Border News Agency
အမေရိကန်၊ ဇူလိုင် ၃၁။
အမေရိကန်စစ်ဌာနချုပ်က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ဇူလိုင်လ ၂၉ ရက်နေ့က ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဂျော်ဒန်မှာရှိတဲ့အမေရိကန်စစ်စခန်းဒုံးကျည်နဲ့ ပစ်ခတ်ခံရပြီးနောက်ဖြစ်ပေါ်လာတာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း အီရန်ကိုပြင်းထန်စွာ တုံ့ပြန်မယ်လို့သတိပေးထားတာပါ။
အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် ကက်ရှ်မီကျွန်းရှိလူနေအဆောက်အအုံတခုထိမှန်ခဲ့ပြီး ကလေးတဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးကာ အခြားကလေးတွေလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အီရန်ဘက်ကလည်း လက်စားချေမယ်လို့ကြေညာထားပြီး ကူဝိတ်နဲ့ ဂျော်ဒန်တို့ဘက်ကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ကူဝိတ်မှာလုပ်သားတဦးသေဆုံးခဲ့ပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်မှုတွေဟာ ပင်လယ်နီနဲ့ အခြားဒေသတွေအထိကူးစက်လာနေပြီး အမေရိကန်နဲ့အီရန်တို့ကြား ရေရှည်စစ်ပွဲဖြစ်လာမှာကို ဒေသတွင်းမှာ စိုးရိမ်နေကြပါတယ်။








