Border News Agency
မလေးရှား၊ စက်တင်ဘာ ၇ ။
မလေးရှားနိုင်ငံ၊တာရန်ဂါနူးပြည်နယ်အတွင်းရှိ Marang နဲ့ Dungun မြို့တွေမှာ စက်တင်ဘာလ ၇ ရက်၊ဒီနေ့ လဝကမှ ရှောင်တခင်စစ်ဆေးခဲ့ရာ မြန်မာသုံးဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ဆယ့်နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ကားရေဆေးခုံ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ လူနေအိမ် အပါအဝင် နေရာဆယ်ခုကိုစစ်ဆေးခဲ့တာဖြစ်ပြီး စစ်ဆေးခံရသူသုံးဆယ့်တဦးထဲမှာ အင်ဒိုနီးရှားခုနှစ်ဦး၊ မြန်မာသုံးဦးနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေမှာ တရားဝင်အထောက်အထားမရှိတာနဲ့ ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာတွေကြောင့်ဖြစ်ပြီး သူတို့ကို တာရန်ဂါနူးလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပါတယ်။
တာရန်ဂါနူးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေ တရားမဝင်နိုင်ငံခြားသားတွေဝင်ရောက်နေထိုင်မှုကို နှိမ်နင်းဖို့အတွက် ခုလိုစစ်ဆေးဖမ်းဆီးမှုတွေကို ဆက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
























