Border News Agency
နေပြည်တော်၊ ဩဂုတ် ၂၄။
လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးစေလွှတ်နိုင်ဖို့အတွက် မြန်မာနဲ့ ရုရှားနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
အဲဒီ MoU ကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားနိုင်ငံသို့သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ရေးထိုးခဲ့ကြတာပါ။
ဒီပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစခန်းတည်ဆောက်ရေးနဲ့ အာကာသအန္တရာယ်စောင့်ကြည့်ကာကွယ်ရေးစခန်း တည်ဆောက်ရေးတို့လည်းပါဝင်ပါတယ်။
အဲဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံအတွက် နားလည်မှုစာချွန်လွှာဆယ့်နှစ်ခုအထိရေးထိုးခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း၊ စွမ်းအင်နဲ့ နည်းပညာကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြပြီး ဒီလုပ်ငန်းတွေအကောင်အထည်ပေါ်လာပါက ပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးကို အထောက်အကူပြုမယ်လို့ ဆိုပါတယ်။








