ့ မော်လ်ဒေးဗီးယားမင်းသားနယ်မြေ(Principality of Moldavia)မှာ ဝေါ့လဲချား(Wallachia)၊ထရန်ဆီဗေးနီးယား (Transylvania)နဲ့မော်လ်ဒေးဗီးယား (Moldavia)ပါဝင်ပါတယ်။

​မော်လ်ဒေးဗီးယားနယ်မြေဟာ အရှေ့ဘက်ခြမ်း (ယနေ့ခေတ် မော်လ်ဒိုဗာနိုင်ငံဖြစ်လာမည့်နေရာ) နဲ့ အနောက်ဘက်ခြမ်း (ယနေ့ခေတ် ရိုမေးနီးယားနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသ) နှစ်ခုစလုံးပါဝင်တဲ့ နယ်မြေအကျယ်ကြီးပါ။

​၁၈၁၂ ခုနှစ်မှာ ရုရှားအင်ပါယာက အော်တိုမန်အင်ပါယာကို စစ်နိုင်ပြီး မော်လ်ဒေးဗီးယားနယ်မြေရဲ့ အရှေ့ဘက်ခြမ်း နက်စတာ (Dniester) မြစ်နဲ့ ပရုမြစ်ကြားက ခုမော်လ်ဒိုဗာနိုင်ငံဖြစ်လာမယ့်နေရာကို သိမ်းယူသွားခဲ့ပါတယ်။

အဲ​ဒါဟာ မော်လ်ဒိုဗာနဲ့ ရိုမေးနီးယားကို ပထမအကြိမ် ပိုင်းခြားခံရတာပါပဲ။

ရုရှားက သူသိမ်းသွားတဲ့နေရာကို “ဘက်စ်စာရာဘီးယား” (Bessarabia) လို့ နာမည်ပေးခဲ့ပါတယ်။

​”ဘက်စ်စာရာဘီးယား”ကို ရုရှားအင်ပါယာက ယူသွားတော့ ကျန်ခဲ့တဲ့ မော်လ်ဒေးဗီးယားရဲ့ အနောက်ဘက်ခြမ်းက ဝေါ့လဲချားနယ်မြေနဲ့ ပူးပေါင်းပြီး ၁၈၅၉ ခုနှစ်မှာ “ရိုမေးနီးယားနိုင်ငံ” ဆိုပြီး ပထမဆုံး စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

​ပထမကမ္ဘာစစ်အပြီး ၁၉၁၈ ခုနှစ်မှာ ရုရှားအင်ပါယာ ပြိုကွဲသွားတဲ့အခါ ရုရှားလက်အောက်ရောက်နေတဲ့ ဘက်စ်စာရာဘီးယား (မော်လ်ဒိုဗာ) နယ်မြေဟာ ရိုမေးနီးယားနိုင်ငံနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

​မော်လ်ဒိုဗာဟာ အဲဒီအချိန်တုန်းက ရိုမေးနီးယားရဲ့ ပြည်နယ်အဖြစ် တရားဝင်တည်ရှိခဲ့ပြီး ဒါကို သမိုင်းမှာ “မဟာရိုမေးနီးယားခေတ်” (Greater Romania) လို့ ခေါ်ကြပါတယ်။

​ဒုတိယကမ္ဘာစစ်အတွင်းမှာ ၁၉၄၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ (USSR) ရဲ့ အာဏာရှင်စတာလင်က ရိုမေးနီးယားကို ခြိမ်းခြောက်ပြီး မော်လ်ဒိုဗာ (ဘက်စ်စာရာဘီးယား) နယ်မြေကို အတင်းအဓမ္မ သိမ်းယူလိုက်ပါတယ်။

​ဆိုဗီယက်က အဲဒီနယ်မြေကို ရိုမေးနီးယားနဲ့ လုံးဝကွဲပြားသွားအောင် သွေးခွဲတဲ့အနေနဲ့ မော်လ်ဒိုဗာ ဆိုဗီယက်ပြည်န ယ်အဖြစ် သီးခြားဖွဲ့စည်းလိုက်ပါတယ်။

​ဘာသာစကားချင်း အတူတူပဲဖြစ်တာကို လူမျိုးမတူသယောင်ဖြစ်အောင် ရိုမေးနီးယားစာရေးထုံး (Latin အက္ခရာ) အစား ရုရှားစာရေးထုံး(Cyrillic အက္ခရာ)သုံးဖို့ အတင်းအကျပ် ပြောင်းလဲခိုင်းခဲ့ပါတယ်။

​ရုရှားနဲ့ ယူကရိန်းလူမျိုး အများအပြားကို မော်လ်ဒိုဗာထဲ ပြောင်းရွှေ့အခြေချစေခဲ့ပါတယ်။

​ရုရှားနဲ့ ယူကရိန်းဟာ ထရန်စနစ္စတီးရီးယား (Transnistria) ဒေသမှာ အခြေချကြတာပါ။

​၁၉၁၁ ခုနှစ်၊ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတဲ့အခါ အဲဒီ ဆလဗ်အနွယ်တွေကြောင့်ပဲ မော်လ်ဒိုဗာဟာ ရိုမေးနီးယားနဲ့ ပြန်မပေါင်းတော့ဘဲ သီးခြားလွတ်လပ်တဲ့ မော်လ်ဒိုဗာသမ္မတနိုင်ငံ(Republic of Moldova)အဖြစ်လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။

​ဒါပေမယ့်လည်း မော်လ်ဒိုဗာနိုင်ငံသားအများစုဟာ ရိုမေးနီးယားနိုင်ငံသားအဖြစ်ပါ နိုင်ငံကူးလက်မှတ်နှစ်ခုစလုံး လျှောက်ထားပိုင်ဆိုင်ခွင့် ရနေကြပါတယ်။

​မော်လ်ဒိုဗာ ထဲက ထရန်စနစ္စတီးရီးယား (Transnistria) နဲ့ ဂါဂေါင်ဇီးယား (Gagauzia)ဒေသတွေရဲ့အဆက်အစပ်​ထရန်စနစ္စတီးရီးယား (Transnistria) နဲ့ ဂါဂေါင်ဇီးယား (Gagauzia) ဒေသနှစ်ခုစလုံးဟာ မော်လ်ဒိုဗာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာရှိပေမယ့် သမိုင်းကြောင်း၊လူမျိုး စုနဲ့ နောက်ခံနိုင်ငံရေးတွေ မတူညီကြပါဘူး။

​ထရန်စနစ္စတီးရီးယား (Transnistria)​

ထရန်စနစ္စတီးရီးယားဟာ မော်လ်ဒိုဗာနိုင်ငံအရှေ့ဘက်၊ နက်စတာ (Dniester) မြစ်နဲ့ ယူကရိန်းနိုင်ငံ နယ်စပ်ကြားမှာရှိတဲ့ မြေပြန့်ကုန်းကွက်ကျဉ်းကျဉ်းလေး ဖြစ်ပါတယ်။

​ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဒီဒေသဟာ ယူကရိန်း(ဆိုဗီယက်)ရဲ့ အစိတ်အပိုင်ဖြစ်ခဲ့ပြီး ရုရှားနဲ့ ယူကရိန်းလူမျိုး အများအပြား အခြေချနေထိုင်ခဲ့ကြပါတယ်။

​ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်က မော်လ်ဒိုဗာကို သိမ်းယူပြီး “မော်လ်ဒိုဗာ ဆိုဗီယက်ပြည်နယ်” အဖြစ် ဖွဲ့စည်းတဲ့အခါ ထရန်စနစ္စတီးရီးယားဒေသကိုပါ ပူးပေါင်းထည့်သွင်းပေးခဲ့ပါတယ်။

​၁၉၈၉ ခုနှစ်၊ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန်မှာ မော်လ်ဒိုဗာက ရိုမေးနီးယားဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်လိုက်ပြီး ရိုမေးနီးယားနိုင်ငံနဲ့ပူးပေါင်းဖို့ ကြိုးစားလာပါတယ်။

အဲ​ဒါကို ထရန်စနစ္စတီးရီးယားက ဆလဗ်အနွယ်တွေ ဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းလူမျိုးစုတွေက အပြင်းအထန် စိုးရိမ်ပြီး ၁၉၉၀ ပြည့်နှစ်မှာ မော်လ်ဒိုဗာကနေ ခွဲထွက်ကြောင်း တဖက်သတ် ကြေညာခဲ့ပါတယ်။

​၁၉၉၂ ခုနှစ်မှာ မော်လ်ဒိုဗာတပ်ဖွဲ့တွေနဲ့ ထရန်စနစ္စတီးရီးယား ခွဲထွက်ရေးသမားတွေကြား စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။

​ရုရှားတပ်မတော်က ခွဲထွက်ရေးသမားတွေဘက်ကပါဝင်ကူညီခဲ့တာကြောင့် မော်လ်ဒိုဗာအစိုးရရှုံးနိမ့်ပြီး အပစ်ရပ်စဲရေလက်မှတ်ထိုးခဲ့ရပါတယ်။

​လက်ရှိမှာတော့ ထရန်စနစ္စတီးရီးယားဟာ ကိုယ်ပိုင်အစိုးရ၊စစ်တပ်၊ငွေကြေးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သီးခြားလွ တ်လပ်တဲ့နိုင်ငံလို ရပ်တည်နေပါတယ်။

​ဒါပေမယ့် ကုလသမဂ္ဂအပါအဝင် ဘယ်နိုင်ငံကမှ သူ့ကို တရားဝင်နိုင်ငံအဖြစ် အသိမှတ်မပြုထားပါဘူး။

​ရုရှားကိုယ်တိုင်လည်း တရားဝင်အသိအမှတ်ပြုသလိုလို မပြုသလိုလိုနဲ့ နိုင်ငံရေးကစားထားပါတယ်။

​အဲဒီအပြင် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ အင်အား ၁,၅၀၀ ခန့်ဟာ ဒီနေ့ထိ ထရန်စနစ္စတီးရီးယားမှာ အခြေစိုက်နေဆဲဖြစ်ပါတယ်။

​ဂါဂေါင်ဇီးယား (Gagauzia)

​တူရကီ (Turkic) အနွယ် ရှေးရိုးစွဲ ခရစ်ယာန်တွေဖြစ်တဲ့ ဂါဂေါင်ဇီးယားဟာလည်း မော်လ်ဒိုဗာအတွက် တမျိုးတဘာသာပါ။

​ဂါဂေါင်ဇ် (Gagauz) လူမျိုးစုတွေဟာ မော်လ်ဒိုဗာနိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာရှိပြီး ဟိုတကွက် ဒီတကွက် ပြန့်ကျဲနေထိုင်ကြကာ ပထဝီဝင်အရတဆက်တည်းမဟုတ်ပါဘူး။

​ဂါဂေါင်ဇ် လူမျိုးတွေဟာ တူရကီနွယ်ဖွား (Turkic) တွေ ဖြစ်ကြပေမယ့် အစ္စလာမ်ဘာသာဝင်တွေ မဟုတ်ပါဘူး။

​အရှေ့ပိုင်းအော်သိုဒေါ့စ် (Eastern Orthodox) ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။

​သူတို့ဟာ ၁၉ ရာစုအစောပိုင်း ရုရှားအင်ပါယာခေတ်မှာ ဒီဒေသကို ပြောင်းရွှေ့အခြေချခဲ့ကြတာဖြစ်ပြီး ရုရှားဘာသာစကားနဲ့ ရုရှားယဉ်ကျေးမှုကို အဓိက သုံးစွဲကြပါတယ်။

​ထရန်စနစ္စတီးရီးယားလိုပဲ ၁၉၈၉-၁၉၉၀ ခုနှစ်တွေမှာ မော်လ်ဒိုဗာရဲ့ ရိုမေးနီးယားအမျိုးသားရေးဝါဒ ထကြွလာမှုကို ဂါဂေါင်ဇ်တွေကလည်း သူတို့သရုပ်သကန်အတွက် စိုးရိမ်လာပါတယ်။

အဲ​ဒါကြောင့် ဂါဂေါင်လူမျိုးတွေကလည်း “ဂါဂေါင် သမ္မတနိုင်ငံ” အဖြစ် ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာပါတော့တယ်။

​ထရန်စနစ္စတီးရီးယားလို လက်နက်ကိုင်စစ်ပွဲအထိ မရောက်သွားဘဲ ၁၉၉၄ ခုနှစ်မှာ မော်လ်ဒိုဗာအစိုးရနဲ့ ဂါဂေါင်ဇ် တွေကြားမှာ အပေးအယူလုပ် ဆွေးနွေးနိုင်ခဲ့ပါတယ်။

​မော်လ်ဒိုဗာအစိုးရက ဂါဂေါင်ဇီးယားကို “အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” (Special Autonomous Status) အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။

​လက်ရှိမှာတော့ ဂါဂေါင်ဇီးယားဟာ ကိုယ်ပိုင်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးမှူး (Bashkan) ရှိပြီး ရုရှားဘာသာစကားကို ရုံးသုံးအဖြစ် သုံးခွင့်ရထားပါတယ်။

​ထူးခြားတဲ့ သဘောတူညီချက်တခုက တော့ “အကယ်၍ မော်လ်ဒိုဗာနိုင်ငံဟာ ရိုမေးနီးယားနဲ့ ပူးပေါင်းပြီး လွတ်လပ်တဲ့အချုပ်အခြာအာဏာ ပျောက်ဆုံးသွားခဲ့ရင် ဂါဂေါင်ဇီးယားဟာ မော်လ်ဒိုဗာကနေ အလိုအလျောက် ခွဲထွက်ခွင့်ရှိရမယ်” ဆိုတဲ့အချက် ဖြစ်ပါတယ်။

အဲ​​ဒါကြောင့် ဒီဒေသဟာ လောလောဆယ် ငြိမ်းချမ်းနေပေမယ့် ရုရှားလိုလားတဲ့သဘောထား အရမ်းကြီးမားနေဆဲ ဖြစ်ပါတယ်။

​ထရန်စနစ္စတီးရီးယားနဲ့ ဂါဂေါင်ဇီးယား တို့ဟာ မော်လ်ဒိုဗာအတွက်တော့ အေးခဲနေတဲ့ ပဋိပက္ခ (Frozen Conflict) တွေလို့ ဆောင်းပါးရှင် အယ်လီဆန် မူလာ က သုံးသပ်ထားပါတယ်။

​လူဦးရေ ၂.၃ သန်းရှိတဲ့ မော်လ်ဒိုဗာ အဖို့တော့ ဒီရေခဲပဋိပက္ခဟာ ခေါင်းခဲစရာတွေပါ။

​ယူကရိန်းလိုပဲ မော်လ်ဒိုဗာဟာ EU နဲ့ NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်နေတာပါ။

​အမှန်တကယ်ကော ပေါင်းစည်းကြမှာလား

​ရိုမေးနီးယားဘက်ကတော့ ပေါင်းစည်းမှုကို ထောက်ခံပါတယ်။ ရိုမေးနီးယား ပြည်သူအများစု ၇၀ ရာခိုင်နှုန်းကျော်က နှစ်နိုင်ငံကို ပြန်လည်ပူးပေါင်းပြီး နိုင်ငံတခုတည်းအဖြစ် ရပ်တည်ဖို့ ထောက်ခံကြပါတယ်။

​ရိုမေးနီးယားလွှတ်တော်ထဲမှာလည်း ဒီကိစ္စကို တရားဝင်စတင်ဆွေးနွေးဖို့ ဥပဒေကြမ်းတွေ တင်သွင်းတာမျိုး ရှိပါတယ်။

​မော်လ်ဒိုဗာဘက်က အမြင်မှာတော့ စိုးရိမ်မှုတွေ ရှိနေပြီးမော်လ်ဒိုဗာပြည်သူတွေကြားမှာတော့ သဘောထားကွဲလွဲနေပါတယ်။

​လူထုရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်က ပူးပေါင်းဖို့ ထောက်ခံကြပေမယ့် မော်လ်ဒိုဗာ ပြည်သူအများစု ၅၀ ရာခိုင်နှုန်းကျော်က နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို လက်မခံကြဘဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် ကြားနေနိုင်ငံအဖြစ် ရှိနေချင်ကြပါတယ်။

​မော်လ်ဒိုဗာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မော်လ်ဒိုဗာဟာ စစ်ရေးအရ ကြားနေနိုင်ငံ (Constitutionally Neutral) အဖြစ်ပဲ ရှိနေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

​မော်လ်ဒိုဗာအစိုးရကိုယ်တိုင်ကလည်း လောလောဆယ် NATO ထဲဝင်ဖို့က မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

​ဘာကြောင့်ဆို ရုရှား လက်ရိပ်ခြေရိပ် မကင်းတဲ့ ထရန်စနစ္စတီးရီးယားနဲ့ ဂါဂေါင်ဇီးယား တို့ရဲ့ စိုးရိမ်မှုကို လျော့ချပြီး နိုင်ငံရဲ့ လက်ရှိအခြေအနေ တည်ငြိမ်မှုကို ထိန်းထားချင်တာကြောင့်ပါ။

​ဘူချာရက်စ် တက္ကသိုလ် က နိုင်ငံရေးသိပ္ပံ တွဲဖက် ပါမောက္ခ အာရ်မန်ဒ်ဂိုဆု (Armand Gosu) က ပေါင်းစည်းမှုဟာ ယူကရိန်းစစ်ပွဲကြောင့်ပဲ လူပြောသူပြော များလာနေတာ လို့ ဆိုပါတယ်။

ပေါင်းစည်းဖို့ အခွင့်အရေးနည်းပေမယ့် ဒါက နိုင်ငံရေးအရရှိနေဆဲဖြစ်ရပ်တစ်ခုလို့လည်း သူက ဆိုပါတယ်။

​တကယ်လို့ ရုရှားကသာ မော်လ်ဒိုဗာကို ယူကရိန်းလို လုပ်လာခဲ့ရင် ဘယ်လို လုပ်မလဲဆိုတဲ့ အမြင်ကလည်း ရှိနေဆဲပါ။

​တကယ်လို့ အဲလိုလုပ်လာရင် မော်လ်ဒိုဗာ လက်ထဲမှာ “ရောမ သွေးသား” ကတ်တစ်ခုကို ကိုင်ထားပါတယ်။

​အဲဒီ ကတ်က ရိုမေးနီးယားနဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် အလိုအလျောက် EU နဲ့ NATO အဖွဲ့ဝင် ဖြစ်သွားနိုင်တဲ့ အနေအထားကို လျှောက်လှမ်းဖို့ပါပဲ။

​လက်ရှိ ပုရွက်ဆိတ်ငယ်ရဲ့ ကစားကွက်​လက်ရှိမှာတော့ မော်လ်ဒိုဗာဟာ EU နဲ့ NATO မှာ EU အဖွဲ့ဝင်ဖြစ်ရေးကို ဦးစားပေးဦးတည်ချက်အဖြစ် တစိုက်မတ်မတ် ကြိုးပမ်းနေပြီး အဖွဲ့ဝင်လောင်းအဆင့်သို့ ရောက်ရှိနေပါပြီ။

နေတိုးအဖွဲ့ဝင်ဖြစ်ရေးကိုတော့ လက်ရှိတည်ငြိမ်မှုကို ကိုင်ထားပြီး ဆိုင်းငံ့ထားပါတယ်။

​ဒါပေမယ့် ရုရှား ခြိမ်းခြောက်မှုတွေကြောင့် နေတိုးနဲ့ မဟာမိတ်ပြုပြီး ကာကွယ်ရေးစွမ်းရည် မြှင့်တင်တာ၊ ပူးပေါင်းလေ့ကျင့်တာနဲ့ နည်းပညာအကူအညီ ရယူတာတွေကိုတော့ ဆုတ်ကိုင်ထားဆဲပါ။

​တကယ်လို့ မော်လ်ဒိုဗာဟာ EU အဖွဲ့ဝင် အဖြစ်ရွေးချယ်တာက Plan A ပဲ ဖြစ်မယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

​မော်လ်ဒိုဗာဟာ ဥရောပထဲမှာတော့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။​

မော်လ်ဒိုဗာ သမ္မတ မိုင်ယာ ဆန်ဒူ (Maia Sandu) ကလည်း ရုရှားကို ရင်ဆိုင်နေရတဲ့ အခါ သူမတို့ မော်လ်ဒိုဗာလို နိုင်ငံငယ်လေးအဖို့ လွတ်လပ်တဲ့ အချုပ်အခြာနဲ့ ဒီမိုကရေစီကို ကာကွယ်ရတာ ပိုပြီးခက်ခဲလာတယ်လို့ ဆိုထားပါတယ်။

​မိုင်ယာဆန်ဒူ အပါအဝင် မော်လ်ဒိုဗာနိုင်ငံသား ရှစ်သိန်းခွဲလောက်ဟာ ရိုမေးနီးယားနိုင်ငံသားအဖြစ်ပါ ပူးတွဲခံယူမှုကို ၂၀၂၄ ခုနှစ်က ပြုလုပ်ထားကြပါတယ်။

​EU ထဲမှာ အဖွဲ့ဝင်ဖြစ်နေရင်တော့ နိုင်ငံဟာ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံ ဖြစ်နေဦးမယ်၊ တကယ်လို့ ရိုမေးနီးယားနဲ့ပေါင်းဖို့ လူထုဆန္ဒခံယူပွဲ လုပ်လာမယ်ဆိုရင် ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် သူမ အနေနဲ့ Yes ပေးမှာလို့လည်း ဆိုထားပါတယ်။

အဲ​ဒါဟာ မော်လ်ဒိုဗာ သမ္မတတွေထဲမှာ ပထမဆုံး ထုတ်ဖော်ပြောကြားမှုပါ။

​မော်လ်ဒိုဗာရဲ့ ဒုတိယ ဝန်ကြီးချုပ် ယူဂျင်း အော့စ်မိုချက်စ်ကူ (Eugen Osmochescu) က ၂၀၂၈ ခုနှစ်မှာ EU အဖွဲ့ဝင်မဖြစ်ရင် ရိုမေးနီးယားဘက်ကိုဆက် သွားမယ်လို့ ဆိုထားပါတယ်။

​ကျုပ်တို့ ယူကရိန်းလို တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

​ရိုမေးနီးယား သမ္မတ နီကူဆော်ဒန် (Nicusor Dan) ကတော့ သူတို့ဘက်က ပေါင်းစည်းဖို့အသင့်ပဲလို့ ပြောထားပါတယ်။

​ပေါင်းစည်းဖို့နဲ့ မော်လ်ဒိုဗာက ရောမ သွေးသားတွေကို ထောက်ပံ့မှုပေးဖို့ကို ၂၀၁၈ ခုနှစ်တုန်းက ရိုမေနီးယား ပါလီမန်မှာ ကြေညာထားတာရှိပါတယ်။

​ခုတော့ အဲဒီ အသံတွေက ထပ်ပေါ်လာပြန်ပါပြီ။

ပြီးခဲ့တဲ့ ဇွန်လ ထဲမှာ ရိုမေးနီးယား ပါလီမန်ပေါင်းစည်းရေးအတွက် ဆွေး နွေးဖို့အတွက် ဥပဒေတစ်ခုကို အတည်ပြုလိုက်ပါတယ်။

​ရုရှားကတော့ ဒါကို ထုံးစံအတိုင်း ရိုမေးနီးယားက မော်လ်ဒိုဗာကို ကျူးကျော်ဖို့ လုပ်နေတာလို့ ဝေဖန်ပါတယ်။

​ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာဇာကာရိုဗာ (Maria Zakharova) က ရိုမေးနီးယားဒီလိုလုပ်နေတာ လျှို့ဝှက်ချက်မဟုတ်သလို သူမတို့အတွက်လည်း မထူးဆန်းတော့ဘူး လို့ဆိုပါတယ်။

​ရိုမေးနီးယား နိုင်ငံရေးသိပ္ပံပညာရှင် အီလီနာ ရာချီရု (Ileana Racheru) က မော်လ်ဒိုဗာနဲ့ ရိုမေးနီးယား ပေါင်းမပေါင်းက ယူကရိန်း အခြေအနေ နဲ့ အများကြီး ဆိုင်နေတယ်လို့ သူမရဲ့ အမြင်ကိုပြောပါတယ်။

​အဆိုးဆုံးဖြစ်နိုင်ခြေကို ပြောရရင် ယူကရိန်းတောင်ဘက်ခြမ်းကို ရုရှားကိုပေးလိုက်သလိုမျိုး ဆိုရင် မော်လ်ဒိုဗာအတွက်လည်း ရွေးစရာက ရှင်းနေပါပြီ။

​မော်လ်ဒိုဗာဟာ ရုရှားအာဏာရှင်ပြုသမျှခံနေမှာလား။

ဒါမှမဟုတ် ရိုမေးနီးယားဆီကိုသွားမှာလား ဆိုတာကိုဆုံးဖြတ်လာရလိမ့်မယ်လို့ သူမ ဆိုထားပါတယ်။

​ကိုးကား…

​CEPA’s Article

  • https://cepa.org/article/the-moldova-romania-unification-riddle/
  • ရိုမေးနီးယားလွှတ်တော်ပေါင်းစည်းရေးဆိုင်ရာဥပဒေ
  • https://tvpworld.com/94003279/romanian-deputies-let-moldova-reunification-bill-pass-after-deadline-expires
  • https://en.wikipedia.org/wiki/Unification_of_Moldova_and_Romania
PrevPreviousအာဏာသိမ်းစစ်တပ်ကို ရုရှားစစ်ရေးလေ့ကျင့်ပေး
Nextဘန်ကောက်မှာ နေအိမ်မီးလောင်လို့ အိမ်ရှင်နှစ်ဦးနဲ့​ကြောင်အကောင်ငါးဆယ်ကျော်သေဆုံးNext
Previous Post

အာဏာသိမ်းစစ်တပ်ကို ရုရှားစစ်ရေးလေ့ကျင့်ပေး

Next Post

ဘန်ကောက်မှာ နေအိမ်မီးလောင်လို့ အိမ်ရှင်နှစ်ဦးနဲ့​ကြောင်အကောင်ငါးဆယ်ကျော်သေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ထိုင်းရောက်မြန်မာတွေ လုံခြုံရေးအထူးဂရုပြုဖို့ ဘန်ကောက်မြန်မာသံရုံး သတိပေး

August 25, 2026

ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ကိုးနှစ်ကြာထိစောင့်ဆိုင်းနေရဆဲလို့ IIMM ဆို

August 25, 2026
ဓာတ်ပုံ - မောင်သန်းနိုင်

ရိုဟင်ဂျာတွေတရားမျှတမှုရရှိရေး NUG ပူးပေါင်းဆောင်ရွက်မယ်

August 25, 2026
ဓာတ်ပုံ - KNU

လယ်ဒိုစိုးမှာ အာဏာသိမ်းစစ်တပ်က အရပ်သားတဦးကို ဖမ်းဆီးနှိပ်စက်

August 25, 2026

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

Releated Post

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

August 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page