Border News Agency
မီဇိုရမ်၊ ဩဂုတ် ၂၅။
အိန္ဒိယ-မြန်မာနယ်စပ်၊မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်မြို့၊ New Champhai ရပ်ကွက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို ဩဂုတ်လ ၂၉ ရက်မတိုင်မီ ရပ်ကွက်အတွင်းမှထွက်သွားကြဖို့ New Champhai Branch YMA က အသိပေးလိုက်ပါတယ်။
အဲဒီမြန်မာနိုင်ငံသားခြောက်ဦးဟာ ဘိန်းဖြူရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေတာကြောင့် အခုလို ရပ်ကွက်မှထွက်သွားဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။
အသိပေးခံရသူတွေမှာ စက္ကန့် တဟန်းအှာနေထိုင်သူတွေဖြစ်တဲ့ Lalsangzela Tlau၊ Lalawmpuii၊ Biakṭhatluang၊ Lalthlamuana၊ Lalruatthara နဲ့ မြို့လှမှ Ṭhach
ungnung တို့ ဖြစ်ကြပါတယ်။
သူတို့အနေနဲ့ လာမယ့် ဩဂုတ်လ ၂၉ ရက်နောက်ဆုံးထားပြီး New Champhai ရပ်ကွက်အတွင်းမှ ထွက်ခွာပေးရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ငွေကြေးလိမ်လည်မှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာနိုင်ငံသားရှစ်ဦးကို ပြည်နယ်အတွင်းမှတပတ်အတွင်း ထွက်ခွာဖို့ Champhai Bethel YMA က နှင်ထုတ်ခဲ့ပါသေးတယ်။
မီဇိုရမ်နယ်စပ်မှာ မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်မှုတွေမှာပါဝင်ပတ်သက်တဲ့ မြန်မာနိုင်ငံသားတွေကို ဒေသခံ YMA အဖွဲ့တွေကသတိပေး နှင်ထုတ်တာတွေခပ်စိပ်စိပ်ပြုလုပ်လာနေတာဖြစ်ပါတယ်။
ခုလိုမူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေကြောင့် စစ်ဘေးရှောင်မြန်မာနိုင်ငံသားတွေအပေါ် ဒေသခံတွေရဲ့အမြင် စည်းကမ်းပိုမိုတင်းကြပ်လာနိုင်တယ်လို့ မီဇိုရမ်ရောက်မြန်မာတွေကဆိုကြပါတယ်။








