Border News Agency
ကျောက်တော်၊ဇူလိုင် ၃၀။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ ညီအစ်မနှစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ထွက် ပြေးနေသူကို ဇူလိုင်လ ၂၉ ရက်နေ့က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနဖမ်းဆီးခဲ့ပါတယ်။
အဲဒီသရက်တပင်ကျေးရွာမှ အသက်လေးဆယ့်ခြောက်နှစ်အရွယ် ဦးမောင်အေးလှဟာ ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့ကတည်းက ထွက်ပြေးနေတာပါ။
သူ့ကို ဇူလိုင်လ ၂၉ ရက်၊ည ၁၀ နာရီအချိန်မှာသရက်တပင်ရွာရှိ သူ့နေအိမ်သို့ရောက်ရှိနေတာကို သတင်းရလို့ ဒီလပ်ကသွားဖမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီဦးမောင်အေးလှဟာ သူ့ယာခင်းအငှားစောင့်မိသားစုမှ တဆယ့်လေးနှစ်အရွယ်သမီးကြီးဖြစ်သူကို ပြီးခဲ့တဲ့ ဧပြီ လ ၆ ရက်နေ့က အတင်းအဓမ္မပြုကျင့်ခဲ့သလို အသက်ရှစ်နှစ်အရွယ်သမီးငယ်ကိုလည်း လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်အကြမ်းဖက်လုပ်ခိုင်းခဲ့တာပါ။
အဲဒါကြောင့် မိန်းကလေးမိသားစုကို ငွေပေးအမှုကြေအေးဖို့ ညှိခဲ့သလိုအလုပ်ထုတ်ခံရတာကြောင့် စားဝတ်နေရေးနဲ့စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။








