Border News Agency
ဇင်းမယ်၊ စက်တင်ဘာ ၄။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ဖာန်းမြို့နယ်မှာ မူးယစ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းဆီးရမိမှုမှတဆင့် တရားခံတွေရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ဘတ်လေးသန်းကျော်တန်ဖိုးရှိမြေကွက်တွေကို မူးယစ်ဆေးဝါးထိန်းချုပ်ပူးပေါင်းအဖွဲ့ကသိမ်းဆည်းခဲ့ပါတယ်။
အဲဒီဖန်းမြို့နယ်မှာ ပြီးခဲ့တဲ့မေလ ၂၆ ရက်နေ့ကစိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်း တ သောင်း ရှစ် ထောင် ဖမ်းဆီးရမိခဲ့ရာမှတရားရုံးက ဆိုင်ဒီ နဲ့ မပရာင်ချစ်တို့ နှစ် ဦးကိုဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒါကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာလ ၃ ရက်နေ့မှာ ဖာန်းမြို့နယ်၊မယ်ခကျေးရွာရှိ သံသယဖြစ်ဖွယ်နေရာတွေကိုဝင်ရောက်ရှာဖွေခဲ့ပေမယ့် တရားခံတွေကိုမတွေ့ခဲ့ပါဘူး။
ဒါပေမယ့်လည်း မူးယစ်ကွန်ရက်ဖြတ်တောက်ရေးအစီအစဉ်အရ မပရာင်ချစ်ပိုင်ဆိုင်တဲ့ မယ်ခကျေးရွာရှိ မြေကွက်နှစ်ကွက် (ဧရိယာ ငါးဧကနီးပါး) ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
အဲဒီမူးယစ်ကွန်ရက်မှာ ပါဝင်ပတ်သက်သူတွေကို ဆက်လက် ရှာဖွေဖမ်းဆီးသွားမယ်လို့ဆိုပါတယ်။
















