Border News Agency
ဘူးသီးတောင်၊ ဩဂုတ် ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်က မြိုလူမျိုးသုံးရွာရှိဒေသခံတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဩဂုတ်လ ၁၄ ရက်နေ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်၊ဘိုကလေ(ရွာသစ်)၊ဘိုကလေ(ရွာဟောင်း)နဲ့ ကြောင်ဇာရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာပါ။
အဲဒီအပြင်ကျန်းမာရေးအသိပညာပေးတာတွေလည်းလုပ်ခဲ့ပါတယ်။
ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆောင်ရွက်ပေးနေပါတယ်။















