Border News Agency
မော်စကို၊ ဇူလိုင် ၁၉။
ရုရှားနိုင်ငံ၊မော်စကိုမြို့အနီးရှိ ပင်မထောက်ပံ့ရေးဗဟိုချက်နေရာတွေဖြစ်တဲ့ နိုဂျင့်ခ်စ်ရေနံသိုလှောင်ရုံနဲ့ Wildberries ကုန်ဂိုထောင်ကြီးကိုယူကရိန်းက ဒရုန်းအစင်း ၃၇၀ နဲ့ ဇူလိုင်လ၁၈ ရက်၊မနေ့က တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဒရုန်းတိုက်ခိုက်မှုကြောင့် ရေနံသိုလှောင်ရုံနဲ့ဂိုထောင်ကြီးတို့ ပေါက်ကွဲမီးလောင်ပျက်စီးခဲ့ရပြီးလူခုနှစ်ဦး သေ ဆုံးကာ နှစ်ဒါဇင်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။
ယူကရိန်းသမ္မတဇီလန်းစကီးက ဒီ တို က်ခိုက်မှုဟာ ရုရှားစစ်ရေးလှုပ်ရှားမှုတွေအပေါ် လက်တုံ့ပြန်တာဖြစ်ပြီး အဲဒီဂိုထောင်ဟာ ရုရှားစစ်တပ်အတွက် ဒရု န်းနဲ့စစ်သုံးပစ္စည်းတွေအဓိကထောက်ပံ့ရာဖြစ်လို့ ပစ်မှတ်ထားခဲ့တာလို့ဆိုပါတယ်။
အဒဒီတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် ကြိုတင်ကြံစည်တဲ့ အကြမ်းဖက်မှုလို့ ရုရှားတာဝန်ရှိသူတွေက ဝေဖန်ထားကြပါတယ်။













