Border News Agency
ဘန်ဘွားထောင်၊ဇူလိုင် ၁၉။
ထိုင်းနိုင်ငံ၊နွန်သဘူရီခရိုင်၊ဘန်ဘွားထောင်မြို့နယ်ရှိ မြေယာကော်မတီရုံးအနီးမှာဇူလိုင်လ ၁၉ ရက်၊ဒီနေ့ မနက်ပိုက နေအိမ်မီးလောင်မှုဖြစ်ခဲ့ပါတယ်။
အဲဒီမီးလောင်မှုဟာ ဒီနေ့ မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးတောက်တွေကူးစက်လောင်ကျွမ်းခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေရေလှော င်ကားတွေနဲ့ အရေးပေါ် သွားရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။
အဲဒီအပြင် မနက် ၁၁ နာရီခန့်မှာ မီးသ တ်သမားတွေက မီးညွန့်ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့်မီးလောင်မှုကြောင့် အနီးနားရှိ ပြည်သူ့နေအိမ်ခုနှစ်လုံးထိ မီးစွဲလောင်ကာပျက်စီးခဲ့ပါတယ်။
အဲဒီမီးစတင်လောင်ကျွမ်းရတဲ့ အ ကြောင်းရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးအ သေးစိတ်ကို ရဲတပ်ဖွဲ့က ဆက်စစ်ဆေးနေပါတယ်။



















