Border News Agency
ပုဏ္ဏားကျွန်း၊ ဩဂုတ် ၁၈။
ပုဏ္ဏားကျွန်းမြို့နယ်၊ကြံခင်းကျေးရွာမှ မိမိစိတ်ဆန္ဒအရ အာရက္ခတပ်တော်(AA)ဆီတာဝန်ထမ်းဆောင်ဖို့လာတဲ့ အသက်မပြည့်သေးတဲ့ ကလေးသုံးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဩဂုတ်လ ၁၈ ရက်၊ဒီနေ့မှာ မိဘတွေဆီပြန်အပ်လိုက်ပါတယ်။
အဲဒီအသက်ဆယ့်သုံးနှစ်အရွယ် မောင်ကျော်ဆန်းဦး၊ မောင်စိုးနိုင်ဦးနဲ့ အသက်ဆယ့်လေးနှစ်အရွယ်မောင်ဝင်းမင်းသန်းကို ပြန်အပ်ခဲ့တာပါ။
သူတို့ သုံးဦးဟာ ဩဂုတ်လ ၁၃ ရက်နေ့က မိဘတွေကိုအသိမပေးဘဲ သုံးဘီးနဲ့စခန်းတခုသို့ စစ်သားလုပ်ဖို့ရောက်ရှိလာကြတာဖြစ်ပါတယ်။
အဲဒီစခန်းရှေ့ရောက်ရှိချိန် ခေါ်ယူစစ်ဆေးရာမှ အသက်မပြည့်သေးတာကိုသိရှိခဲ့ရသလို ပညာသင်ကြားရမယ့် အရွယ်တွေဖြစ်လို့ မိဘတွေနဲ့အဆက်အသွယ်လုပ်ကာပြန်လည်အပ်ခဲ့တာပါ။












