Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

“အခွန်မူဝါဒဟာ အာရက္ခပြည်သူတရပ်လုံး လုံခြုံတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရား ရေရှည်တည်တံ့ရေးတို့အတွက် အဓိကရည်ရွယ်ပါတယ်။”

Author picture

By

Saw Shin Nyo
Reading Time: 4 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊စက်တင်ဘာ ၃။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး၊မူဝါဒနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတွေသိရှိနားလည်စေဖို့ ရည်ရွယ်တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီULA ဗဟိုရုံးမှ မလှမြခိုင်နဲ့ ဗဟိုအခွန်ကောက်ခံရေးဌာန ဒု-ဌာနမှူး ကိုမောင်မောင်ဝင်းရခိုင်ဘာသာစကားနဲ့ဆွေးနွေးတင်ပြခဲ့တာကို Border NewsAgency က မြန်မာဘာသာနဲ့ပြန်ဖော်ပြလိုက်ပါတယ်။

အခွန်ကောက်ခံရတာရဲ့ အဓိကရည်ရွယ်ချက်ငါးရပ်ကို အောက်ပါအတိုင်းအနှစ်ချုပ်တင်ပြထားပါတယ်။

​၁။အာရက္ခပြည်ရဲ့ အဓိကဝင်ငွေကို တနှစ်ထက်တနှစ်တိုးမြှင့်ကောက်ခံနိုင်ဖို့။

၂။ အာရက္ခပြည်ရဲ့ လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့။

၃။ ပြည်သူတွေရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကိုထိန်းညှိစီမံနိုင်ဖို့။

၄။ ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ရေးနဲ့ လူမှုရေးတန်းတူညီမျှမှုတိုးတက်စေဖို့။

၅။ တိုင်းပြည်ရဲ့ဝင်ငွေတွေ အလဟဿဆုံးရှုံးမှုမရှိစေဖို့။

​အခွန်မူဝါဒဟာ အာရက္ခပြည်သူတရပ်လုံး လုံခြုံတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရားရေရှည်တည်တံ့ရေးတို့အတွက် အဓိကရည်ရွယ်ပါတယ်။

အခွန်မူဝါဒဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကုန်ကျစရိတ်၊အမြတ်အစွန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုဘဝတိုးတက်မှုတွေအပေါ် တိုက်ရိုက်သ
က်ရောက်မှုရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်းကုန်တွေကိုလည်း အဓိကထိန်းညှိပေးပါတယ်။

​လက်ရှိအချိန်မှာအာရက္ခပြည်အခွန်ဌာနအနေနဲ့ ကုန်းလမ်းနဲ့ရေလမ်းကုန်သွယ်ရေးလမ်းကြောင်းတွေမှာ စနစ်တကျအခွန်ကောက်ခံနေရာ၊ကုန်သည်တွေနဲ့ ပြည်သူလူထုကလည်း အစိုးရအပေါ် ယုံကြည်စွာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။

​ပြည်သူကိုဗဟိုပြုပြီး အခွန်ကောက်ခံရာမှာ အများပြည်သူအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးကို အဓိကထားဦးစားပေးစဉ်းစားဆောင်ရွက်ပါတယ်။

​ကုန်စည်အမျိုးအစားအလိုက်အခွန်နှုန်းထားတွေကို ကာလဒေသအခြေအနေအပေါ် မူတည်ပြီး အလျော့အတင်းညှိနှိုင်းကောက်ခံနေပါတယ်။

​အခွန်ဌာနအနေနဲ့ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို စနစ်တကျစီမံခန့်ခွဲပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနေပါတယ်။

​အခြေခံစားသောက်ကုန်တွေကို အခွန်ကင်းလွတ်ခွင့်(သို့မဟုတ်)အနိမ့်ဆုံးနှုန်းထားနဲ့သာကောက်ခံပြီး ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကုန်ပစ္စည်းတွေကိုမူ အခွန်တိုးမြှင့်ကောက်ခံနေပါတယ်။

​အခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ အခြေခံကုန်ပစ္စည်းတွေ

​အခြေခံစားသောက်ကုန်တွေ

စားသုံးဆီ၊ဆား၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျ င်း၊ငရုတ်ကောင်စေ့၊ငရုတ်သီးစိမ်း၊ငရု တ်သီးခြောက်၊ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ငှက်ပျောသီး၊ကွမ်းသီး၊ကွမ်းရွက်၊ကြက်ဥ၊ဘဲဥ၊ပဲအမျိုးမျိုး၊အာလူး၊မဆလာ၊အချိုမှုန့်၊ကြက်သားမှုန့် (ဟင်းခတ်မှုန့်)၊ငါးပိ၊ငါးခြောက်၊ငါးအမျိုးမျိုးစတဲ့ စည်သွပ်ဘူးအမျိုးမျိုး၊ သားငါးတွေ။

​မုန့်နဲ့ အချိုရည်တွေ – သကြား၊ ထန်းလျက်၊ သကာအမျိုးမျိုး၊ မုန့်ခြောက်နဲ့ မုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ ခြင်နိုင်ဆေးခွေအမျိုးမျိုး၊ ခေါက်ဆွဲခြောက်နဲ့ ကြာဆံခြောက်အမျိုးမျိုး။

​အခြေခံလူသုံးကုန်တွေ

ဆပ်ပြာနဲ့ဆပ်ပြာမှုန့်အမျိုးမျိုး။ အခွန်ကင်းလွတ်ခွင့် စာရင်းမှာမပါဝင်တဲ့ အခြားကုန်ပစ္စည်းတွေကို တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်ပါက အခွန် ငါးရာခိုင်နှုန်းကောက်ခံဖို့ ဗဟိုအခွန်ဌာနကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

​အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အခွန်ဌာနအနေနဲ့ ပြည်သူတွေအခက်အခဲမဖြစ်စေမယ့် နှုန်းထားတွေနဲ့ ပြည်တွင်း/ပြည်ပကုန်သွယ်လုပ်ငန်းခွန်တွေအပြင် မော်တော်ယာဉ်နဲ့ အိမ်ခြံမြေအရောင်းအဝယ်ကဏ္ဍတွေမှာပါ စနစ်တကျအခွန်ကောက်ခံနေပါတယ်။

​ကုန်သွယ်ရေးကဏ္ဍမှာ ပြည်သူလူထုတွေ အခက်အခဲမဖြစ်ပေါ်စေဖို့အတွက်အခြေခံစားသောက်ကုန်တွေကို ပြည်ပမှတင်သွင်းခြင်းနဲ့ ပြည်တွင်းမှာ တမြို့နဲ့တမြို့ ကူးသန်းရောင်းဝယ်ခြင်းတွေအပေါ် ၂၀၂၄ ခုနှစ်၊မေလ ၁၀ရက်နေ့မှစတင်ပြီး အခွန်ကင်းလွတ်ခွင့် (သို့မဟုတ်)ပယ်ဖျက်ခွင့်ပြုထားပြီးဖြစ်ပါတယ်။

​၂၀၂၀ ခုနှစ်ဝန်းကျင်မှစပြီး ပြည်သူတွေရဲ့ကျန်းမာရေးထိခိုက်ခံစားရမှုဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး ဆေးလိပ်နဲ့ယမကာ(အရက်၊ဘီယာ)လို ကုန်ပစ္စည်းတွေအပေါ်မှာ တန်ဖိုးရဲ့ငါးဆယ်ရာခိုင်နှုန်းထိ အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

​လက်ရှိကာလမှာ ပြည်သူလူထုအနေနဲ့ အတည်တကျအလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေတဲ့အခြေအနေကိုထောက်ထားပြီး အခွန်ဌာနအနေနဲ့ လူတဦးချင်းစီရဲ့ဝင်ငွေခွန် (Income Tax)ကို ကောက်ခံခြင်းမပြုသေးဘဲ ကင်းလွတ်ခွင့်(သို့မဟုတ်)ဆိုင်းငံ့ပေးထားပါတယ်။

​လူတဦးချင်းဝင်ငွေခွန်ကိုမကောက်ခံပေမယ့် စီးပွားရေးလုပ်ငန်းဆိုင်ရာအခွန်အခတွေကိုမူ လုပ်ငန်းကဏ္ဍအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ကာ စနစ်တကျဆက်လက်ကောက်ခံနေပါတယ်။

​၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်မတိုင်မီက လုပ်ငန်းလိုင်စင်ကြေးတွေကို အခွန်ဌာနကကောက်ခံခဲ့ပေမယ့် ၂၀၂၆ ခုနှစ်မှစပြီး အုပ်ချုပ်ရေးဌာနက ပြောင်းလဲတာဝန်ယူကောက်ခံခဲ့ပါတယ်။

​အုပ်ချုပ်ရေးဌာနက လိုင်စင်ကြေးကောက်ခံတဲ့အခါ ပြည်သူတွေအနေနဲ့ လိုင်စင်ကြေး (သို့) အခကြေးငွေကို “အခွန်” ဟု ထင်မှတ်မှားကာ အခွန်နှစ်ခါဆောင်နေရတယ်လို့ နားလည်မှုလွဲမှားတတ်သဖြင့် “အခွန်” နဲ့ “အခ” ကို ကွဲပြားစွာသိရှိဖို့လိုအပ်ပါတယ်။

​”အခွန်”ဆိုတာ နိုင်ငံသားတွေနဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက မိမိတို့ရဲ့ဝင်ငွေ၊ပိုင်ဆိုင်မှု၊ကုန်စည်နဲ့ဝန်ဆောင်မှုတွေအပေါ် မူတည်ပြီး အစိုးရထံသို့ ဥပဒေအရမဖြစ်မနေပေးဆောင်ရတဲ့ ငွေကြေးဖြစ်ပါတယ်။

​အစိုးရအနေနဲ့ကောက်ခံရရှိလာတဲ့အခွန်ငွေတွေကို လူပုဂ္ဂိုလ်တဦးတယောက်အတွက်သုံးစွဲတာမဟုတ်ဘဲ နိုင်ငံနဲ့တကွပြည်သူလူထုတရပ်လုံးရဲ့အကျိုးစီးပွားအတွက် ပြန်လည်အသုံးပြုရတာကြောင့် အခွန်ငွေကို “အများပြည်သူဆိုင်ရာဘဏ္ဍာငွေ”လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

​အခွန်ဆိုတာလူပုဂ္ဂိုလ်တဦးချင်းစီအတွက် တိုက်ရိုက်အကျိုးခံစားခွင့် သို့မဟုတ် ဝန်ဆောင်မှုပေးတာမျိုးမဟုတ်ဘဲ၊အများပြည်သူဆိုင်ရာ လမ်း၊တံတား၊ဆေးရုံ၊ကျောင်း၊တပ်တော်အတွက်စတဲ့ အစိုးရဝန်ထမ်းလစာတွေအတွက် အသုံးပြုတာဖြစ်ပါတယ်။

​အစိုးရ သို့မဟုတ် ဌာနတခုခုထံမှ တိကျတဲ့ဝန်ဆောင်မှု၊ လုပ်ပိုင်ခွင့် သို့မဟုတ် ခွင့်ပြုချက် (ဥပမာ- စာရွက်စာတမ်း) တခုခုကို မိမိတဦးတည်းအတွက်ရယူလိုတာကြောင့် တိုက်ရိုက်ပေးချေရတဲ့ငွေကြေးဖြစ်ပါတယ်။

​သက်ဆိုင်ရာဝန်ဆောင်မှုကို အသုံးပြုလိုသူတွေသာပေးဆောင်ရပြီး အသုံးမပြုသူတွေပေးဆောင်ဖို့မလိုပါ။

​ဥပမာ – ယာဉ်မောင်းလိုင်စင်ကြေး၊အ ဝေးပြေးလမ်းနဲ့ တံတား အသုံးပြုခ၊ ကျောင်းလခ၊ဆေးရုံကုသစရိတ်စတာတွေဖြစ်ပါတယ်။

(ဥပမာ-ကားမောင်းသူတွေကသာ လမ်းနဲ့ တံတားကြေးကို ပေးဆောင်ရပြီးကားမရှိသူတွေ ပေးဆောင်ဖို့မလိုတာမျိုး
ဖြစ်ပါတယ်)။

​၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်မှစတင်ပြီး ပို့ဆောင်ရေးဌာနနဲ့ပူးပေါင်းကာ မော်တော်ယာဉ်ဆိုင်ရာအခွန်တွေကို စနစ်တကျကောက်ခံခဲ့ပါတယ်။

​မော်တော်ယာဉ်လိုင်စင်ပြုလုပ်ရာမှာ သက်ဆိုင်ရာနှစ်အလိုက်သတ်မှတ်ထားတဲ့ အခွန်နှုန်းထားအပေါ် မူတည်ပြီး ငါးရာခိုင်နှုန်းကိုကောက်ခံနေပါတယ်။

​ပြည်သူတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ သိန်းငါဆယ်အောက်လုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။

အရောင်းအဝယ်လုပ်ငန်းတွေမှာ ရောင်းသူမှသုံးရာခိုင်နှုန်းပေးဆောင်ရပြီး ဝယ်သူမှနှစ်ရာခိုင်နှုန်းပေးဆောင်ရပါတယ်။

အဆင်ပြေချောမွေ့စေဖို့အတွက် အခွန်ကောက်ခံမှုပုံစံတွေကို အလိုက်သင့်ထုတ်ပြန်ဆောင်ရွက်ပေးထားပါတယ်။

​အခွန်ဌာနဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဘဏ္ဍာငွေကြေးအရင်းအမြစ်တွေပိုမိုခိုင်မာလာစေဖို့နဲ့ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အဓိကမောင်းနှင်အားတခုဖြစ်ပါတယ်။

​ရရှိလာတဲ့အခွန်ဘဏ္ဍာငွေတွေကို ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ အောက်ပါကဏ္ဍကြီးတွေမှာစနစ်တကျပြန်လည်သုံးစွဲနေပါတယ်။

​ကာကွယ်ရေးနဲ့လုံခြုံရေးလုပ်ငန်းတွေ​ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ​လမ်းနဲ့တံတားဆောက်လုပ်ရေးအပါအဝင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ​စစ်ဘေးရှောင်ပြည်သူတွေ နေရာချထားရေးနဲ့ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ​ဒေသဖွံ့ဖြိုးရေးနဲ့ အခြားတည်ဆောက်ရေးလုပ်ငန်းတွေ​မော်တော်ယာဉ်အရောင်းအဝယ်ပြုလုပ်တဲ့ကဏ္ဍမှာ ရောင်းချသူဘက်မှသုံးရာခိုင်နှုန်းနဲ့ ဝယ်ယူသူဘက်မှနှစ်ရာခိုင်နှုန်းအသီးသီးပေးဆောင်ရတဲ့ စနစ်နဲ့ခွဲဝေကောက်ခံနေပါတယ်။

​အစိုးရအနေနဲ့စီးပွားရေးတည်ငြိမ်မှုကို ထိန်းညှိတာ၊ပြည်တွင်းထုတ်ကုန်တွေကို မြှင့်တင်တာနဲ့သွင်းကုန်တွေကို ထိန်းညှိတာတွေအပြင် ဝင်ငွေနည်းပါးတဲ့ပြည်သူတွေကိုကာကွယ်ပေးပြီး ဝင်ငွေမြင့်မားသူတွေဆီမှ သင့်လျော်တဲ့အခွန်ကောက်ခံတာနဲ့ လူမှုစီးပွားကွာဟချက်တွေကို လျှော့ချဖို့ ဆောင်ရွက်နေပါတယ်။

​ခရိုင်နဲ့မြို့နယ်အဆင့် အခွန်ရုံးတွေအနေနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်ငန်းဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေထံမှဝင်ငွေခွန်၊ကုန်သွယ်လုပ်ငန်းခွန်၊အထူးကုန်စည်ခွန်၊တံဆိပ်ခေါင်းခွန်၊လောင်ပေါ်သိန်းဆုခွန်နဲ့အခြားသက်ဆိုင်ရာအခွန်တွေကို ကောက်ခံနေပါတယ်။

​အခွန်တိမ်းရှောင်တာ၊မမှန်မကန်ကြေညာတာနဲ့အခွန်လိမ်လည်တာတွေကို စုံစမ်းစစ်ဆေးတာ၊ကြပ်မတ်တာနဲ့အရေးယူဆောင်ရွက်တာတွေကိုပါလုပ်ဆောင်နေပါတယ်။

​အခွန်ထမ်းပြည်သူတွေ အခွန်ဥပဒေကိုနားလည်သဘောပေါက်စေဖို့ အသိပညာပေးတာ၊အခွန်ဆောင်ရမယ့်နည်းလမ်းတွေကို အဆင်ပြေချောမွေ့စွာထမ်းဆောင်နိုင်ဖို့ စီစဉ်ပေးတာတွေပြုလုပ်ထားပါတယ်။

ပြည်သူတွေဘက်ကလည်း မှန်ကန်စွာအခွန်ထမ်းဆောင်ကြပြီး ဌာနဘက်ကလည်းပိုမိုကောင်းမွန်ပြီး တုံ့ပြန်မှုမြန်ဆန်တဲ့ဝန်ဆောင်
မှုတွေကိုပေးအပ်နိုင်ဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းနေပါတယ်။

​အခွန်အမျိုးအစား နှစ်မျိုး – အခွန်ကောက်ခံမှုကို အဓိကအားဖြင့် “အကောက်ခွန်” နဲ့ “အခွန်”ဆိုပြီး နှစ်မျိုးခွဲခြားသတ်မှတ်ထားပါတယ်။

​​အကောက်ခွန် (Customs Duty) – ကုန်ပစ္စည်းတွေရဲ့ ကာလတန်ဖိုးအပေါ် မူတည်ပြီး တကြိမ်ချင်းကောက်ခံတဲ့အခွန်ဖြစ်ပါတယ်။

​အခွန် (Tax) – သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရင်းနှီးမြှုပ်နှံမှုအလိုက် (ဥပမာ- တနှစ်မှာ တကြိမ်) ကောက်ခံရတဲ့ အခွန်ဖြစ်ပါတယ်။

​အခွန်ပေးဆောင်ရမယ့်သူတွေ – အာရက္ခပြည်အတွင်းနေထိုင်ကြပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူအားလုံးဟာ အခွန်ပေးဆောင်ဖို့တာဝန်ရှိပါတယ်။

အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သူတွေ၊ ကုန်ပစ္စည်းတင်သွင်း/တင်ပို့ ရောင်းဝယ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့ သက်ဆိုင်ရာအခွန်အခတွေကို မဖြစ်မနေပေးဆောင်ကြရမှာဖြစ်ပါတယ်။

​ဘဏ္ဍာငွေစီမံခန့်ခွဲမှု

လက်ရှိတော်လှန်ရေးကာလအတွင်း ဘဏ္ဍာငွေသုံးစွဲမှုတွေမှာ အကန့်အသတ်တွေရှိပေမယ့်လည်း အစိုးရယန္တရားတွေက စနစ်တကျစီမံခန့်ခွဲနေပြီး နောင်ကာလတွေမှာတည်ငြိမ်လာတာနဲ့အမျှ ပိုမိုစနစ်ကျစွာတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

​အခွန်ဘဏ္ဍာငွေသုံးစွဲတဲ့ ကဏ္ဍတွေ – အခွန်ကနေ ရရှိလာတဲ့ငွေကြေးတွေကို အဓိကအားဖြင့် အောက်ပါဒေသဖွံ့ဖြိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အသုံးပြုနေပါတယ်။

​ဒေသပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး

လမ်းပန်းဆက်သွယ်ရေး၊အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ သောက်သုံးရေရရှိရေးလုပ်ငန်းတွေ။

​လူမှုရေးကဏ္ဍ

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်ဆောင်တာ။

​ပြည်သူ့အကျိုးပြုနဲ့ကယ်ဆယ်ရေး

စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် ထောက်ပံ့ကူညီရေး၊နေရာချထားရေး၊နွမ်းပါးသူတွေကို ကူညီခြင်းနဲ့မိုင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ။

​အုပ်ချုပ်ရေးနဲ့လုံခြုံရေး

တရားဥပဒေစိုးမိုးရေး၊တရားစီရင်ရေးနဲ့လုံခြုံရေးယန္တရားတွေရပ်တည်လည်ပတ်နိုင်ရေး။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရရှိလာတဲ့အခွန်ဘဏ္ဍာငွေတွေကို တော်လှန်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ နှစ်ရပ်စလုံးအတွက် မျှတစွာခွဲဝေသုံးစွဲနေပါတယ်။

​အခွန်ပေးဆောင်ရမယ့် အချိန်နဲ့စနစ် – အခွန်ထမ်းပြည်သူတွေအနေနဲ့ အခွန်ကိုသတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းနဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပေးဆောင်ရမှာဖြစ်ကြောင်းအသိပေးထားပါတယ်။

​အခွန်ပေးဆောင်ရတဲ့ ကဏ္ဍနှစ်ရပ်

လုပ်ငန်းအခွန် / နှစ်စဉ်အခွန်

လုပ်ငန်းဆောင်ရွက်မှုနဲ့ တန်ဖိုးအပေါ် မူတည်ပြီး တနှစ်မှာတကြိမ်ပေးဆောင်ရတဲ့ကဏ္ဍ။

​အကောက်ခွန် / ကုန်သွယ်လုပ်ငန်းခွန် – ကုန်ပစ္စည်း တင်သွင်း/တင်ပို့တာနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့ တန်ဖိုးအပေါ် မူတည်ပြီး ပေးဆောင်ရတဲ့ ကဏ္ဍ။

​လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ – အခွန်ပေးဆောင်ရာမှာ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေကို တိကျမှန်က န်စွာ တင်ပြရမှာဖြစ်ပြီးသတ်မှတ်အချိန်ကာလအတွင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြရပါမယ်။

​အခွန်ဌာနရဲ့ဝန်ဆောင်မှု

အခွန်ဌာနအနေနဲ့ ကုန်သည်တွေနဲ့လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့အခွန်ဆိုင်ရာ ဝန်ဆောင်မှုတွေကိုကူညီဆောင်ရွက်ပေးနေပါတယ်။

​စီးပွားရေးလုပ်ငန်းတွေ တိုးတက်စေဖို့၊ ကုန်စည်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့နဲ့ စားသောက်ဆိုင်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ တရားဝင်မှတ်ပုံတင်ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနတွေကဝန်ဆောင်မှုပေးနေပါတယ်။

​ပြည်တွင်း စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ စက်မှုဇုန်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခွန်အလျော့ပေးတာသို့ မဟုတ် သတ်မှတ်ကာလတခုထိ အခွန်ကင်းလွတ်ခွင့်ပေးတာကို ဆောင်ရွက်ပေးနေပါတယ်။

​ဂိတ်တွေဆိပ်ကမ်းတွေမှာ ကုန်စည်ကူးသန်းမှုတွေ မနှောင့်နှေးစေဖို့အတွက် ကုန်စည်သယ်ယူခွင့်လျှော့ချပေးတာ၊လမ်းကြောင်းတလျှောက် အဆင်ပြေစေဖို့ ဖြည့်ဆည်းဆောင်ရွက်ပေးတာတွေပြုလုပ်ထားပါတယ်။

​အခွန်ပေးဆောင်တဲ့အခါ တရားဝင်အသိအမှတ်ပြုအခွန်ပြေစာတွေကို စနစ် တကျထုတ်ပေးပြီး လမ်းခရီးမှာ ထပ်ခါတလဲလဲ အခွန်ထပ်မံကောက်ခံတာ မရှိစေဖို့ ကာကွယ်ပေးထားပါတယ်။

​သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံတာ သို့မဟုတ် မတရားငွေကြေးတောင်းခံမှုတွေရှိလာပါက ပြည်သူတွေနဲ့လုပ်ငန်းရှင်တွေအနေနဲ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ဗဟိုအုပ်ချုပ်ရေးဌာနနဲ့ အခွန်ကောက်ခံရေးအဖွဲ့ထံတိုက်ရိုက်တိုင်ကြားနိုင်ကြောင်း အသိပေးတင်ပြထားပါတယ်။

​အခွန်ယဉ်ကျေးမှုနဲ့တာဝန်ယူမှုတည်ဆောက်တာ

အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ခိုင်မာစွာတည်ဆောက်လာတာနဲ့အမျှ ဒေသတွင်းမှာတာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့ အခွန်ထမ်းယဉ်ကျေးမှုကောင်းတွေ ထွန်းကားလာစေဖို့ အဓိကမဏ္ဍိုင်ကြီးတခုအနေနဲ့ မျှော်မှန်းအကောင်အထည်ဖော်နေပါတယ်။

​အခွန်ဌာနအနေနဲ့ကောက်ခံရရှိတဲ့အခွန်ငွေတွေကို ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် တိုက်ရိုက်ပြန်လည်အသုံးပြုဖို့စနစ်တကျစီမံခန့်ခွဲပေးနေပြီးအ ခွန်ထမ်းတွေအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ အဂတိလိုက်စားမှုကင်းရှင်းစေဖို့ တင်းကျပ်စွာကြပ်မတ်ဆောင်ရွက်နေပါတယ်။

​ပြည်သူတွေနဲ့ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ဒေသကို ကိုယ်အင်အားနဲ့တည်ဆောက်နေတာဖြစ်တယ်။

ဂုဏ်ယူစရာဖြစ်လာမယ်လို့ခံယူပြီး အမျိုးသားရေးတာဝန်သိစိတ်နဲ့လိုလိုလားလား ပူးပေါင်းပါဝင်နေကြပါတယ်။

​စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေအနေနဲ့ မိမိတို့ရဲ့အရောင်းအဝယ်စာရင်းဇယားတွေကို ရိုးသားမှန်ကန်စွာဖော်ပြတာ။

အခွန်ရှောင်ရှားမှုတွေကို ရှောင်ကြဉ်တာနဲ့စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။

​အစိုးရဘက်ကတာဝန်ယူမှုရှိရှိနဲ့ ဘဏ္ဍာငွေကိုစီမံခန့်ခွဲပေးပြီး အခွန်ထမ်းပြည်သူတွေဘက်ကလည်း တာဝန်သိသိနဲ့အခွန်ထမ်းဆောင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ခိုင်မာတဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။

​အနာဂတ်မှာခိုင်မာထိရောက်ပြီး တရားမျှတတဲ့အခွန်အခနဲ့ အခွင့်အရေးစနစ်တွေပေါ်ပေါက်လာစေဖို့အတွက် ကမ္ဘာ့စံနှုန်းတွေ(Global Standards and Regulations)နဲ့အညီ ပြည်သူတွေသိရှိနားလည်စေဖို့ တာဝန်ယူဆောင်ရွက်နေပါတယ်။

​ဒေသတွင်းကာကွယ်ရေးကိစ္စရပ်တွေနဲ့ မဟာဗျူဟာမြောက်လုပ်ငန်းစဉ်တွေအတွက် ခိုင်မာတရားမျှတတဲ့အခွင့်အရေးစနစ်တခု ပေါ်ပေါက်လာဖို့ အဓိကရည်ရွယ်ထားပါတယ်။

​လက်ရှိသမရိုးကျစီမံခန့်ခွဲမှုစနစ်ကနေ အနာဂတ်မှာခေတ်မီနည်းပညာစနစ်တွေဆီ ပြောယင်းလဲတည်ဆောက်တာဟာ ဒေသဖွံ့ဖြိုးရေးအတွက်အရေးကြီးတဲ့ အလှည့်အပြောင်းတခုဖြစ်ပါတယ်။

​ပြည်သူတွေရဲ့ မြေယာမှတ်ပုံတင်တဲ့ (Land Registry) လုပ်ငန်းတွေနဲ့ အခွန်အခပေးဆောင်ခြင်းတွေကို ပိုမိုလွယ်ကူစေဖို့နဲ့အဂတိလိုက်စားမှု ကင်းရှင်းစေဖို့အတွက် အွန်လိုင်းစနစ်၊မိုဘိုင်းဘဏ်စနစ်(Mobile Banking)တွေကို ဒေသတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

​ကုန်သည်တွေနဲ့ ပြည်သူတွေရဲ့လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအချက်အလက်တွေကို ခေတ်မီကွန်ပျူတာစနစ်နဲ့ စနစ်တကျသိမ်းဆည်းပြီး မှန်ကန်တိကျတဲ့ စနစ်တခုဖြစ်လာစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

​အကောက်ခွန်နဲ့ ကုန်စည်စစ်ဆေးရေးဂိတ်တွေမှာပစ္စည်းတွေကို စနစ်တကျနဲ့အမြန်ဆုံးစစ်ဆေးနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေဖော်ထုတ်ပြီး ကုန်သည်တွေအတွက် အချိန်ကြန့်ကြာမှုမရှိစေဖို့ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

​အခွန်နဲ့ဝန်ဆောင်မှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အခက်အခဲတိုင်ကြားမှုတွေရှိလာရင် သက်ဆိုင်ရာဌာနတွေက စနစ်တကျစုံစမ်းစစ်ဆေးဖော်ထုတ်ပေးပြီး၊ အခွင့်အရေးချိုးဖောက်မှုတွေမရှိစေဖို့ တားဆီးကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

​တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းတွေဖြစ်လာစေဖို့အတွက် လိုအပ်တဲ့ပညာရပ်တွေနဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေကိုစနစ်တကျသင်ကြားပို့ချပေးခြင်းဖြင့် အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းတွေအဖြစ်ပြုစုပျိုးထောင်ပေးသွားမှာဖြစ်ပါတယ်။

​ဒီလိုကျွမ်းကျင်ပြီး တာဝန်သိတဲ့ဝန်ထမ်းကောင်းတွေကို မွေးထုတ်ပေးခြင်းအားဖြင့် ပြည်သူတွေအတွက်မှန်ကန်မျှတပြီး ယုံကြည်စိတ်ချရတဲ့ အခွန်နဲ့ အုပ်ချုပ်ရေးစနစ်တခုကို ဆက်လက်တည်ဆောက်သွားရမှာဖြစ်ပါတယ်။

​နိုင်ငံနဲ့ဒေသအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ရုံးဌာနတွေ ပုံမှန်ရပ်တည်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အစိုးရဘဏ္ဍာငွေကနေ စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။

​ပြည်သူတွေရဲ့ ပညာသင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနဲ့ လမ်းတံတားတွေပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေကို ဦးစားပေးအကောင်အထည်ဖော်နေပါတယ်။

​စစ်ရှောင်ပြည်သူတွေအတွက်လိုအပ်တဲ့နေရာထိုင်ခင်းတွေ၊ စားဝတ်နေရေးနဲ့ စစ်ဒဏ်ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြင်နိုင်ဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက် ရန်ပုံငွေတွေ ချထားပေးပြီး မတည်ထောက်ပံ့ပေးထားပါတယ်။

​ဒေသအတွက်အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအသုံးစရိတ်တွေကို ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ရေရှည်ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် အခွန်ဝင်ငွေနဲ့ အဓိကထောက်ပံ့တည်ဆောက်ထားတာဖြစ်ပါတယ်။

​အာရက္ခဒေသတည်ဆောက်ရေးမှာ “အခွန်”ဆိုတာ ပြည်သူလူထုရဲ့အနာဂတ်နဲ့ ဒေသလုံခြုံစွာဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် မရှိမဖြစ်တန်ဖိုးရှိတဲ့ အုတ်တချပ်သဲတပွင့်သဖွယ်ဖြစ်တာမို့ ပြည်သူတရပ်လုံးကတာဝန်သိသိနဲ့ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

PrevPrevious​ကရင်နီတပ်ရဲ့ပထမအကြိမ် ညီလာခံကျင်းပပြုလုပ်
Nextအမေရိကန်စစ်သည်ငါးထောင်ကျော်လာရောက်မှုကြောင့် ပတ္တယားမြို့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေစည်ကားNext
Previous Post

​ကရင်နီတပ်ရဲ့ပထမအကြိမ် ညီလာခံကျင်းပပြုလုပ်

Next Post

အမေရိကန်စစ်သည်ငါးထောင်ကျော်လာရောက်မှုကြောင့် ပတ္တယားမြို့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေစည်ကား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာရက္ခဒေသက ဆယ်ကျော်သက်မိန်းကလေးငယ်တွေ ဘာကြောင့်အိမ်ထောင်ပြုနေကြတာလဲ

September 1, 2026

ပြင်ချောင်းရပ် ကွင်းအမှတ် (၁၈-ခ)ထဲက ပုဇွန်တာပြဿနာ

August 29, 2026

မြေယာဥပဒေကို ULA/AA ကိုယ်တိုင်ချိုးဖောက်နေ

August 28, 2026

​ပြင်းထန်ဒဏ်ရာကိုအသိအမှတ်ပြုတာနဲ့ ကွန်ဆာဗေးတစ်တွေကြားက ရခိုင်

August 27, 2026

ကော့စ်ဘဇားမှာ ရိုဟင်ဂျာဒုက္ခသည်တဦးကို မူးယစ်ဆေးပြားနှစ်သောင်းနဲ့ဖမ်း

ဒဂုံမြို့သစ်မှာ ကျပ်သိန်းတထောင့်ငါးရာကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

ဘူးသီးတောင်စက်လှေနစ်မြုပ်မှုမှာ ကူညီကယ်ဆယ်ခဲ့သူတွေကို အာရက္ခအစိုးရဆုချီးမြှင့် (ဓာတ်ပုံသတင်း)

အမေရိကန်စစ်သည်ငါးထောင်ကျော်လာရောက်မှုကြောင့် ပတ္တယားမြို့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေစည်ကား

“အခွန်မူဝါဒဟာ အာရက္ခပြည်သူတရပ်လုံး လုံခြုံတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရား ရေရှည်တည်တံ့ရေးတို့အတွက် အဓိကရည်ရွယ်ပါတယ်။”

​ကရင်နီတပ်ရဲ့ပထမအကြိမ် ညီလာခံကျင်းပပြုလုပ်

Releated Post

​ဓာတ်ပုံ-RAB-15

ကော့စ်ဘဇားမှာ ရိုဟင်ဂျာဒုက္ခသည်တဦးကို မူးယစ်ဆေးပြားနှစ်သောင်းနဲ့ဖမ်း

September 2, 2026

ဒဂုံမြို့သစ်မှာ ကျပ်သိန်းတထောင့်ငါးရာကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

September 2, 2026

ဘူးသီးတောင်စက်လှေနစ်မြုပ်မှုမှာ ကူညီကယ်ဆယ်ခဲ့သူတွေကို အာရက္ခအစိုးရဆုချီးမြှင့် (ဓာတ်ပုံသတင်း)

September 2, 2026

အမေရိကန်စစ်သည်ငါးထောင်ကျော်လာရောက်မှုကြောင့် ပတ္တယားမြို့ ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေစည်ကား

September 2, 2026

“အခွန်မူဝါဒဟာ အာရက္ခပြည်သူတရပ်လုံး လုံခြုံတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရား ရေရှည်တည်တံ့ရေးတို့အတွက် အဓိကရည်ရွယ်ပါတယ်။”

September 2, 2026

​ကရင်နီတပ်ရဲ့ပထမအကြိမ် ညီလာခံကျင်းပပြုလုပ်

September 2, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page