Border News Agency
မကွေး၊ ဇူလိုင် ၃၁။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မကျည်းခင်ကျေးရွာမှာ ပြည်သူနှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့သူကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်တဆယ့်ငါးနှစ်ချမှတ်လိုက်တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဇူလိုင်လ ၃၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်မှ မုဒိမ်းမှုကျူးလွန်သူ မောင်ရဝေထွန်း (ခ)လင်းယုန်ကို ဇူလိုင်လ ၂၇ ရက်နေ့ဖမ်းခဲ့တာပါ။
သူ့ကို ဂန့်ဂေါမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ Black Dragon Force ၊ Senthang Revolution Force နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ပေါင်းပြီး ဖမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီမောင်ရဝေထွန်း(ခ)လင်းယုန်ဟာ အရင်ကဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှာ တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတာဝန်ယူစစ်ဆေးပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ်တဆယ့်ငါးနှစ်ချလိုက်တာဖြစ်ပါတယ်။







