Border News Agency
နေပြည်တော်၊ ဩဂုတ် ၂၆။
မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းအားလုံးကို စံကိုက်ကျောင်းတွေဖြစ်လာစေဖို့ ဆောင်ရွက်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဩဂုတ်လ ၂၅ ရက်၊နေ့က ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။
တနိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း ငါးသောင်းခန့်ရှိတဲ့ထဲက စံကိုက်ကျောင်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိသေးလို့ မူလတန်းကို မြေ ၃ ဧကမှ ၅ ဧက၊အလယ်တန်းကို ၅ ဧကမှ ၇ ဧကနဲ့ အထက်တန်းကို ၇ ဧကမှ ၁၀ ဧကအထိရှိရမယ်လို့ဆိုပါတယ်။
စံကိုက်ကျောင်းတွေဖြစ်လာစေဖို့ စာရင်းကောက်ယူခိုင်းထားပေမယ့် မြေပြင်မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းအများအပြား ပျက်စီးနေရတာပါ။
အာရက္ခပြည်အပါအဝင် ဒေသအများအပြားမှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းတွေပျက်စီးပြီး ကျောင်းသူကျောင်းသားတွေပါ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၆-၂၇ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတက်ရောက်သူ ၆.၇ သန်းသာ ရှိပြီး ကျောင်းအသက်အရွယ်ကလေး ၁၃ သန်းခန့် ရှိတဲ့ထဲက ၆.၃ သန်းကျော် ကျောင်းမတက်နိုင်ဘဲရှိနေတယ်လို့ ISP-Myanmar ရဲ့ ၂၀၂၆ ဇွန်အစီရင်ခံစာမှာဖော်ပြထားပါတယ်။










