Border News Agency
ရုရှား၊ဩဂုတ် ၁၈။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၇ ရက်၊ညပိုင်းမှာ ရောက်ရောက်ရှိသွားပြီဖြစ်ပါတယ်။
လေဆိပ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်အဖွဲ့ကို ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဇင်ဂျင်နာဒီယီဗစ်ရီရှက်နီကော့ဗ်နဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့က လာရောက်ကြိုဆိုခဲ့ကြပါတယ်။
အဲဒီခရီးစဉ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင်၊ဝန်ကြီးချုပ်နဲ့ ဒူးမားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် အစိုးရပိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာပါ။
တွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံစီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဲဒီအပြင် ခရီးစဉ်အတွင်းကျင်းပမယ့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။















