Border News Agency
နီပေါ၊ ဩဂုတ် ၂၈။
နီပေါနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုအတွင်း သေဆုံးသွားတဲ့အမျိုးသမီးတဦးရဲ့ အလောင်းပေါ်ကနေ ရွှေနားကပ်ဖြုတ်ယူခဲ့ကြတဲ့ အမျိုးသားနှစ်ဦးကို နီပေါရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။
ရုပ်သံဗီဒီယိုဖိုင်အရ အဲဒီအမျိုးသားနှစ်ဦးဟာ Narayani မြစ်အတွင်း မျောပါလာတဲ့ အလောင်းကို ဆွဲယူပြီး အနီးအနားမှာရပ်ကြည့်နေသူတွေရှိစဉ်မှာပဲ ဝတ်ဆင်ထားတဲ့ရွှေနားကပ်တွေကို ဖြုတ်ယူသွားခဲ့ကြတာပါ။
ပြစ်မှုကျူးလွန်သူ Madan Gurung နဲ့ Umesh Chaudhary တို့နှစ်ဦးကို နီပေါရဲတပ်ဖွဲ့က ဩဂုတ်လ ၂၇ ရက်မှာ Bharatpur မြို့ရှိ ဘတ်စ်ကားကွင်းအနီးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်မှာ ခုလိုလူမဆန်တဲ့ခိုးယူလုယက်မှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ နီပေါရဲတပ်ဖွဲ့က ပြင်းထန်စွာရှုတ်ချထားပါတယ်။
နီပေါ-တိဘက်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအတွင်း လက်ရှိအချိန်အထိ သေဆုံးသူငါးရာနီးပါးအထိရှိလာပြီး တထောင့်ငါးရာကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။








