Border News Agency
ထိုင်း၊ သြဂုတ် ၆။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သြဂုတ်လ ၆ ရက်၊ ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံကိုရောက်နေပါတယ်။
အဲဒီအာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်တဲ့အဖွဲ့ကို ထိုင်းနိုင်ငံတာဝန်ရှိသူတွေ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာကြိုကြတာပါ။
အာဏာသိမ်းစစ်တပ်နဲ့ ထိုင်းအစိုးရကြား နှစ်နိုင်ငံဆက်ဆံရေးလုပ်ဖို့အတွက် သွားတာဖြစ်ပါတယ်။
အဲဒီနှစ်နိုင်ငံနယ်စပ်ရေးရာနဲ့ တခြားစီးပွားရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးသွားကြမှာပါ။



















