Border News Agency
သံတွဲ၊ဇူလိုင် ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့နယ်ကို ဇူလိုင်လ ၂၃ ရက်၊ဒီနေ့၊နေ့လည် ၁ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်တွေလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ငပလီမြို့ရှိ ကမ်းခြေအနီးကရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရပျက်စီးမှုအသေးစိတ်ကို မသိရသေး ပါဘူး။
အဲဒီသံတွဲမြို့နယ်ကို ပစ်မှတ်ထားပြီးအာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။









