Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မောင်တောခရိုင် လူ့အခွင့်အရေး အာရက္ခဒေသ

စစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကိုင်တွယ်နိုင်မည်လား

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
86
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

စစ်ရာဇဝတ်မှုနှင့်အာရက္ခအစိုးရ


အာရက္ခဒေသအတွင်း ဖြစ်ပွားသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့အစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်လော့။နိုင်ငံတကာ၏အမြင်တွင်အားလုံးသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်ဟုမယုံကြည်ကြပေ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်များကိုယ်တိုင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုသာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုင်တွယ်နိုင်ပေလိမ့်မည်။

သို့ရာတွင် ဥပဒေကြောင်းအရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်နယ်မြေ၏အပြင်ဘက်တွင်ရှိနေသော မြန်မာ့စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သောဖြစ်ရပ်များနှင့်မူဆလင်လက်နက်ကိုင်အကြမ်းဖက်သမားများကျူးလွန်ခဲ့သောဖြစ်ရပ်များကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် နိုင်ငံတကာအကူအညီမပါဘဲ တကိုယ်တည်းကိုင်တွယ်ဖြေရှင်းအရေးယူရန် မဖြစ်နိုင်ပေ။

အာရက္ခဒေသအတွင်း စစ်ရာဇဝတ်မှုများအား တားဆီးကာကွယ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ်တွင် ပြည်သူလူထုအများစုမျှော်လင့်ချက်ထားကြပေသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စစ်ရာဇဝတ်မှုတားဆီးကာကွယ်မှုသည် အာရက္ခဒေသထဲရှိ ပြည်သူလူထုအတွက်သာမက တောင်အာရှနှင့်အရှေ့တောင်အာရှဒေသဆိုင်ရာပြည်သူများအတွက်ပါ အကျိုးရှိပေသည်။

အပြုသဘောဘက်မှချဉ်းကပ်ပါက အာရက္ခဒေသအတွင်းရှိ မည်သူ့ကိုမဆို စစ်ရာဇဝတ်မှုမှကာကွယ်ပေးရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင်တာဝန်ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခဒေသအတွင်းရှိ လူသားတိုင်းကို စစ်ရာဇဝတ်မှုမှကာကွယ်ရန် အခြေခံစိတ်နေစိတ်ထားရှိသောအဖွဲ့အစည်းဖြစ်သ ည်ဟု လူသိရှင်ကြားထုတ်ဖေါ်ထားသောကြောင့်ဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ထိုသို့စိတ်နေစိတ်ထားရှိကြောင်းကို ၎င်းတို့တဦးတဖွဲ့ချင်းထုတ်ဖေါခဲ့သလို ၎င်း၏မဟာမိတ်များနှင့်ပူးတွဲထုတ်ဖေါ် ခဲ့ခြင်းများလည်းရှိခဲ့သည်။

ULA/AA ထုတ်ပြန်ချက်များ


“ULA/AAအနေဖြင့် မြန်မာ့တပ်မတော် ၏စစ်ရာဇဝတ်မှုကျူးလွန်သည့်မှတ်တမ်းများ၊အထောက်အထားသက်သေခံပစ္စည်းများကို နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊မိမိတို့အား စာနာနားလည်သောလူပုဂ္ဂိုလ်၊အဖွဲ့အစည်းများနှင့်လက်တွဲပြီး တရားမျှတမှုရရှိသည်အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ကို ၂၀၁၉ ခုနှစ်၊ ဇွန် လ ၂၄ ရက်နေ့က အာရက္ခတပ်တော်မှထုတ်ပြန်ခဲ့သည်။

ထိုအပြင် ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ”ရက္ခိုင့်တပ်တော်(Arakan Army)သည် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်လည်း စစ်ပွဲများအတွင်းလိုက်နာကျင့် သုံးရမည့် နိုင်ငံတကာစစ်ဥပဒေ၊နိုင်ငံတကာစစ်သုံးပန်းဥပဒေ၊ဂျီနီဗာသဘောတူညီချက်များကို အတိကျဆုံးနှင့်အတတ်နိုင်ဆုံးလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်သည် အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြောင်း၊အကြမ်းဖက်နှိမ်နှင်းရေးကိစ္စရပ်များတွင် မည်သည့်နိုင်ငံ၊မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ထိုအတူ မည်သည့်အကြမ်းဖက်သမားများနှင့်မဆိုမည်သည့်အချိန်တွင်မှပူးပေါင်းမည်မဟုတ်ကြောင်းကို ရဲဝံ့စွာအသိပေးလိုကြောင်း”ထုတ်ပြန်အသိပေးခဲ့သည်။

အာရက္ခတပ်တော်(AA)သည် အာရက္ခဒေသသို့ စတင်ဝင်ရောက်အခြေချလှုပ်ရှားခဲ့ချိန်ကတ ည်းက စစ်စည်းကမ်းကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ခဲကြသဖြင့် ပြည်သူလူထု၏ ယုံကြည်ထောက်ခံအားပေးမှုများကို ရရှိခဲ့ပေသည်။

သို့သော်လည်း ပြည်သူလူထု၏ထောက်ခံအားပေးမှုများကို အလေးထားပြီးတော်လှန်ရေးနှင့်ပြည်သူ့ဆက်ဆံရေးကိုပျက်ပြားအောင် အာဏာပါဝါပြစစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြသည့်လုပ် ရပ်အချို့ကိုလည်း အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်အချို့ပြုလုပ်ခဲ့ကြသည်ဟု အာရက္ခပြည်သူများက ထောက်ပြကြသည်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပွင့်လင်းမြင်သာစွာတရားစီရင်ပေးဖို့တောင်းဆိုနေပုံ / BNA)

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့် AA တပ်ဖွဲ့ဝင်နှစ်ဦးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် စစ်တရားရုံးမှအ လုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း အာရက္ခတပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံခိုင်သုခက ဝန်ခံပြောဆိုခဲ့ရသည်။

စစ်ရာဇဝတ်မှုများကို အာရက္ခအစိုးရတာဝန်ခံမှု


အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့၏ကျင့်ဝတ်စည်းကမ်းချိုးဖောက်သောအပြုအမှုများကိုကြ ည့်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ရာဇဝတ်မှုများကို စနစ်တကျအသုံးချကျူးလွန်နေသောအဖွဲ့အစည်းဟု တံဆိပ်ကပ်ခံရမည်ကို ခေါင်းဆောင်များစိုးရိမ်ပုံရပေသည်။

ကမ္ဘာပေါ်ရှိအခြားသောလက်နက်ကိုင်အဖွဲ့အစည်းများကဲ့သို့ပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့၏အသေးစားကျင့်ဝတ်ချိုးဖောက်မှုများရှိသည်ကို ခေါင်းဆောင်များမှဝန်ခံသည်ကိုတွေ့ရပေသည်။

“အာဏာပိုင်တစ်ရပ်သည် ပြည်သူများကိုအကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ULA အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်း အကာအကွယ်ကို လူမျိုးဘာသာမရွေး၊လူ့အသိုက်အဝန်းအားလုံးကို ပေးနေကြောင်း၊အကယ်၍ULA မတရားဖိနှိပ်မှုတွေလုပ်နေလျှင်အထောက်အထားတွေနဲ့မိမိတို့ကိုပေးဖို့လိုကြောင်း၊အကယ်၍ULA မတရားပြုနေပါက ကျေးဇူးပြု၍အချိန်မဆိုင်းဘဲ မိမိတို့ကိုအကြောင်းကြားစေလိုကြောင်း” ဟု ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၆ ရက်နေ့ဖော်ပြခဲ့သည့် The Diplomat ၏ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အင်တာဗျူး(arakan army commander in chief twan mrat naing on the future of rakhine state)တွင် ဖော်ပြထားသည်။

ထိုအင်တာဗျူးသည် အာရက္ခအဆုံးအဖြတ်စစ်ပွဲ၏အောင်ပွဲများရနေချိန်တွင်ဖော်ပြခဲ့ခြင်းဖြစ်ပေသည်။

သို့သော်လည်း ဘူးသီးတောင်၊မောင်တော မြို့သိမ်းတိုက်ပွဲကာလများတွင်အာရက္ခတပ်တော်သည် စစ်ရာဇဝတ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲထားသည်။

ထို့ကြောင့် ”အာရကန်ပြည်အတွင်းမူဆလင်ဘာသာဝင်များကိုလည်းကောင်း၊အခြားလူမှုအသိုင်းအဝန်းများကိုလည်း ကောင်းဆိုးဝါးပြင်းထန်သည့် ရာဇဝတ် မှုကျူးလွန်မှုများ AA အနေဖြင့် ပြုလုပ်ခြင်းမရှိသည်မှာ သေချာကြောင်း၊သို့ရာတွင် ကမ္ဘာကြီးရှိအခြားပရိုဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင်လျှင် အသေးစားကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက်မှုများရှိကြောင်း၊ AAတွင်လည်း ထိုကဲ့သို့အသေးစားကျင့်ဝတ်ချိုးဖောက်မှုများရှိကြောင်း၊ရှိလာပါကပြင်းပြင်းထန်ထန်အရေးယူကြောင်း၊မိမိတို့အဖွဲ့ဝင်များ၏ချိုးဖောက်မှုများကို အထောက်အထားခိုင်ခိုင်လုံလုံဖြင့်ပေးပို့မှုကိုလှိုက်လှဲစွာကြိုဆိုကြောင်း၊ထိုကဲ့သို့ဖြစ်စဉ်များကို မိမိတို့အဖွဲ့အစည်း၏စည်းမျဉ်းဥပဒေများနဲ့အညီအရေးယူသွားမည်ဖြစ်ကြောင်း” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat ကို အင်တာဗျူးဖြေဆိုထားသည်။

အာရက္ခတပ်တော်(AA)၏ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွင် မွတ်ဆလင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများအပါအဝင်မွတ်ဆလင်များကို သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက အာရက္ခတပ်တော်ကို စွပ်စွဲထားကြသည်။

ထိုအပြင် မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း နတ်မြစ်ကမ်းခြေအနီးတွင် ကလေးသူင ယ်၊အမျိုးသမီးများအပါအဝင် မွတ်ဆလင်လူဦးရေတရာကျော်ခန့်ထိ ပစ်ခတ်သတ်ဖြတ်ခံခဲ့ကြရပြီး ထိုစစ်ရာဇဝတ်မှုကို အာရက္ခတပ်တော်က ကျူးလွန်သည်ဟုလည်း နိုင်ငံတကာအသိုင်းအဝိုင်းစွပ်စွဲထားကြသည်။

ထိုစစ်ရာဇဝတ်မှုများတွင် အာဏာသိမ်းစစ်တပ်အပါအဝင် မွတ်ဆလင်လက်နက်ကိုင်များသာ ကျူးလွန်ခဲ့ကြသည်ဟု အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရကပွင့်လင်းမြင်သာစွာတရားစီ ရင်ပေးဖို့တောင်းဆိုနေပုံ / BNA)

ထိုကဲ့သို့ စစ်ရာဇဝတ်မှုများဖြစ်ပွားခဲ့ကြသည့်နေရာများကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပူးပေါင်းဖော်ထုတ်စစ်ဆေးအရေးယူရမည့်တာဝန်သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင်ရှိနေပေသည်။

သတင်းအမှောင်ချခြင်းနှင့်ကျူးလွန်မှုများကို ဖုံးကွယ်ခြင်း


အာရက္ခအဆုံးအဖြတ်စစ်ပွဲကာလ ၂၀ ၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ၂၀ ၂၅ခုနှစ်၊ မတ်လထိ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံး၏ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်မှ ဖြတ်တောက်ထားသည်။

ယခင်ကာလများက မြန်မာစစ်တပ်မှ အာရက္ခဒေသ၏ ဖုန်း၊အင်တာနက်ဆက်သွယ်ရေးကို ဖြတ်တောက်ခဲ့ဖူးသည်။မြန်မာစစ်တပ်ဘက်မှ ဖုန်း၊အင်တာနက်များဖြတ်တောက်ထားချိန်တွင် သ တင်းအမှောင်ချခြင်းနှင့်ကျူးလွန်မှုများကို ဖုံးကွယ်ခြင်းသည် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန်အထောက်အပံများဖြစ်သည်ကိုလည်းအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနားလည်ပုံရပေသည်။

ထို့ကြောင့် ”တိုက်ပွဲဧရိယာအတွင်းရှိပြည်သူလူထု၏ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြောင်း၊မြန်ဆန်စွာစီးဆင်းနေသောသတင်းမီဒီယာခေတ်တွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသောပကတိဖြစ်ရပ်မှန်များကို သတင်းအမှောင်ချရန်နှင့်၎င်းတို့ကျူးလွန်မည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့်ကြိုတင်ပြုလုပ်ထားခြင်းဖြစ်သည်ဟု မိမိတို့မှယုံကြည်ကြောင်း” ၂၀၁၉ ခုနှစ်၊ဇွန်လ ၂၄ ရက်နေ့ကအာရက္ခတပ်တော်မှ ကြေငြာချက်ထုတ်ပြန်ခဲ့ဖူးသည်။

စစ်ရာဇဝတ်မှုများကြောင့် နစ်နာခဲ့သူများအတွက် အမှန်တရားကိုရှာဖွေရာတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြုခံရသော လုပ်ရပ်များရှိခဲ့ပါသည်။

ဥပမာ ၂၀၁၉ ခုနှစ်ကာလများတွင် အိုင်စီစီ (ICC)သို့ သက်သေနှစ်ဦးအားပေးပို့ခြင်းမျိုးသည် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပေသည်။ဤသို့သောနမူနာကောင်းများလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင်ရှိပေသည်။

စစ်ရာဇဝတ်မှုများကို ကာကွယ်တားဆီးလိုသောအခြေခံစိတ်နေစိတ်ထားသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတွင်ရှိပေသည်။

ထိုစိတ်ထားများကို ဆက်လက်ကိုင်စွဲသွားရန်လည်း မျှော်လင့်မိပါသည်။အထူးသဖြင့် အာရက္ခဒေသ၏ ဖုန်းလိုင်း၊အင်တာနက်လိုင်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏စီမံခန့်ခွဲမှုအာဏာအောက်တွင် ဖြတ်တောက်ထားသောအခြေအနေ၌ ထိုသို့ပို၍မျှော်လင့်ပေသည်။

မတရားမှုများအားထုတ်ဖေါ်ပြောကြားခွင့်


အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံး၏ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသောအခြေအနေအောက်တွင်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအ နေဖြင့် မတရားမှုများကို တိုင်ကြားနိုင်သောယန္တရားများ ထူထောင်ထားစေကာ ပြည်သူလူထု၏ပြောရေးဆိုခွင့်သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့၏ အာဏာပါဝါပြမှုအောက်တွင် အသံတိုးတိတ်နေကြရပေသည်။

ထိုကဲ့သို့ပြည်သူလူထု၏အသံတိုးတိတ်နေမှုသည် မတရားမှုများဖြစ်ပေါ်စေရန်အတွက် ရေခံမြေခံကိုလည်း ဖြစ်စေနိုင်သည်။ကျင့်ဝတ်စည်းကမ်းချိုးဖောက်သူ၊ ဩဇာအာဏာကို လက်လွန်ခြေလွန်သုံးသူများအတွက်လည်း အကာအကွယ်ဖြစ်စေသည်။

“အမှန်တရားကို ရဲဝံစွာနှင့်ပွင့်လင်းစွာ ပြောဆိုခြင်း၊ထုတ်ပြန်ခြင်းဖြင့်အခြေအနေမှန်များကို တည့်မတ်နိုင်မည့်အပြင် မိမိတို့အချင်းချင်းကြားတွင်ရှိကြသော ယုံကြည်မှု၊ နားလည်မှုများလည်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း” ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊မေလ၂၄ ရက်နေ့ကအာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖေါပြထားသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ထုတ်ပြန်ချက်များနှင့်လုပ်ရပ်များသည် ကိုက်ညီမှုမရှိသော်လည်း အာရက္ခပြည်သူလူထုအနေဖြင့် သက်တောင့်သက်သာမရှိသောဖြစ်ရပ်များကြုံတွေ့နေရသည့်တိုင်အောင် မျှော်လင့်ချက်ထားကြပေသည်။

(ဓာတ်ပုံ – အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပွင့်လင်းမြင်သာစွာတရားစီရင်ပေးဖို့တောင်းဆိုနေပုံ / BNA)

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်၊လေးမိုင်၊အမှတ် ၂ နယ် ခြားစောင့်ရဲတပ်ရင်းရှေ့နားတွင် စက်တင်ဘာလ ၂၈ ရက်နေ့က အသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားတဦးသတ်ဖြတ်ခံခဲ့ရသည်။

ထိုမောင်ဘုန်းမြတ်အောင်ကို စက်တင်ဘာလ ၂၉ ရက်၊နေ့လည် ၁ နာရီ ၂၂ မိနစ်အချိန်တွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံထားရသည့် အလောင်းကိုပြန်တွေ့ခဲ့ပြီး အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တဦးမှသတ်ဖြတ်ကျူးလွန်ခဲ့သဖြင့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ပေးဖို့ မိဘများက တောင်းဆိုထားပေသည်။

ထိုကဲ့သို့ ကလေးသူငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ကိုလည်း ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းမရသည်ကို အခွင့်ကောင်းယူကာ မွတ်ဆလင်လက်နက်ကိုင်များသတ်ဖြတ်ကျူးလွန်ခဲ့သကဲ့သို့သတင်းမှားများဖြင့် ဝါဒဖြန့်ခဲ့ကြပေသည်။

ထိုကြောင့် မတရားမှုများအတွက် လွတ်လပ်စွာထုတ်ပြောဆိုခွင့်အတိုင်းမိဘများကတရားမျှတမှုတောင်းဆိုနေမှုကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပွင့်လင်းမြင်သာမှုရှိရှိ ဖော်ဆောင်ပေးရန်လိုအပ်နေပေသည်။

ထိုအပြင် အာရက္ခပြည်သူတော်လှန်ရေးအစိုးရ၏ပိတ်ဆို့ထားမှုများကို အခွင့်ကောင်းယူပြီး အများပြည်သူသတင်းမှန်သိပိုင်ခွင့်ကိုချိုးဖောက်ဝါဒဖြန့်ခဲ့သူများကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စုံစမ်းဖော်ထုတ်အရေးယူရန်တာဝန်ရှိပေသည်။

ပြည်သူလူထုသတင်းအချက်အလက်သိပိုင်ခွင့်(Right To Information)သည်အခြေခံလူ့အခွင့် အရေးဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လို င်းများဖြတ်တောက်ပိတ်ဆို့တားမြစ်ထားမှုကြောင့် အာရက္ခပြည်သူလူထုသည်သတင်းအချက် အလက်သိပိုင်ခွင့်ဆုံးရှုံးနေကြရပေသည်။

ကမ္ဘာ့လူ့ရပိုင်ခွင့်ကြေညာစာတမ်း(UDHR)၏အပိုဒ် ၁၉ တွင်လည်း သတင်းအချက်အလက်ရပိုင်ခွင့်၊သတင်းအချက်အလက်ရှာဖွေခွင့်၊ရယူခွင့်နှင့်ဖြန့်ဖြူးခွင့်၊ပြန်လည်ဖြန့်ချီခွင့်ရှိသည်ဟုအတိအလင်းထည့်သွင်းရေးသားထားပေသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(UN)၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDGs)၏ပစ်မှတ် ၁၆.၁၀တွင် ”ပြည်တွင်းဥပဒေပဌါန်းချက်၊နိုင်ငံတကာသဘောတူညီချက်များနှင့်အညီ လူထုအားသ တင်းအချက်အလက်များလက်လှမ်းမီရရှိစေရန်နှင့်အခြေခံကျသောလွတ်လပ်မှုများကို ကာကွယ်ပေးရန်ဖြစ်ပေါ်သေချာစေရမည်။” ဟု ရေးသားဖော်ပြထားပေသည်။

တရားစီရင်မှုယန္တရားပွင့်လင်းမြင်သာမှု


အာရက္ခဒေသအတွင်း ဖြစ်ပျက်ခဲ့သောစစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားစီရင်မှုယန္တရား၏ပွင့်လင်းမြင်သာမှုအားနည်းခဲ့သောဖြစ်စဉ်များရှိခဲ့ပေသည်။

အထူးသဖြင့် မြန်မာစစ်တပ်၏ ၂၀၁၇ခုနှစ်၊ဩဂုတ်လအတွင်း ရိုဟင်ဂျာတဆယ့်ကိုးဦးအားသတ်ဖြတ်ခဲ့သည့် တပ်ဖွဲ့ဝင်သုံးဦးအား စစ်ခုံရုံးယန္တရားဖြင့် အရေးယူမှုသည်ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ခံခဲ့ရပေသည်။

ပွင့်လင်းမြင်သာမှုမရှိမှုကြောင့်ပင် စစ်ခုံရုံးယန္တရားဖြင့်ကိုင်တွယ်ပြမှုသည် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှယုံကြည်မှုရှိရန်လည်းခက်ခဲသွားခဲ့ပေသည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာဖမ်းဆီးရမိထားသည့်စစ်သုံးပန့်နှစ်ဦးအားစစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြသည့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်မှအရေးယူထားသည်ဟု ဆိုပေသည်။

ထိုစစ်ရာဝတ်မှုကျူးလွန်းခဲ့ကြသည့်ရုပ်သံမှတ်တမ်းသည် ၂၀၂၅ ခုနှစ်၊နှစ်ဆန်းပိုင်းတွင် ပေါက်ကြားလာခဲ့သော်လည်း အမှန်တကယ်ဖြစ်ပျက်ကျူးလွန်းခဲ့ကြသည်မှာ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ
က အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သိမ်းတိုက်ပွဲအတွင်းဖြစ်ပေသည်။

ထိုရုပ်သံမှတ်တမ်းတွင် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အချို့လည်းပါဝင်ပြီး ကျောက်တော်တောင်အနီးတွင်ကျူးလွန်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဖြစ်စဥ်ကိုသိရှိသူတချို့က အတည်ပြုကြသည်။

ထိုနေရာသည် အာရက္ခတပ်တော်၏ဗီတာ ၁ စစ်ဒေသဖြစ်ပြီး ထိုစစ်ဒေသ၏စစ်ဒေသမှူးတွင်တာဝန်ရှိသည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်အချို့ကဆိုကြသည်။

ထိုကြောင့် အာရက္ခပြည်သူတော်လှန်ရေးအစိုးရ၏အရေးယူမှုတွင်လည်း ပွင့်လင်းမြင်သာမှုမရှိဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အာရက္ခပြည်သူလူထု၏ ဝေဖန်ချက်များထွက်ရှိလာပေသည်။

ကမ္ဘာပေါ်ရှိလက်နက်ကိုင်အုပ်စုတိုင်းသည် စစ်ဘက်ဆိုင်ရာစံနှုန်းများကို လိုက်နာရန်တာဝန်ရှိပေသည်။စစ်ရာဇဝတ်မှုများကို အရေးယူရာတွင် လက်နက်ကိုင်အုပ်စုတခုတွင် ကိုယ်ပိုင်တရားစီရင်ရေးယန္တရားကို အခြားအကူအညီမလိုဘဲ တည်ထောင်နိုင်ပေသည်။

နောက်ထပ်ထိုသို့ ထပ်မဖြစ်စေရန်လည်း ၎င်းတို့အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပေသည်။

သို့သော် စစ်ရာဇဝတ်မှုများအား ကိုင်တွယ်သည့် ယန္တရား၏ရည်ရွယ်ချက်သည် လူ့အဖွဲ့အစည်းအတွင်း စစ်ရာဇဝတ်မှုများနောက်ထပ်ပေါ်ပေါက်မလာစေရန် ဆောင်ရွက်ရခြင်းဖြစ်သော ကြောင့် မည်သို့မည်ပုံအရေးယူဆောင်ရွက်သည်ဟူသော ပွင့်လင်းမြင်သာမှုအရေးကြီးပေသည်။

မြန်မာစစ်တပ်၏ ဂူတာပြင်ဖြစ်ရပ်လိုမျိုးခြေရာထပ်နေ၍မရပေ။မြန်မာစစ်တပ်နှင့်ရုပ်ပျက်စွာ နှိုင်းယှဉ်ခံရမှုမျိုးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရခေါင်းဆောင်များ လိုချင်ကြမည်မဟုတ်ပေ။

အာရက္ခဒေသပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏စာနာနားလည်မှုများကို လိုအပ်နေသည့်အချိန်တွင် အာရက္ခတပ်တော်အား မြန်မာစစ်တပ်နှင့်အတူတူဆိုသည့်ပြယုဒ်မျိုးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်ကလည်း လိုလားမည်မဟုတ်ပေ။

(ဓာတ်ပုံ – အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပွင့်လင်းမြင်သာစွာတရားစီ ရင်ပေးဖို့တောင်းဆိုနေပုံ / BNA)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအ နေဖြင့် အာရက္ခဒေသအတွင်းဖြစ်ပေါ်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍တရားမျှတမှုပေါ်လာစေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းသွားမည်ဟု ကြေငြာချက်များထုတ်ထားပြီးဖြစ်ပေသည်။

ထိုစစ်ရာဇဝတ်မှုများအားလုံးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ၎င်းတို့၏ တရားစီရင်ရေးယန္တရာအောက်တွင်မဖြေရှင်းနိုင်ပေ။

စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းမှုသည် အနာဂတ်အာရက္ခဒေသ၏ခိုင်မာအားကောင်းသောတရားစီရင်ရေးနှင့်နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်ကိုလည်း အထောက်အပံဖြစ်နိုင်သည်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ခေါင်းဆောင်များမှ သဘောပေါက်ထားသင့်ပေသည်။

အာရက္ခဒေသထဲတွင် ဖြစ်ပွားခဲ့ပြီး အာရက္ခဒေသအပြင်ဘက်နယ်နိမိတ်များထိ သက်ရောက်နေသောစစ်ရာဇဝတ်မှုများကိုဖြေရှင်းရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် နိုင်ငံတကာ
အသိုင်းအဝိုင်းနှင့်မဖြစ်မနေပူးပေါင်းဆောင်ရွက်ရန်လိုပေသည်။

သို့ဖြစ်၍ စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုကိုဖော်ဆောင်လိုသော အခြေခံစိတ်နေစိတ်ထားရှိသည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ ဖြင့် အာရက္ခပြည်သူလူထု၏ရပိုင်ခွင့်ဖြစ်သော”မတရားမှုများအပေါ် ဖော်ထုတ်ပြောကြားရန်အခွင့်အရေးကို”ပိုမိုမြှင့်တင်ပေးနိုင်ရန်နှင့်အာရက္ခပြည်သူ့တော်လှန်ရေးယန္တရားဖြင့်ကိုင်တွယ်သော စစ်ရာဇဝတ်မှုများကို အရေးယူရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် အရေးတကြီးလိုအပ်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြကြသည်။ 

PrevPreviousကမ္ဘာ့ရာသီဥတုကပ်ဘေးကို အာရက္ခဒေသခံနိုင်ရည်ရှိအောင် ဘယ်လိုထိန်းကြမလဲ
Nextအာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေNext
Previous Post

ကမ္ဘာ့ရာသီဥတုကပ်ဘေးကို အာရက္ခဒေသခံနိုင်ရည်ရှိအောင် ဘယ်လိုထိန်းကြမလဲ

Next Post

အာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အီရန်ရဲ့ဝါးဒတ်မှသည်မိုစတီးဘဒ်သို့ ၂

March 10, 2026
​Photo-GEM

​ဘူးသီးတောင်ရှိအိမ်ထောင်စု ၁၃၀ ကျော်ကို ULA ရိက္ခာထောက်ပံ့

March 9, 2026
ဓာတ်ပုံ - APM

ဂွမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

March 9, 2026

ကချင်၊ချင်း၊ရခိုင်သို့ စက်သုံးဆီသယ်ယူခွင့် NUG ကန့်သတ်

March 9, 2026

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026
ဓာတ်ပုံ - KNU

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

March 10, 2026
Photo - လူမှုကွန်ရက်

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

March 10, 2026
Photo - KNU

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page