Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု – ၅

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ဩဂုတ် ၁၅။

​၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၄၉၃ ထပ်ထွက်လာပါတယ်။

၂၀၁၉ ခုနှစ်ဟာ ပူတင်၊ရှီကျင့်ဖျင်၊မိုဒီနဲ့ထရမ့်တို့ လက်ထက်ပါပဲ။

အဲဒီဆုံးဖြတ်ချက် ၂၄၉၃ ကို အမေရိကန်၊ရုရှားနဲ့တရုတ်စတဲ့ ဗီတိုနိုင်ငံတွေမကန့်ကွက်ခဲ့ပါဘူး။

အဲဒီအပြင် ၂၄၉၃ ထဲမှာ အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူဖို့အပိုင်းတွေကို ထပ်ပြီးအတည်ပြုခဲ့ပါတယ်။

အဲဒီအပြင်​ဆုံးဖြတ်ချက်တွေချမှတ်လာရင် အရင်ဆုံးဗီတိုပိုင်တဲ့နိုင်ငံတွေက လိုက်နာအကောင်အထည်ဖော်မှုကိုပြရပါတယ်။

​လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိစပ်နယ်မြေ​အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေးစခန်းတွေဟာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်နေပါတယ်။

ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့ ပုံစံတမျိုးမျိုးရဲ့ လေ့ကျင့်ရေး၊စုဆောင်းရေးစခန်းတွေဟာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ငန်းနယ်ပယ်တွေနဲ့သက်ဆိုင်ပါတယ်။

အဲ​ဒီတော့ လက်နက်ကိုင်တပ်ဖွဲ့ပုံစံတမျိုးမျိုးနဲ့သက်ဆိုင်တဲ့ အခင်းအကျင်းတွေထဲက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဗီတိုပိုင်တဲ့ အမေရိကန်၊ရုရှား၊တရုတ်နဲ့ ဒေသတွင်းအင်အားကြီး အိန္ဒိယမှာဘယ်လိုကိုင်တွယ်အရေးယူနေသလဲဆိုတာကို အောက်မှာလေ့လာနိုင်ပါတယ်။

​အမေရိကန်

​အမျိုးသမီးအကျဉ်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနက ၂၀၂၆ ခုနှစ်၊ဩဂုတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

​အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်ထဲက စာရိတ္တပြုပြင်ရေးစခန်းတွေနဲ့အကျဉ်းထောင်တွေမှာ အမျိုးသမီးအကျဉ်းသူတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအပေါ် အကာအကွယ်ပေးဖို့ပျက်ကွက်နေတယ်လို့ အမေရိကန်တရားရေးဌာနကဆိုပါတယ်။

​ကယ်လီဖိုးနီးယားစာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန (CDCR)၊ ကယ်လီဖိုးနီးယား ဗဟိုအမျိုးသမီးရေးရာဌာန(CCWF)နဲ့ကယ်လီဖိုးနီးယား အ မျိုးသမီးရေးရာအင်စတီကျူး(CIW) မှာ အမျိုးသမီးအကျဉ်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေပြီး ဒါကိုတာဝန်ရှိသူတွေဘက်က အကာအကွယ်ပေးဖို့ ပျက်ကွက်နေတာပါ။

​အဲဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာလို့လည်း အမေရိကန်တရားရေးဌာန (DOJ) က ဆိုပါတယ်။

​ဝန်ထမ်းတွေရဲ့လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို ထိန်းချုပ်ဖို့ပျက်ကွက်တာ၊ လုံလောက်တဲ့အကာအကွယ်တွေမပေးတာ၊ ယုံကြည်စိတ်ချနိုင်လောက်တဲ့ အစီ ရင်ခံစာတွေတင်ဖို့ ပျက်ကွက်တာ၊ စုံစမ်းစစ်ဆေးမှုပုံစံတွေတရားမျှတမှုမရှိတာ၊ လုံလောက်တဲ့တာဝန်ခံမှုအတွက် နည်းစနစ်အရေးယူမှုတွေ အားနည်းတာတွေကို တရားရေးဌာနကမဖုံးကွယ်ဘဲ ပြည်သူတွေသိအောင် ထုတ်ပြန်တယ်လို့လည်းဆိုပါတယ်။

​အမေရိကန်ဖွဲ့စည်းပုံပြင်ဆင်ချက် ၈ နဲ့ ၁၄ အရ ပေးအပ်ထားတဲ့အမျိုးသမီးအကျဉ်းသူတွေရဲ့ အခွင့်အရေးတွေအပေါ် စနစ်တကျချိုးဖောက်နေတာတွေကို အဆုံးသတ်ပစ်မယ်လို့လည်း တရားရေးဌာနကဆိုပါတယ်။

ကယ်လီဖိုးနီးယားစာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန(​CDCR)၊ကယ်လီဖိုးနီးယားဗဟိုအမျိုးသမီးအကျဉ်းထောင်(CCWF)နဲ့ ကယ်လီဖိုးနီးယား အမျိုးသမီးရေးရာအင်စတီကျူး(CIW)ဟာ အကျဉ်းထောင်တွင်းမုဒိမ်းမှုတိုက်ဖျက်ရေးဥပဒေ (Prison Rape Elimination Act – PREA) ကို အပြည့်အဝ အကောင်အထည်မဖော်တာဟာ ဥပဒေကိုချိုးဖောက်တာလို့လည်း တရားရေးဌာနကဆိုပါတယ်။

​တရားရေးဌာနရဲ့ လက်ထောက်ရှေ့နေချုပ်ဟာ မီတ်ကေဒီလ်လန် (Harmeet K. Dhillon) က အမျိုးသမီးအကျဉ်းသူတွေမှာ အာဏာရှိတဲ့ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုက အကာအကွယ်ရဖို့ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေးရှိတယ်လို့ဆိုပါတယ်။

​ကယ်လီဖိုးနီးယားစာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး(​CDCR)ဌာနဟာ ဒီလိုမတရားမှုတွေအကြိမ်ကြိမ်ဖြစ်နေတာကို သိရှိထားပါတယ်။ အာဏာရှိတဲ့ ဝန်ထမ်းတွေရဲ့စော်ကားမှုတွေထဲမှာ အမျိုးသမီးအကျဉ်းသူတွေဟာ ဒုက္ခတွေခံစားနေရပါတယ်။ ဒါကို အကာအကွယ်ပေးဖို့ပျက်ကွက်ခဲ့တယ်လို့ တရားရေးဌာနက ဆိုပါတယ်။

​အဲဒီလိုကြမ်းတမ်းစက်ဆုတ်စရာကောင်းတဲ့ ယုတ်မာစော်ကားမှုတွေကို တရားရေးဌာနကအဆုံးသတ်ပစ်မယ်လို့ ဆိုပါတယ်။

​အဲဒီလိုထုတ်ပြန်ရတာဟာ ဖက်ဒရယ်အဆင့်ပြည်သူ့အခွင့်အရေးဆိုင်ရာဥပဒေတွေဟာ လွတ်လပ်တဲ့အရေးယူဆောင်ရွက်နိုင်တယ်ဆိုတာကို သိသာစေချင်လို့ ဖြစ်တယ်လို့လည်းဆိုပါတယ်။

​အမေရိကန်ပြည်ထောင်စုမှာ ၁၉၈၀ ပြည့်နှစ်က အစိုးရထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းတွေမှာရောက်ရှိနေသူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာဥပဒေ Civil Rights of Institutionalized Persons Act (CRIPA) ကိုပြဋ္ဌာန်းထားပါတယ်။

အဲဒီဥပဒေအရ တရားရေးဌာနဟာစိစစ်နေတာပါ။

​အမေရိကန်တရားရေးဌာနက ပြည်သူလူထုကိုလည်း အခွင့်အရေးချိုးဖောက်မှုတွေအပေါ် သတ္တိရှိရှိတိုင်ကြားကြဖို့ကို ဆော်ဩထားပါသေးတယ်။

​အိန္ဒိယ (India)

​အိန္ဒိယကလည်း ဒီမိုကရေစီစနစ်ဖြစ်တာကြောင့် ဥပဒေကြောင်းအရအကာအကွယ်ပေးမှုတွေနဲ့ တရားရုံးတွေရဲ့ပါဝင်ပတ်သက်မှုမြင့်မားပါတယ်။

​ဂါဒီးယန်းသတင်းစာရဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ဖော်ပြချက်မှာ အိန္ဒိယအကျဉ်းထောင်တွေဟာ ဖုံးဖိထားတဲ့မုဒိမ်းမှုအရှုပ်တော်ပုံတွေရှိနေပြီး ဝန်ထမ်းတွေနှုတ်ပိတ်ခတွေ ရယူထားကြတယ်လို့ဆိုပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်က အကျဉ်းထောင်တွေမှာ အမျိုးသမီးအကျဉ်းသူတွေကို အမျိုးသားအကျဉ်းသားတွေဆီပို့ကြပါတယ်။ ထောင်တွေထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုက ရိုးရှင်းတဲ့ပုံမှန်လိုဖြစ်နေပြီး ကလေးသူငယ်ရာပေါင်းများစွာ မွေးဖွားလာကြပါတယ်။ အမျိုးသမီးတွေကကြောက်ရွံ့လွန်ပြီး ထုတ်ဖော်ပြောဆိုရဲခြင်းမရှိကြဘူး။ ဒါတွေကို တရားရုံးကပြန်စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

​ဥပဒေနဲ့တရားရုံးစနစ်တွေ အားကောင်းပေမယ့် အိန္ဒိယတရားစီရင်ရေးစနစ်ကြာမြင့်တာ၊ ဒေသဆိုင်ရာရဲတပ်ဖွဲ့တွေရဲ့ လွှမ်းမိုးတာတွေကြောင့် အောက်ခြေအဆင့်မှာတိုင်ကြားဖို့ ကြောက်ရွံ့တာတွေရှိနေဆဲဖြစ်ပေမယ့် အစိုးရမဟုတ်တဲ့ (NGOs)တွေ၊ မီဒီယာတွေဖော်ထုတ်နိုင်တာ အိန္ဒိယအတွက်အားသာချက်ပါ။

သတင်းစာမျက်နှာပေါ်ရောက်လာတဲ့အမှုတွေကိုသာ တရားရုံးကအရာရှိတွေ အရေးယူလုပ်ပေးကြပါတယ်။

​ရုရှား

​လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်တွေကြောင့် ရုရှားကထောင်အရာရှိငါးဦးကို ရာထူးမှထုတ်ပယ်ခဲ့တယ်လို့ DW သတင်းဌာနက AFP နဲ့ ရိုက်တာ သတင်းဌာနတွေကို ကိုးကားပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

​ရုရှားတောင်ပိုင်းစာရာတော့ဗ် (Saratov) ပြည်နယ်မှာ အကျဉ်းထောင်အရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်အရေးယူခဲ့တာပါ။

ကျူးလွန်သူတွေကို ရာထူးကထုတ်ပယ်ပြီး ရုရှားအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

​တရုတ်

​၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ South China Morning Post သတင်းစာက တရုတ်မှာသံကြိုးဖြင့်ချည်နှောင်ခံရတဲ့ အမျိုးသမီးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အရာရှိတွေကို ရာထူးမှထုတ်ပယ်ပြီး ပြစ်ဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

​အစိုးရရဲ့ထုတ်ပြန်ချက်အရ အဲဒီအမျိုးသမီးကိုတွေ့ရှိခဲ့တဲ့ မြို့နယ်အဆင့်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကိုလည်းရာထူးမှထုတ်ပယ်ခဲ့တယ်လို့ဆိုပါတယ်။

​အဲဒီအမျိုးသမီးကိုလူကုန်ကူးသူတဦးက ဂျင်းဆူ (Jiangsu) ပြည်နယ်ကိုခေါ်လာပြီး မင်္ဂလာဆောင်သတို့သမီးအဖြစ်နှစ်ကြိမ်တိုင်တိုင်ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။

​အဲဒီလိုအခြေအနေတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူကိုရောကျူးလွန်မှုအပေါ် ကိုင်တွယ်ဖို့ ပျက်ကွက်တဲ့တာဝန်ရှိသူတွေကိုပါ အရေးယူလာတဲ့ဖြစ်စဉ်တွေပါ။

​အဲဒါတွေကိုကြည့်ရင် နောက်ခံအခြေအနေတချို့ကိုလည်း ဆွဲထုတ်နိုင်ပါတယ်။

​ကျူးလွန်ခံရသူသားကောင်တွေဟာ လွတ်လပ်ပွင့်လင်းတဲ့အခင်းအကျင်းထဲမှာမရှိဘဲ ထိန်းချုပ်ခံရမှုအောက်တခုခုထဲမှာ ရှိနေတာ၊

အဲဒီလိုထိန်းချုပ်ခံရတဲ့အခြေအနေထဲမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတွေ၊သူတို့နဲ့ နီးစပ်သူတွေက ကျူးလွန်သူတွေဖြစ်နေတာ၊​ လွတ်လပ်ပွင့်လင်းတဲ့ အခင်းအကျင်းထဲမှာမရှိဘဲ ထိန်းချုပ်ခံရမှုအောက်တခုခုထဲမှာရှိနေတာကြောင့် သတင်းအချက်အလက်အမှောင်ဖုံးနေတဲ့အနေအထားကို ကျူးလွန်သူတွေက အသုံးချနေတာ၊​ကျူးလွန်သူတွေဟာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့အုပ်စုထဲကဖြစ်တာကြောင့် လုပ်ပိုင်ခွင့်အာဏာရှိတဲ့အုပ်စုတွေကပဲ ဖုံးဖိထားတာ၊​သားကောင်တွေဟာ ကိုယ်ကျူးလွန်ခံရမှုကို ဖော်ထုတ်ဖို့ကြောက်လန့်နေတာ​စတဲ့ အချက်တွေကိုတွေ့ရမှာပါ။

​တော်လှန်ရေးနယ်မြေတွေက လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေ

​အဲဒီအချက်တွေနဲ့ မြန်မာနိုင်ငံထဲက ရခိုင်အပါအဝင်တော်လှန်ရေးနယ်မြေတွေကို ချိန်ထိုးကြည့်ရင်ကိုက်ညီနေတာတွေကို တွေ့ရမှာပါ။

​တော်လှန်ရေးနယ်မြေထဲက ထိန်းသိမ်းရေးစခန်းတွေ၊လေ့ကျင့်ရေးစခန်းတွေ၊ စုဆောင်းရေးစခန်းတွေဟာ သတင်းအချက်အလက်ဆိုင်ရာလွတ်လပ်ပွင့်လင်းမှုမရှိတာသဘာဝပါ။

​အဲဒီလို ရေခံ၊မြေခံပေါ်မှာ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေအတွက် အသံတွေထွက်လာဖို့ခက်ခဲနေပါတယ်။

​ဒါပေမယ့် ရခိုင်ဒေသဟာနိုင်ငံတကာတရားရုံး(ICJ)ရဲ့ စီရင်ချက်အောက်မှာရှိနေပြီး မြန်မာနိုင်ငံတဝှမ်းထဲက လက်နက်ကိုင်တွေရဲ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တား(IIMM) ကလည်း စုံစမ်းမှတ်တမ်းတင်နေချိန်ပါ။

နိုင်ငံတကာတရားရုံး(​ICJ) စီရင်ချက်ထွက်လာခဲ့ရင် ရာဇဝတ်မှုတွေကိုကိုင် တွယ်ရမယ့်တရားရုံးတွေ ရှိလာနိုင်ပါတယ်။

​လက်ရှိမှာလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က စုံစမ်းမှုတွေရှိနေပါတယ်။ ရုရှား၊ တရုတ်မှာတောင် ဘယ်လောက်ပဲအာဏာရှင်ဆန်ပြီး အကန့်အသတ်တွေရှိနေပါစေ ဖုံးမရဖိမရဖြစ်လာရင် အောက်ခြေအဆင့်တွေကို ထိုးကျွေးတတ်တာပါပဲ။

​လက်ရှိမှာ ရုရှား၊တရုတ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်တွေရှိနေပါတယ်။

​အဲဒီလို စွပ်စွဲချက်တွေကိုလည်း ကိုယ့်ပြည်တွင်းတရားစီရင်ရေးစနစ်နဲ့ကိုင်တွယ်ပြပြီး အောက်ခြေအဆင့်၊အလယ်အလတ်အဆင့်၊အထက်အဆင့်အရာရှိတွေကိုထိုးကျွေးပြီး ရှောင်ထွက်တတ်ပါတယ်။

​နိုင်ငံတကာမှာ အမြတ်ထုတ်လို့ရတဲ့ အခင်းအကျင်းတွေရှိလာရင် စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာကအရေးယူဖို့ ထောက်ခံပြထွက်ပေါက်ရှာတတ်ပါတယ်။

​အမေရိကန်ဆိုလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး( ICC )က အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကျူးလွန်မှုကို အရေးယူဖို့ကိုကန့်ကွက်နေပေမယ့် တကယ်တမ်းဖုံးမရဖိမရဖြစ်လာရင် ကိုယ်တိုင်အရေးယူခဲ့တာတွေရှိပါတယ်။

​ခုလည်းတရားရေးဌာနကထုတ်ပြန်ချက်ဟာ လူထုနဲ့နိုင်ငံတကာဆီကဖိအားတွေလျော့အောင် အလိုက်သင့်ပြန်ပြီးတုံ့ပြန်တဲ့ သဘောလည်းပါပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေဟာ ဒီအတိုင်းပျောက်ပျက်သွားမှာမဟုတ်ပါဘူး။

​ကိုးကား…

USA…

https://www.cbsnews.com/losangeles/news/justice-department-california-womens-prisons-sexual-abuse
https://www.justice.gov/opa/pr/justice-department-finds-california-womens-prisons-violate-constitution-failing-protect

Russia…

https://amp-dw-com.cdn.ampproject.org/v/s/amp.dw.com/en/russia-fires-5-prison-officials-amid-sexual-abuse-allegations/a-59427363

China…

https://amp-scmp-com.cdn.ampproject.org/v/s/amp.scmp.com/news/china/politics/article/3168099/officials-sacked-and-punished-over-case-chained-woman-china

India…

https://www.theguardian.com/global-development/2024/feb/23/rape-sexual-abuse-women-babies-indian-prisons-west-bengal
PrevPreviousမိုဇိုရမ်မှာ ကျပ်ဘီလီယံချီတန်ဖိုးရှိ ဘိန်းဖြူနဲ့ ကွမ်းသီးတွေဖမ်းမိ
Nextအချုပ်ထောင်မှထွက်ပြေးတဲ့ မုဒိမ်းမှုတရားခံဖမ်းပေးသူကို ULA ဂုဏ်ပြုNext
Previous Post

မိုဇိုရမ်မှာ ကျပ်ဘီလီယံချီတန်ဖိုးရှိ ဘိန်းဖြူနဲ့ ကွမ်းသီးတွေဖမ်းမိ

Next Post

အချုပ်ထောင်မှထွက်ပြေးတဲ့ မုဒိမ်းမှုတရားခံဖမ်းပေးသူကို ULA ဂုဏ်ပြု

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူငါးဆယ်ဦးရှိလာ

September 29, 2026
ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို အာဆီယံလွှတ်တော်အမတ်အဖွဲ့ရှုတ်ချ

September 29, 2026
ဓာတ်ပုံ - AA (ပုံဟောင်း)

စစ်တွေ-ပုဏ္ဏားကျွန်းအပါအဝင် စစ်မျက်နှာခုနှစ်ခုမှာ အာဏာသိမ်းစစ်တပ်စစ်ရှုံးနေ

September 29, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာတလအတွင်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဆယ့်တဦးသေဆုံး

September 29, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို အာဆီယံလွှတ်တော်အမတ်အဖွဲ့ရှုတ်ချ

စစ်တွေ-ပုဏ္ဏားကျွန်းအပါအဝင် စစ်မျက်နှာခုနှစ်ခုမှာ အာဏာသိမ်းစစ်တပ်စစ်ရှုံးနေ

အာရက္ခဒေသမှာတလအတွင်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဆယ့်တဦးသေဆုံး

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦး ရှိလာပြီလို့ AA အတည်ပြု (ဓာတ်ပုံသတင်း)

ကျောက်တော်လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို တုန့်ပြန်မယ်လို့ ULA/AA ဆို

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

Releated Post

ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုကို အာဆီယံလွှတ်တော်အမတ်အဖွဲ့ရှုတ်ချ

September 29, 2026
ဓာတ်ပုံ - AA (ပုံဟောင်း)

စစ်တွေ-ပုဏ္ဏားကျွန်းအပါအဝင် စစ်မျက်နှာခုနှစ်ခုမှာ အာဏာသိမ်းစစ်တပ်စစ်ရှုံးနေ

September 29, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာတလအတွင်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဆယ့်တဦးသေဆုံး

September 29, 2026
ဓာတ်ပုံ - AA

ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦး ရှိလာပြီလို့ AA အတည်ပြု (ဓာတ်ပုံသတင်း)

September 29, 2026

ကျောက်တော်လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို တုန့်ပြန်မယ်လို့ ULA/AA ဆို

September 29, 2026
Photo - ONN

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

September 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page