Border News Agency
မကွေး၊ ဩဂုတ် ၁၅။
မကွေးတိုင်း၊ပခုက္ကူခရိုင်အတွင်း အင်အားငါးရာခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ထိတွေ့တိုက်ပွဲ အကြိမ်သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကငါးဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ အညာတမာစစ်ဆင်ရေးအဖွဲ့က သြဂုတ်လ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီခုခံတိုက်ခိုက်မှုတွေကို အညာတမာစစ်ဆင်ရေးစုဖွဲ့မှုနဲ့ မကွေး PDF၊ BPLA၊ ABSDF၊ PLA နဲ့ ခရိုင်/မြို့နယ် ပကဖအပါအဝင် ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုအများအပြားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သလို အလင်းဝင်လာတဲ့ပြည်သူ့စစ်လေးဦးကိုလည်း မိဘတွေဆီပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်နဲ့မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာဆယ့်တရွာမှ ပြည်သူ့နေအိမ်သုံးရာခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူနှစ်ဆယ့်လေးဦးကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။
အဲဒါကြောင့်ဒေသခံပြည်သူတွေ စစ်ရေးသတိနဲ့နေထိုင်ကြဖို့နဲ့ စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက် ရုန်းထွက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။



























