Border News Agency
မိုင်းပျဥ်း၊စက်တင်ဘာ ၇ ။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်မှာ ငွေကျပ်သိန်းနှစ်သောင်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းတွေဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC MYANMAR) က စက်တင်ဘာလ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းပျဉ်းမြို့နယ်၊ ပန်မော် (၂၀) မိုင်ကျေးရွာအနီး၊ ကျိုင်းတုံ – တောင်ကြီးသွားကားလမ်းမှာ စက်တင်ဘာလ ၄ ရက်နေ့မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကသတင်းအရစောင့်ဆိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုစောင့်ဆိုင်းစစ်ဆေးချိန် စိုင်းစံထွန်းနဲ့ ယောလှတို့မောင်းနှင်လာတဲ့ TOYOTA HILUX VIGO နဲ့ TOYOTA HILUX TIGER အမျိုးအ
စား မော်တော်ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြတာဖြစ်ပါတယ်။
ရှာဖွေမှုအတွင်းစိုင်းစံထွန်း မောင်းနှင်လာတဲ့ယာဉ်ပေါ်ကနေ ကဖင်းအလေးချိန်တကျောင်ကျော်နဲ့ လက်ကိုင်ဖုန်းသုံးလုံး၊ ယောလှမောင်းနှင်လာတဲ့ယာဉ်ပေါ်ကနေ ကဖင်းအလေးချိန်ကိုးရာကျော်ကီလိုနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့နှစ်ဦးကို ကဖင်းဓာတုပစ္စည်းတွေနဲ့အတူ မိုင်းပျဉ်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။







