Border News Agency
ထိုင်း၊ ဩဂုတ် ၁၈။
ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်မြို့မှာ ကြက်တိုက်လောင်းကစားပြုလုပ်နေကြတဲ့ မြန်မာနိုင်ငံသားကိုးဦးနဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖူးခက်မြို့နယ်၊ရတ်စဒါရပ်ကွက်ရှိနေရာတခုမှာ သြဂုတ်လ ၁၆ ရက်နေ့က ကြက်ဝိုင်းပြုလုပ်နေတဲ့ သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီနေရာမှာ သံသယရှိသူဆယ့်တဦးနဲ့အတူ ခွပ်ကြက်နှစ်ကောင်၊ခွပ်ကြက်ကွင်းနဲ့ နာရီတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေကလည်း လောင်းကစားလုပ်နေကြောင်း ဝန်ခံခဲ့ကြပါတယ်။
အဲဒီဖမ်းဆီးရမိသူ ထိုင်းနှစ်ဦးနဲ့ မြန်မာကိုးဦးတို့ကို တရားမဝင်လောင်းကစားပြုလုပ်မှုနဲ့စွဲချက်တင်ထားပြီး ဖူးခက်မြို့မရဲစခန်းမှာ အရေးယူထားပါတယ်။










