Border News Agency
ထိုင်း၊ သြဂုတ် ၇။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်သဘူရီခရိုင်ရှိ သက်ဆီရင်စာသင်ကျောင်းမှာ ဩဂုတ်လ ၇ ရက်၊ ဒီနေ့မနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တဲ့သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးထိရှိလာပြီလို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။
သေဆုံးသူတွေထဲမှာ ဆရာသုံးဦး၊ ကျောင်းသားသုံးဦးနဲ့ ပစ်ခတ်မှုကျူးလွန်သူသေနတ်သမားတို့ပါဝင်ပြီး အခြားဆယ့်ငါးဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံသို့ပို့ဆောင်ကုသပေးနေရပါတယ်။
ပစ်ခတ်မှုကျူးလွန်သူဟာ အဲဒီကျောင်းမှ အဋ္ဌမတန်းကျောင်းသားတဦးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေပါတယ်။
လက်ရှိအချိန်အထိ ပစ်ခတ်ရတဲ့အကြောင်းရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကို အာဏာပိုင်တွေက ထပ်မံထုတ်ပြန်ထားတာမရှိသေးပါဘူး။
















