Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

​ဒက်စတိုပီယန်းဘဝတွေ – ၇

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၈။

အာရက္ခဒေသရဲ့လူမှုစီးပွားဘဝနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကိုကြည့်တဲ့အခါ အဲဒီလူမှုစီးပွားဘဝအကျပ်အတည်းဒုက္ခတွေကို အုပ်ချုပ်သူတွေကပြန်အမြတ်ထုတ်အသုံးချပြီး လူထုလည်မြိုကိုဆောင့်နင်းနေတာကိုတွေ့ရမှာပါ။

​အာဏာသိမ်းစစ်တပ်ကတော့ ဖြတ်လေးဖြတ်ဗျူဟာနဲ့လူထုကိုပါ အစုလိုက်အပြုံလိုက်ပြစ်ဒဏ်ပေးထားပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြသူတွေဆီကိုမရောက်အောင်တားဆီးကန့်သတ်ထားသလို အရပ်ဘက်၊စစ်ဘက်မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပါတယ်။

​ULA/AAက အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့ဥပဒေမဲ့မှုတွေကိုအကြောင်းပြပြီး သူရဲ့နိုင်ငံရေးအာဂျင်ဒါအတွက် လူထုထွက်ခွာခွင့်ကို ပိတ်လှောင်ထားပါတယ်။

​အာဏာသိမ်းစစ်တပ်ရော ULA/AA ပါ အတင်းအကျပ်စစ်သားစုဆောင်းနေကြပါတယ်။

တကယ့်အကျပ်အတည်းထဲမှာထိခိုက်ကြေမွကုန်ပြီး အသံမထွက်နိုင်တာကအောက်ခြေကလူထုပါ။

အဲဒီသံသရာဟာ နိုင်ငံရေးအရအဖြေမရှာနိုင်သမျှကာလပတ်လုံး ကြုံတွေ့နေရမယ့်အနေအထားဖြစ်နေပါတယ်။

​ဥပဒေဟန်ချက်ပျက်တဲ့ အရေးယူမှုတွေ

​ULA/AA ထိန်းချုပ်နယ်မြေတွေမှာ လူထုအပေါ် ဖိအားဖြစ်နေတာက လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေတွေပါ။

အာရက္ခဒေသထဲကလူမှုစီးပွားအကျပ်အတည်းကြောင့် ဝမ်းစာအတွက်ထွက်ခွာဖို့ကြိုးစားသူတွေအပေါ် ULA/AA ရဲ့ ရဲတပ်ဖွဲ့ဒီဥပဒေနှစ်ရပ်ကို လက်နက်သ ဖွယ်သုံးခြိမ်းခြောက်နေပါတယ်။

အဲဒီ​လိုခြိမ်းခြောက်နေပေမယ့် အဲဒီဥပဒေတွေထဲမှာပေးထားတဲ့ တရားမျှတမှုပုဒ်မတွေကိုလုံးဝမျက်ကွယ်ပြုပြီး ကိုယ်အသုံးချချင်တဲ့ပုဒ်မတွေကိုသာ ကွက်ကြားယူအသုံးချနေတာကိုတွေ့ရမှာပါ။

​လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေ

​မြန်မာနိုင်ငံထဲမှာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေကို ၂၀၀၅ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ဥပဒေထဲမှာ ပုဒ်မပေါင်း ၃၈ ခုရှိပြီး ၂၀၂၂ ခုနှစ် ပြဋ္ဌာန်းချက်ထဲမှာတော့ ပုဒ်မပေါင်း ၆၆ ခုရှိလာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ၂၀၀၅ ခုနှစ် ပြဋ္ဌာန်းချက်မှာရော ၂၀၂၂ ခုနှစ်ပြဋ္ဌာန်းချ က်ထဲမှာလည်း လူကုန်ကူးခံရသူတွေ၊ သားကောင်တွေရဲ့အခွင့်အရေးဆိုတဲ့အချက်ပါနေပါတယ်။

အဲဒီဥပဒေနယ်ပယ်အရကြည့်ရင် ၂၀၀ ၅ ခုနှစ်ပြဋ္ဌာန်းချက်ထက် ၂၀၂၂ ခုနှစ် ပြဋ္ဌာန်းချက်က ဥပဒေအင်္ဂါရပ်ပိုစုံလင်လာပါတယ်။

အဲဒီ၂၀၀၅ ခုနှစ်ပြဋ္ဌာန်းချက်ဖြစ်ဖြစ် ၂ ၀၂၂ ခုနှစ် ပြဋ္ဌာန်းချက်ဖြစ်ဖြစ် ဒါတွေဟာနိုင်ငံတကာစံနှုန်းတွေကို အခြေခံပြီးဖြစ်လာတာပါ။

​ကုလသမဂ္ဂမှာ ၂၀၀၀ ခုနှစ်တုန်းက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကာကွယ်ရေးသဘောတူညီချက်(UN Convention against Transnational Organized Crime (2000))ဆိုတာ ရှိပါတယ်။

အဲဒီကွန်ဗင်းရှင်းရဲ့နောက်ဆက်တွဲဆက်စပ်လုပ်ထုံးလုပ်နည်းတွေထဲမှာ ပါလာမိုပရိုတိုကော(Palermo Protocol)လို့ခေါ်တဲ့ ပရိုတိုကောတခုလည်းရှိပါတယ်။

အဲဒီပါလာမိုပရိုတိုကောကို အမျိုးသမီး၊ကလေးသူငယ်တွေ၊လူပုဂ္ဂိုလ်တွေကို လူကုန်ကူးခြင်းအပေါ် ကာကွယ်၊ထိန်းချုပ်၊အပြစ်ပေးအရေးယူခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ(The United Nations Protocol to Prevent, Suppress and Punish Trafficking in Persons, Especially Women and Children)လို့ခေါ်ပါတယ်။

အဲဒီလုပ်ထုံးလုပ်နည်းတွေရဲ့အပိုဒ် (၃) ၊အပိုဒ်ခွဲ(က)မှာ လူကုန်ကူးခြင်းအပေါ် ဥပဒေကြောင်းအရ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

အဲလိုအဓိပ္ပာယ်ဖွင့်ဆိုရာမှာ အဓိကအစိတ်အပိုင်းသုံးခုရှိပါတယ်။အပြုအမူ၊လုပ်ကိုင်ပုံနဲ့အကြံအစည်ဆိုပြီး ရှိပါတယ်။

​အပြုအမူ(The Act)

လူတဦးတယောက်ကို စည်းရုံးစုဆောင်းတာ၊သယ်ယူပို့ဆောင်တာ၊လွှဲပြောင်းတာ၊လက်ခံခိုလှုံဖုံးကွယ်သိမ်းဆည်းထားတာ ဒါမှမဟုတ် လက်ခံရယူတာ အဲလိုအပြုအမူမျိုးရှိနေရင်…။

​လုပ်ကိုင်ပုံ(The Means)

အထက်ကအပြုအမူမျိုးကို ခြိမ်းခြောက်တာ၊အင်အားသုံးတာ၊အဓမ္မပြုလုပ်တာ၊ပြန်ပေးဆွဲတာ၊လိမ်လည်တာ၊လှည့်ဖြားတာ၊လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တာ၊နာလန်မထူနိုင်တဲ့အခြေအနေကို အခွင့်ကောင်းယူတာ ဒါမှမဟုတ် သားကောင်ကိုလွှမ်းမိုးချုပ်ကိုင်ထားသူ၊ပိုင်ရှင်ခံထားသူရဲ့သဘောတူညီချက်ရရှိဖို့ ငွေကြေး ဒါမှမဟုတ် အကျိုးအမြတ်ပေးအပ်တာ၊လက်ခံတာမျိုးရှိနေရင်…။

​ရည်ရွယ်ချက်(The Purpose)

အထက်ကပြောခဲ့တဲ့အပြုအမူနဲ့ လုပ်ကိုင်ပုံကိုအောက်က အကြံအစည်တခုခုအတွက်လုပ်ခဲ့ရင်…

​၁။ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့(ခေါင်းပုံဖြတ်အမြတ်ထုတ်တာလို့ သတ်မှတ်ရာမှာပါဝင်ရမယ့် အနည်းဆုံးအချက်တွေက)

“​(က)စည်းရုံးသိမ်းသွင်းပြီး လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ဖို့…။

​(ခ)တခြားသူတွေကိုပြည့်တန်ဆာအဖြစ်ခိုင်းစေဖို့…။

​(ဂ)မလုပ်ချင်တဲ့အရာတခုကို အတင်းအဓမ္မခိုင်းစေဖို့ ဒါမှမဟုတ်ဝန်ဆောင်မှုယူဖို့…။

​(ဃ)ကျေးကျွန်ပြုတာ ဒါမှမဟုတ် ကျေးကျွန်သဖွယ်ဆက်ဆံဖို့…။

​(င)(Servitude)လို့ခေါ်တဲ့ လူကိုစေခိုင်းသတ္တဝါအဖြစ်အဓမ္မခိုင်းစေဖို့…။

​(စ)ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထုတ်ယူဖို့…။”​ဆိုတဲ့ ကြံရွယ်ချက်တွေနဲ့ လုပ်ခဲ့ရင်ဒါဟာ လူကုန်ကူးမှုမြောက်တယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

​လူကုန်ကူးမှုအဖြစ်သတ်မှတ်ရန် ကင်းလွတ်ခွင့်နဲ့ကင်းလွတ်ခွင့်ပေးလို့မရတဲ့ အခြေအနေတွေကိုလည်း ကုလသမဂ္ဂကပါလာမိုလုပ်ထုံးလုပ်နည်းတွေထဲမှာ ထပ်ဖော်ပြထားပါသေးတယ်။

​နိုင်ငံတကာစံနှုန်းအရကင်းလွတ်ခွင့်ပေးလို့မရတဲ့အခြေအနေ

​အခြေအနေ – ၁

သားကောင်ဘဝရောက်ရသူရဲ့ နာလန်မထူနိုင်တဲ့ အခြေအနေဒါမှမဟုတ်ငြင်းဆန်ခွင့်မရတဲ့အခြေအနေကို အခွင့်ကောင်းယူတာမျိုး၊လှည့်ဖြားလိမ်လည်တာမျိုး၊ဖိအားပေးအကျပ်ကိုင်တာမျိုးကြောင့် သားကောင်ကသူကိုအဲဒီလိုလုပ်ဖို့အတွက်သဘောတူခဲ့ရင်တောင် အဲဒီသဘောတူညီမှုဟာ ကျူးလွန်သူကိုကင်းလွတ်ခွင့်ပေးဖို့အတွက် အကြောင်းပြချက်မဖြစ်စေရပါဘူး။

သားကောင်ရဲ့ အဲဒီလိုသဘောတူညီချက်ဟာ လူကုန်ကူးသူဘက်ကခုခံချေပဖို့အတွက် ဥပဒေကြောင်းအရအကျုံးမဝင်ရဘူးလို့ ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။

​အခြေအနေ – ၂

အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေအတွက် သူတို့ကိုဘယ်လိုလုပ်နေတယ်။ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ နည်းလမ်းကို သက်သေပြဖို့မလိုပါဘူး။

ခြိမ်းခြောက်တာ၊ဖိအားပေးတာ၊လိမ်လည်တာ၊အဓမ္မလုပ်တာတွေမရှိခဲ့ရင်တောင်မှ ကလေးငယ်ကိုခေါင်းပုံဖြတ်ဖို့ ရည်ရွယ်ချက်နဲ့စုဆောင်းတာ၊သယ်ယူပို့ဆောင်တာ၊ခိုလှုံခွင့်ပေးတာ၊သိမ်းဆည်းတာဒါမှမဟုတ်လက်ခံရယူတာဟာ အပြည်ပြည်ဆိုင်ရာဥပဒေအရ လူကုန်ကူးမှုအဖြစ် အလိုအလျောက်သတ်မှတ်တယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။

​လူကုန်ကူးခံရသူ သားကောင်တွေအခွင့်အရေးတွေ

​ပါလာမိုလုပ်ထုံးလုပ်နည်းတွေအရ လူကုန်ကူးခံရသူသားကောင်တွေဟာ ​အကာအကွယ်ရရှိပိုင်ခွင့်ရှိပါတယ်။

သူ့ကို ရာဇဝတ်ဂိုဏ်းတွေ၊လူကုန်ကူးသူတွေရဲ့လက်တုံ့ပြန်မှုက လုံခြုံမှုပေးရပါမယ်။

​သူ့ရဲ့လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးရပါမယ်။

​သူ့မှာ တရားဥပဒေဆိုင်ရာအခွင့်အရေးတွေရှိပြီး တရားမျှတမှု၊နစ်နာမှုအတွက် လျော်ကြေးတွေကိုတောင်းခံခွင့်ရှိပါတယ်။

​သူ့မှာလူ့အဖွဲ့အစည်းထဲ လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်လည်နေထိုင်ခွင့်ရှိပါတယ်။

​သူ့မှာ မိမိဆန္ဒအလျောက်နေထိုင်ခွင့်နဲ့ ပြန်လည်ထွက်ခွင့်ရှိပါသေးတယ်။

​သူ့မှာပြစ်ဒဏ်မှ ကင်းလွတ်ခွင့် (Non-punishment Principle)ဆိုတာ ရှိပါသေးတယ်။

​လူကုန်ကူးခံရတဲ့သားကောင်ရဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ဟာအင်မတန်မှထူးခြားသလိုလူသားဆန်ပါတယ်။

လူကုန်ကူးခံရစဉ်အတွင်း နယ်စပ်ဖြတ်ကျော်တာ၊ထွက်ခွာတာအပါအဝင် မဖြစ်မနေပြုလုပ်ခဲ့ရတဲ့တရားမဝင်လုပ်ရပ်များအတွက် ပြစ်ဒဏ်မခတ်ရပါဘူး။

အဲဒါတွေဟာ အပြည်ပြည်ဆိုင်ရာစံနှုန်းဖြစ်တဲ့ ကုလသမဂ္ဂပါလာမိုလုပ်ထုံးလုပ်နည်းတွေ(Palermo Protocol)အပိုဒ် (Article)၆၊ ၇၊ ၈ တို့မှာ သားကောင်တွေရဲ့အခွင့်အရေး၊အကာအကွယ်နဲ့ လျော်ကြေးရရှိပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားတာပါ။

အဲ​ဒါတွေဟာ နိုင်ငံတကာစံနှုန်းတွေပါ၊ ငါတို့ဂရုမစိုက်ဘူးလို့ပြောချင်ရင် ငါတို့ဂရုစိုက်ပါတယ်လို့ လူထုကိုကြေညာထားတဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေရဲ့ ပုဒ်မ ၃ ကို ပြန်ကြည့်ပါလို့ပဲ တိုက်တွန်းပါရစေ။

ပြီးရင် ၂၀၀၅ ခုနှစ်ဥပဒေရဲ့ ပုဒ်မ ၁၃ ဒါမှမဟုတ် ၂၀၂၂ ခုနှစ်ဥပဒေရဲ့ ပုဒ်မ ၁၆ ကို သွားဖတ်ကြည့်ပါ။

လူကုန်ကူးခံရသူသားကောင်တွေရဲ့ အပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့အခွင့်အရေးတွေက ဘာတွေလဲဆိုတာတွေ့ရပါလိမ့်မယ်။

နယ်မြေကထွက်ခွာခြင်းဟာလည်း သားကောင်တွေအတွက် ပြစ်ဒဏ်ကကင်းလွတ်ခွင့်အဖြစ် နောက်ပိုင်းမှာနိုင်ငံတကာစံနှုန်းအရ အသိအမှတ်ပြုထားတာကိုလည်းသတိပြုဖို့လိုပါတယ်။

​ပါလာမိုစံနှုန်းကို ကိုယ်တိုင်ချိုးဖောက်မှုနဲ့ဥပဒေအင်္ဂါရပ်မညီအောင်ပြုလုပ်ဖိနှိပ်မှု

အဲ​ဒီတော့ ပါလာမိုလုပ်ထုံးလုပ်နည်းတွေအရ”မလုပ်ချင်တဲ့အရာတခုကို အတင်းအဓမ္မခိုင်းစေဖို့ ဒါမှမဟုတ် ဝန်ဆောင်မှုယူဖို့”အတွက် “သားကောင်တွေရဲ့နာလန်မထူနိုင်တဲ့ အခြေအနေ ဒါမှမဟုတ် ငြင်းဆန်ခွင့်မရတဲ့အခြေအနေမျိုးကိုဖန်တီးပြီး အတင်းဓမ္မဖိအားပေးတာ၊ထိန်းချုပ်ထားတာ”ဟာ လူကုန်ကူးမှုအချက်ထဲက အင်္ဂါရပ်တွေနဲ့ညီနေပါတယ်။

အဲ​ဒါဆိုရင် အတင်းအကျပ် စစ်မှုထမ်းခိုင်းတာဟာလည်း ပါလာမိုလုပ်ထုံးလုပ်နည်းတွေထဲကအချက်တွေနဲ့ငြိနေတယ်လို့ ပြောလို့ရလာပါပြီ။

​ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့က အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက နေရပ်စန့်ခွာမှုတွေနဲ့ပတ်သက်ပြီး ULA/AA ရဲ့ရဲတပ်ဖွဲ့ (DLEPS)က သတင်းထု တ်ပြန်ချက်ကို ကြည့်ပါမယ်။

အဲဒီသတင်းထုတ်ပြန်ချက်ဟာ လူကုန်ကူးမှုကိုအကြောင်းပြပြီး NDEP စစ်မှုထမ်းကိစ္စအတွက် နိုင်ငံရေးနှိပ်ကွက်မှုအဖြစ် အသုံးချထားတာကိုတွေ့ရမှာပါ။

အဲဒီလူကုန်ကူးမှုအဖြစ်သတ်မှတ်ရင်လူ ကုန်ကူးခံရသူသားကောင်တွေဆိုတာလည်းရှိလာရမှာဖြစ်ပေမယ့် ULA/AA ရဲတပ်ဖွဲ့ဒီလပ်ရဲ့ ကြေညာချက်ဟာ အဲဒီအချက်ကို လုံးဝမျက်ကွယ်ပြုထားတာတွေ့ရမှာပါ။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ထွက်ခွာခြင်းဟာလည်း သားကောင်တွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်အဖြစ် နောက်ပိုင်းမှာနိုင်ငံတကာစံနှုန်းအရအသိအမှတ်ပြုထားတာကို လုံးဝမျက်ကွယ်ပြုပြီး တဖက်သတ်ပြစ်ဒဏ်ပေးနေတာကိုတွေ့ရမှာပါ။
​
ဆက်ရန်…

​ကိုးကား…

PrevPreviousမိုင်းပျဉ်းမှာ ငွေကျပ်သိန်းနှစ်သောင်းတန်ဖိုးရှိ ကဖင်းဓာတုပစ္စည်းကီလိုနှစ်ထောင်ကျော်ဖမ်းမိ
Nextအာရက္ခအောင်ပွဲတွေကြား အရေးယူဖို့လိုနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများNext
Previous Post

မိုင်းပျဉ်းမှာ ငွေကျပ်သိန်းနှစ်သောင်းတန်ဖိုးရှိ ကဖင်းဓာတုပစ္စည်းကီလိုနှစ်ထောင်ကျော်ဖမ်းမိ

Next Post

အာရက္ခအောင်ပွဲတွေကြား အရေးယူဖို့လိုနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ  - AA Info Desk

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ အာဏာသိမ်းစစ်သားအများအပြားသေဆုံး

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

Releated Post

ရသေ့တောင်မှာ အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံး

September 20, 2026

Justice for Arakan သို့ တိုင်ကြားထားတဲ့အမှုပေါင်းခုနှစ်ရာကျော်ရှိ

September 20, 2026
ဓာတ်ပုံ-BNA

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေ

September 20, 2026
ဓာတ်ပုံ - AA Info Desk

ရခိုင်မှာ လူမျိုးတုန်းသတ်ဖြတ်ဖို့အမိန့်ပေးထားကြောင်း စစ်သုံ့ပန်းတွေဝန်ခံ

September 20, 2026
​ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း

ဝက်လက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှတရာကျော်သေဆုံး (ဓာတ်ပုံသတင်း)

September 20, 2026
​Photo - AFP/Reuters

ပန်တိုဂျာကိုအနိုင်ရပြီး UFC ဖလိုင်းဝိတ် ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျော့ရှုဝါဗန်

September 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page