Border News Agency
နေပြည်တော်၊ ဩဂုတ် ၂၂။
ဘယ်လာရုစ်ရောက် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတလူကာရှန်ကိုနဲ့ ဩဂုတ်လ ၂၁ ရက်နေ့က မင့်စ်မြို့မှာတွေ့ဆုံစဉ် လာမယ့် ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ပြောပါတယ်။
အဲဒီအပြင်ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာနဲ့ဘယ်လာရုစ်နိုင်ငံက စောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့လည်း စစ်ခေါင်းဆောင်ကဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အတုအယောင်ဟန်ပြရွေးကောက်ပွဲလုပ်ပြီးအတင်းအဓမ္မသမ္မတတုဖြစ်နေတာဖြစ်ပါတယ်။
အဲဒီအတင်းအဓမ္မသမ္မတတုအမည်နဲ့ အာဏာရှင်နိုင်ငံတချို့နဲ့ အကျိုးစီးပွားတူနိုင်ငံတချို့ကို သွားနေတာဖြစ်ပါတယ်။












