Border News Agency
ဒီပဲယင်း၊ ဩဂုတ် ၉။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရေတက်နေပြီး ကျေးရွာနှစ်ဆယ့်တရွာရေဘေးသင့်နေကြပါတယ်။
အဲဒီ ဒီပဲယင်းမြို့နယ်မှ အိမ်ထောင်စုနှစ်သောင်းငါးထောင်ခြောက်ရာနှစ်ဆယ့်လေးစုဟာ ရေဘေးကြုံနေပြီး တချို့ဒေသခံတွေမှာ ရေဘေးကြောင့် အသက်သေဆုံးခဲ့ကြရပါတယ်။
အဲဒီချောင်းရိုးကျေးရွာမှ အမျိုးသမီးခြောက်ဦးနဲ့ ကြူတောကျေးရွာကတဦး စုစုပေါင်းခုနှစ်ဦးသေဆုံးသွားပါတယ်။
အဲဒီပဲယင်းမြို့နယ်၊ရုံးသာ၊သပြေသာ၊ဝဲကြီး၊ကုန်းကြီး၊ချောင်းပေါက်၊နများ၊မူးရိုးကုန်း၊ပေါက်ရင်း၊လက်ဆည်၊မစိုးရိမ်၊ကြူတော၊မူးသစ်၊လက်လှုပ်(တ)၊အုဌ်ဆည်၊မူးကမ်းဆူးတပ်၊လက်လှုပ်(မ)၊မြကန်သာ၊ဆင်ကျွန်၊သစ်ဆိမ့်၊ချောင်းမီးတိုနဲ့ ကျွဲတိုးခြုံစတဲ့ကျေးရွာတွေ ရေဘေးသင့်နေကြပါတယ်။
















