Border News Agency
မောင်တော၊ ဩဂုတ် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေပါတယ်။
အဲဒီမောင်တောမြို့ဝင်ဂိတ်၊ရွှေဇားဂိတ်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အချိန်ပြည့်ကင်းလှည့်နေပြီး မြို့အဝင်အထွက်တွေကိုလည်း အဓိကစစ်ဆေးနေပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အရပ်သားအသွင်ယူပြီးမြို့အတွင်းသို့ ဝင်ရောက်လာတာမရှိစေဖို့ စစ်ဆေးမှုဆောင်ရွက်နေတာပါ။
အဲဒီမောင်တောခရိုင်အုပ်ချုပ်ရေးဌာနက ပြီးခဲ့တဲ့ဩဂုတ်လ ၁၁ ရက်နေ့မှစလို့ ညမထွက်ရအမိန့်ထုတ်ထားပါတယ်။















