Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

ထိခိုက်နစ်နာသူတွေဘက်က ရပ်တည်ပါ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၃၁။

ကုလသမဂ္ဂမှာ ​ပြီးခဲ့တဲ့ဇွန်လက အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စိစစ်သုံးသပ်ဆွေးနွေးကြတာတွေရှိပါတယ်။

​ရခိုင်ကအမျိုးသမီးကိစ္စတွေပါရဲ့လား

​အဲဒီလိုကမ္ဘာတဝှမ်းက အဖြစ်အပျက်တွေကို စိစစ်သုံးသပ်ရာမှာ မြန်မာနိုင်ငံကအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အချက်အလက်တွေလည်းပါပါတယ်။

​မြန်မာနိုင်ငံထဲက ကိစ္စရပ်တွေပါနေတာဖြစ်လို့ ရခိုင်ကအမျိုးသမီးအရေးတွေဟာလည်းပါနေမှာပါ။

​ဘာကြောင့်လဲဆိုရင် ရခိုင်ဒေသဟာလည်း လက်ရှိမှာ ICJ အမှုထဲမှာပါဝင်နေပြီး IIMM လို ယန္တရားတွေကလည်း ရခိုင်ဒေသနဲ့ပတ်သက်ပြီး စောင့်ကြည့်နေတာကြောင့် အတိုင်းအတာတခုထိတော့ပါနေနိုင်ပါတယ်။

​ကမ္ဘာကြီးမှာလိင်အကြမ်းဖက်မှုအတွက် နေရာမရှိ

​မြန်မာ့လက်နက်ကိုင်တော်လှန်ရေးတွေထဲမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေအပေါ်မှာ အမျိုးသားတပ်ဖွဲ့ဝင်တွေရဲ့ ပုံစံအမျိုးမျိုးနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိနေသလို ရခိုင်ဒေသမှာလည်း ရှိနေပါတယ်။

​မြန်မာစစ်တပ်သာမက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။

အဲဒီ​လုပ်ပိုင်ခွင့်အာဏာပါဝါကိုအခြေပြုပြီး အတင်းအကျပ်လက်ထပ်တာ၊ အတင်းအကျပ်ကွာရှင်းတာ၊ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ ကျား/မ လိင်စိတ်ခံယူမှုအခြေခံစဉ်းစားချက်ကို မျက်ကွယ်ပြုထားလို့ တပ်ဖွဲ့ဝင်အမျိုးသမီးတွေ နစ်နာနေတာစတဲ့ ဖြစ်ရပ်တွေရှိနေပါတယ်။

​”လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကမ္ဘာကြီးမှာဖြစ်ခွင့်ပေးထားလို့မရသလို နေရာပေးထားလို့လည်းမရပါဘူး။ ယူကရိန်းမှာဖြစ်ဖြစ်၊ မြန်မာမှာဖြစ်ဖြစ်၊ ဆီးရီးယားမှာဖြစ်ဖြစ်၊ ယီမင်မှာဖြစ်ဖြစ်၊ လစ်ဗျားမှာဖြစ်ဖြစ်၊ ကမ္ဘာကြီးကဘယ်နေရာမှာမဆို နေရာပေးလို့မရပါဘူး။ အကြမ်းဖက်မှုကိုခံရတဲ့သူတွေဘက်က ကျွန်ုပ်တို့ ရပ်တည်ပါတယ်။ ပြီးရင် တရားမျှတမှု၊ ပြန်လည်ကုစားမှုနဲ့နောက်ထပ် အဲဒီလိုထပ်မဖြစ်အောင်လုပ်ဖို့ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်းထပ်ပြီးအတည်ပြုပါတယ်။”လို့ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရ က်နေ့က ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတင်သွင်းသူ(OSRSG-SVC)ရုံးက ဆော်ဩထားပါတယ်။

​OSRSG-SVC ရုံးရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်ကာလအတွင်း ကုလသမဂ္ဂဟာ ကမ္ဘာတဝှမ်းကပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း ၉,၇၈၈ ခုကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

​ကုလသမဂ္ဂက ရရှိခဲ့တဲ့အမှုအရေအတွက်ပေါင်းဟာ ၂၀၂၅ ခုနှစ်မတိုင်ခင် ကာလတွေထက်နှစ်ဆကျော်မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒွ​ခံရသူဟာ လူမှုအသိုင်းအဝိုင်းတခုလုံးဖြစ်ပြီး​ ဒီအကြမ်းဖက်မှုတခုချင်းစီတိုင်းရဲ့နောက်မှာ မတရားခံလိုက်ရတဲ့ လူတဦး၊ မိသားစုတခု၊ လူမှုအသိုင်းအဝိုင်းတခုစီရှိနေပြီး အနာဂတ်ကိုပါ ရိုက်ခတ်နေပါတယ်။

​အဲဒါဟာ နိုင်ငံတကာမိသားစုတွေ ရင်ဆိုင်နေရတဲ့စိန်ခေါ်ချက်လည်းဖြစ်ပြီး အချက်အလက်ကောက်ယူတာထက် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့၊ ကတိကဝတ်တွေပြုတာထက် လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်လို့လည်း OSRSG-SVC ရုံးက ဆိုပါတယ်။

​ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမြင့်တက်နေပြီး ကမ္ဘာကြီးက ခုချိန်ထိရပ်တန့်အောင်မကြိုးစားနိုင်သေးပါဘူး။

အဲဒီ​အတည်ပြုနိုင်တဲ့အမှုအခင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ်မှာသက်ရောက်မှုရှိပြီး ကျူးလွန်သူတွေဟာ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတယ်လို့ OSRSG-SVC ရုံးက ဆိုပါတယ်။

​အဲဒီပြစ်မှုတွေကို ကာကွယ်တားဆီးတုံ့ပြန်ဖို့ ယန္တရားတွေကို ဘဏ္ဍာရေးဖြတ်တောက်မှုကလည်း ရှေ့ဆက်ဆောင်ရွက်ဖို့လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေရှိနေပါတယ်။

​အခက်အခဲတွေရှိပေမယ့် နောက်ဆုတ်နေမှာမဟုတ်

​OSRSG-SVC ရုံးကတော့ အမျိုးသမီး အခွင့်အရေးနဲ့ကျားမတန်းတူညီမျှမှုကို ကာကွယ်ဖို့၊ လိင်ပိုင်းဆိုင်ရာနဲ့မျိုးပွားမှုဆိုင်ရာတွေမှာ အမျိုးသမီးတွေကိုယ်ပို င်ဆုံးဖြတ်ခွင့်ကို လေးစားဖို့၊ အမျိုးသမီးအဖွဲ့အစည်းတွေအပေါ် ရန်ပုံငွေထောက်ပံ့ဖို့၊ အကြမ်းဖက်မှုကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင်လုပ်ဖို့ကိုလည်း OSRSG-SVC ရုံးက တောင်းဆိုထားပါတယ်။

​နှုတ်ဆိတ်နေ၍မရ

​ဂါဇာမှအာဖဂန်ထိပဲ ကြည့်ကြည့်၊ မြန်မာကဆူဒန်ထိပဲ ကြည့်ကြည့် အကြမ်းဖက်မှုတွေက လက်ရှိမှာကိုဖြစ်နေကြတုန်းပါ။

အဲဒီ​အကြမ်းဖက်ခံရတဲ့သူတွေလိုနေတာက တရားမျှတမှု၊ ဂရုစိုက်မှုနဲ့သူတို့ဘက်ရပ်တည်ပေးကြဖို့ကိုဖြစ်ပြီး ဒါဟာနှုတ်ဆိတ်နေရမယ့်ကိစ္စမဟုတ်ပါဘူးလို့လည်း OSRSG-SVC ရုံးက ဆိုပါတယ်။

​ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာအရ ဆူဒန်၊ တောင်ဆူဒန်၊ ကွန်ဂို၊ ဟေတီနဲ့ မြန်မာကအချက်အလက်တွေကိုလည်း ထည့်သွင်းဆန်းစစ်ထားပြီး ၂၀၂၅ ခုနှစ်မှာအမှုပေါင်း ၉,၇၈၈ ရှိပါတယ်။

​အသက်အရွယ်အရ တစ်နှစ်မှအသက်ခုနှစ်ဆယ်အရွယ်ထိ အမျိုးသမီးတွေအကြမ်းဖက်ခံနေရတာပါ။

​အမှုပေါင်း ၉,၇၈၈ ခုဆိုတာ ကိန်းဂဏန်းသာမဟုတ်ဘဲ မုဒိမ်းကျင့်ခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရသူတွေ၊ မတရားချုပ်နှောင်ဖမ်းဆီးခံရသူတွေ၊ လိင်ကျွန်ပြုခံရသူတွေရှိနေတယ်ဆိုတာကို ဖော်ပြချက်လည်းဖြစ်တယ်လို့ OSRSG -SVC ရုံးက ဆိုပါတယ်။

​အဲဒီအမှုပေါင်း ၉,၇၈၈ ခုမှာ မှုခင်း ၃,၀၀၀ ဝန်းကျင်ခန့်ဟာ ကလေးသူငယ်တွေကိုကျူးလွန်မှုဖြစ်ပြီး အမှုအခင်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးနဲ့မိန်းကလေးငယ်တွေကို ကျူးလွန်မှုဖြစ်ပါတယ်။

​စစ်ပွဲရဲ့မလွှဲမသွေ အကျိုးဆက် မဟုတ် (Not inevitable consequences of wars)

​အဲဒီလိုလက်နက်ကိုင်တော်လှန်ရေးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိလာရင် တော်လှန်ရေးကိုထိခိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့အကြမ်းဖက်မှုဖြစ်ရတဲ့ ဇစ်မြစ်အပေါ် ချဉ်းကပ်အဖြေရှာဖို့ကို ပိတ်ပင်တတ်တဲ့အလေ့အထတခုဟာလည်း အတော်ကိုခေတ်စားလာပါတယ်။

​အဲဒီလိုအလေ့အထ၊ အတွေးအခေါ် ၊အယူအဆတွေဟာ တော်လှန်ရေးအပေါ်မှာရော လူ့အဖွဲ့အစည်းအပေါ်မှာပါ ဆိုးဝါးထိခိုက်စေတဲ့တရားမျှတမှုဆိုင်ရာ ပျက်ကွက်မှုကိုသာ ဖြစ်စေပါတယ်။

​စစ်ပွဲနဲ့တော်လှန်ရေးကို အကြောင်းပြုအကာအကွယ်ယူပြီး အမျိုးသမီးတွေရဲ့(Bodily Autonomy)ကို စော်ကားတဲ့ အပြုအမူအတွေးအခေါ်တွေဟာ ရခိုင်အပါအဝင် မြန်မာနိုင်ငံမှာရှိနေပါတယ်။

​ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာတင်သွင်းသူနဲ့ OSRSG-SVC ရုံးရဲ့ အကြီးအကဲ ဖြစ်သူ မောရစ်ရှ်အမျိုးသမီးပရာမီလာပက်တန် (Pramila Patten)က “လိ င်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာ စစ်ပွဲရဲ့မလွှဲမသွေကြုံတွေ့ရမယ့်အရာလို့ သတ်မှတ်ထားလို့ မရဘူး။ အဲဒါဟာမလွှဲမသွေရှောင်လွှဲလို့ မရနိုင်တဲ့ဖြစ်ရပ်မဟုတ်ပါဘူး။ ဒါဟာနိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

​အရေးယူဆောင်ရွက်မှုတွေ အားနည်းနေတာနဲ့ပတ်သက်လို့ သူမကဆက်ပြီး “ကျွန်မတို့က ဘယ်နှစ်ယောက်ကျူးလွန်ခံလိုက်ရတယ်ဆိုတဲ့ အရေအတွက်ကို ပြဖို့ အစီရင်ခံစာရေးနေတာ မဟုတ်ပါဘူး။​ ကျူးလွန်ခံရသူတွေ ဘာတွေကိုရင်ဆိုင်နေရတယ်ဆိုတာကို ပြဖို့အတွက် အစီရင်ခံစာရေးနေရတာပါ။​ ဘာကြောင့်လဲဆို ကျူးလွန်ခံရသူတွေကလည်း ကျွန်မတို့လိုအစီရင်ခံစာ တင်သွင်းသူဘယ်နှစ်ယောက်ရှိလာပြီဆိုတာကို ပြန်ရေတွက်နေလို့ပါပဲ”လို့ ပြောပါတယ်။

​လုံးဝသည်းမခံသင့် (Zero-tolerance)

​ကြေကွဲစရာအမှန်တရားက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို ပြက်ရယ်ပြုစော်ကားမှုတွေကို ခံရသူတွေအတွက် မိမိတို့ နာကျင်မှုကို ထုတ်ဖော်ဖို့ရာမှာ အကြောက်တရားလွှမ်းမိုးပြီး ပိတ်ပင်သူတွေဘက်က နိုင်ငံရေးအသာစီးယူထားတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးခံထားရတာပါပဲ။

​အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (NGOWG)ရဲ့ အမှု ဆောင်ဒါရိုက်တာအိန္ဒိယနွယ်ဖွား အမျိုးသမီးကဗျာအသောက (Kaavya Asoka)ကလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာခုလိုပြောခဲ့ပါတယ်။

​”အမျိုးသမီးတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ချိတ်ဆက်ဖို့ကို ကန့်သတ်ပိတ်ပင်ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေ၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာတွေမှာ အမျိုးသမီးတွေပါဝင်ဖို့ကိစ္စတွေကို ကန့်သတ်ပိတ်ပင်ခြိမ်း ခြောက်နေတာတွေအပေါ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က လုံးဝသည်းမခံတဲ့မူကို ကျင့်သုံးသင့်နေပါပြီ။”

“​ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အမျိုးသမီးတွေကိုနေရာမပေးတဲ့ အတွေးအခေါ် အပြုအမူတွေကို ကာကွယ်ပေးစရာမလိုပါဘူး။”

“​ကျွန်မအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။ ဆီးရီးယားကနေ အာဖဂန်ထိ၊ ဆူဒန်ကနေ မြန်မာထိ၊ ယီမင်ကနေ တောင်ဆူဒန်ထိ ဒီနိုင်ငံတွေနဲ့သက်ဆိုင်တဲ့ အစီအစဉ်တွေတိုင်းမှာ အမျိုးသမီးတွေပါဝင်ခွင့်ကို ဆက်လက်စွဲကိုင်ထားပေးပါ။”

​ကဗျာဆရာမ အသောက(Kaavya Asoka)က ဆက်ပြီး မေးခွန်းထပ်ထုတ်လိုက်ပါသေးတယ်။

​”ဘာတွေကို လုပ်ရမယ်ဆိုတာ ကျွန်မတို့သိကြပါတယ်။ ဒါပေမယ့် မေးခွန်းက”ကျွန်မတို့ လုပ်ကြပါမလား။”လို့လည်း အမျိုးသမီးအရေးနဲ့ ပတ်သက်လာရင် ကြုံတွေ့နေကျအခြေအနေကိုလည်း မီးမောင်းထိုးပြထားပါတယ်။”

PrevPreviousကျောက်တော်က သက်ငယ်မုဒိမ်းမှု ကျူးလွန်ထွက်ပြေးနေသူကို ဖမ်းမိ
Nextတော်လှန်ရေးအင်အားစုခုနှစ်ခု ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းအတည်ပြုNext
Previous Post

ကျောက်တော်က သက်ငယ်မုဒိမ်းမှု ကျူးလွန်ထွက်ပြေးနေသူကို ဖမ်းမိ

Next Post

တော်လှန်ရေးအင်အားစုခုနှစ်ခု ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းအတည်ပြု

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ – ၁

August 5, 2026

အဉ္ဇနပူရရဲ့အတိတ်နဲ့ မနက်ဖြန်တွေကို တွေးတောမိခြင်း

August 3, 2026

တော်လှန်ရေးစိတ္တဇနာမ်နဲ့ အမျိုးသမီးတွေရဲ့ဒဏ်ရာကို ကုစားခြင်း

August 2, 2026

အာရက္ခဒေသက မုဒိမ်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

July 31, 2026

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

ထိုင်းမှာ ကျောင်းသားတဦး သေနတ်ပစ်ခတ်လို့ သေဆုံးသူ များ

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ထပ်တောင်းဆို

ခင်ဦးမှာ မူးမြစ်ရေဝင်လို့ ရွာအများအပြား ဘေးလွတ်ရာရွှေ့ပြောင်းနေရ

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

Releated Post

ဓာတ်ပုံ - Khaosod

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

August 7, 2026

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

August 7, 2026

ထိုင်းမှာ ကျောင်းသားတဦး သေနတ်ပစ်ခတ်လို့ သေဆုံးသူ များ

August 7, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ထပ်တောင်းဆို

August 7, 2026

ခင်ဦးမှာ မူးမြစ်ရေဝင်လို့ ရွာအများအပြား ဘေးလွတ်ရာရွှေ့ပြောင်းနေရ

August 7, 2026

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

August 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page