Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ရသေ့တောင်မြို့နယ် အင်တာဗျူး အာရက္ခဒေသ

“အမှန်တရားတခုကိုရအောင် DNA စစ်မယ်ဆိုတာလည်း တရားရုံးကပယ်ချလိုက်ပါတယ်။”

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
30
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး

Border News Agency
ရသေ့တောင်၊ စက်တင်ဘာ ၈။

ရသေ့တောင်မြို့နယ်၊ရွာသစ်ကေကျေးရွာမှာ မိန်းကလေးတဦးက ကိုယ်ဝန်ရပြီးကလေးတဦးမွေးဖွားခဲ့ပါတယ်။ အဲဒီကလေးဟာအိမ်နီးနားချင်းသက်ကြီးအမျိုးသားတဦးနဲ့ရတာဆိုပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတရားရုံးက ထောင်ဒဏ်အမိန့်ချထားပါတယ်။

ဒါပေမယ့်ထောင်ဒဏ်အမိန့်ချခံထားရသူတွေဖက်ကတော့ မတရားစွပ်စွဲခံရတာဖြစ်ပြီး အဲဒီကလေးအပါအဝင်မတရားထောင်ချခံထားရသူကိုလည်း မျိုးရိုးဗီဇစစ်ဆေးပေးဖို့ မိန်းမဖြစ်သူကတောင်းဆိုနေပါတယ်။

“ကျမနာမည်မယဉ်နုပါ။ ရသေ့တောင်မြို့နယ်၊ရွာသစ်ကေကျေးရွာမှာနေပါတယ်။ ခုလက်ရှိထောင်ထဲမှာရှိနေတဲ့ ဦးကျော်သူရဲ့မိန်းမဖြစ်ပါတယ်။ ထောင်ထဲမှာရှိတဲ့ ဦးကျော်သူအတွက်ဒီဗီဒီယိုဖိုင်နဲ့ပဲပြောကြေားလိုက်ပါတယ်။”

“ကျမတို့ဟာ ၂၀၂၄ ခုနှစ်၊၁၁ လပိုင်း ၂၉ရက်၊သောကြာနေ့မှာ လယ်စပါးသိမ်းယူဖို့အတွက် ခနောင်းကြီးကွင်းမှာ တဲထိုးပြီးသားဖလေးယောက်တဲဝင်နေကြခဲ့ပါတယ်။”

“အဲဒီအချိန်မှာမောင်သာချို၊ ခိုင်စံဝင်း၊ မသိန်းနုတို့မြေးအဖိုးတွေဟာအိမ်မှာကျန်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ၁၂လပိုင်းကုန်ထိလည်းစပါးကိုရိတ်သိမ်းပြီး တလင်းလည်တယ်။”

“၂၀၂၅ ခုနှစ် ၁ လပိုင်း ၇ ရက်နေ့မှာလည်း စပါးလွှင့်လို့ ၁ လပိုင်း ၁၃ ရက်နေ့မှာအိမ်ကိုပြန်ရောက်ပါတယ်။ အိမ်ကိုပြန်ရောက်တဲ့အခါ ခိုင်စံဝင်းဆိုသူမိန်းကလေးဟာ ချောင်းနားဘက်က သူ့အဖွားမသိန်းလှအိမ်မှာသွားနေပါတယ်။”

အလယ်ရွာက ရွာနှင်ဒဏ်ထုတ်ထားတဲ့ မောင်ချေ (ခ) သန်းနိုင်စိုးလည်း အဲဒီအိမ်မှာအတူတူနေကြပါတယ်။ ကျမတို့အိမ်ကိုရောက်တဲ့အချိန်မခိုင်စံဝင်းဟာလည်း သူ့အဘွားမသိန်းလှအိမ်မှာရှိနေပါတယ်။”

“အဖိုးမောင်သာချိုတို့အိမ်ကိုမရောက်သေးပါဘူး။ ၁ လပိုင်း ၂၂ ရက် ဗုဒ္ဓဟူးနေ့မှာ သူနေမကောင်းလို့ပို့ပေးလာတာလည်း ကျမမျက်စိနဲ့မြင်လိုက်ပါတယ်။ နောက်နှစ်ရက်သုံးရက်နေ့မှာ မခိုင်စံဝင်းဟာ အန်တယ်၊အော့တယ်။ ခေါင်းမူးတယ်ဆိုပြီး မောင်သာချေတို့ရဲ့ချွေးမ ခင်ဆန်းနွယ်နဲ့ ဆရာဝန်ကိုခေါ်ပြီးပြတဲ့အခါ အောက်သွေးတိုးလို့ပြောပါတယ်။”

“ကျမတို့ကလည်း သွေးတိုးတာပဲ သူတို့မှာဆေးဝယ်ပြီးတိုက်ပေးကြလိမ့်မယ်လို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ၂၇ ရက်နေ့ တနင်္လာနေ့မှာ သူမဟာနောက်ထပ်အန်တယ်။ အော့တယ်။ ခေါင်းမူးတယ်။ ဒေါ်မသာနုက ကျမတို့လင်မယားကိုပြောပါတယ်။”

“ဒီမိန်းကလေးတယောက်ဟာ ဖျားတယ် အန်တယ် ခေါင်းမူးတယ်လို့ ပြောတယ်။ နင်တို့ခဏဖြစ်ဖြစ်လာစစ်ဆေးကြည့်ကြ”လို့ခေါ်ပြီး ကျမတို့လင်မယားဟာ ၁၀နာရီကျော်လောက်မှာ သွားကြည့်ခဲ့ကြပါတယ်။ ကျမတို့သွားကြည့်ကြတဲ့အခါမှာ သူမမှာအဖျားပူလည်းမရှိပါဘူး။ ဖျားတာလည်းမဟုတ်ပါဘူး။ ဘယ်ဆရာဝန်ကိုခေါ်ပြီးပြရမလဲ။ သူမမှာ ဘာတွေစားလို့ ရင်ပြည့်ကျပ်ပြီးအန်တာလည်းမသိဘူးဆိုပြီး ကျမတို့လင်မယားကအရင်ထွက်သွားပါတယ်။”

“နောက်ထပ်သုံးရက်တောင်မကြာပါဘူး။ မသင်္ခါလို့ ဆေးစစ်တံနဲ့စစ်ကြည့်တဲ့အခါ မခိုင်စံဝင်းမှာကိုယ်ဝန်ရှိနေတယ်လို့သိရပါတယ်။ သူမကိုဝိုင်းဝန်းပြီးမေးကြတဲ့အခါ နင့်အိမ်ကိုဘယ်သူတက်လဲမေးတော့ အဘိုးနဲ့အဘွားတက်လာတယ်လို့ပြောတယ်။”

“မေးတော့လည်း ဘယ်သူနဲ့ရတယ်ဆိုတာလည်းမပြောလိုပါဘူး။ မသိန်းလှက ကျမယောကျ်ားကိုပြောလိုက်ဆိုပြီး သင်ပေးတယ်လို့ ခိုင်စံဝင်းပါးစပ်ကကိုယ်တိုင်ပြောပါတယ်။ ၂ လပိုင်း ၁ရက်နေ့မှာအမျိုးသမီးရေးရာဥက္ကဋ္ဌကိုသွားတိုင်ပါတယ်။ ဒီအဘိုးကိုကလေးပိုင်ရှင်ဖမ်းရမယ်လို့သွားတိုင်လိုက်ပါတယ်။ အဲဒီနောက် ဥက္ကဋ္ဌက ကျမယောကျ်ားကိုလက်မှတ်ထိုး ကလေးအဖေလို့ဝန်ခံခိုင်းပါတယ်။”

“ကျမယောကျ်ားက လက်မခံပါဘူး။ ငါဟုတ်လည်းမဟုတ်ဘူး။ တာဝန်လည်းမယူနိုင်လို့ပြောပါတယ်။ ကိုယ့်အရှက်သိက္ခာနဲ့ကိုယ်နေတာ သူမကိုငါမယုတ်မာဘူးလို့ပြောပါတယ်။ မင်းတို့တွေမယုံရင်မျိုးရိုးဗီဇကိုစစ်ပေး စစ်လို့မှန်ကန်ခဲ့ရင် ဒီနေရာတိုင်းသတ်ပစ်လို့ရတယ်။ ပေးတဲ့အပြစ်ဒဏ်ကိုလည်းငါခံရဲတယ်ဆိုပြီးပြောတယ်။”

“ဥက္ကဋ္ဌက သူမကိုကလေးအဖေမရှိလို့မရပါဘူး။ ကလေးအဖေရကိုရရမယ်ဆိုပြီးပြောသွားပါတယ်။ နောက်ရက်တွေမှာ လက်မှတ်ထိုးခိုင်းပါသေးတယ်။ ကျမယောကျ်ားက ငါလက်မှတ်ထိုးလည်းမထိုးနိုင်ပါဘူး။ မင်းရဲ့မြေးကိုငါယုတ်လည်းမယုတ်ပါဘူး။ မင်းမြေးလည်း ငါ့မြေး၊ငါ့မြေးလည်းမင်းမြေးဆိုပြီးပြောပါတယ်။”

“ကျမကလည်းဝင်ပြောပါတယ် “မောင်သာချေ နင်ကအသက်ခုနှစ်ဆယ်ကျော်နေလာခဲ့ပြီးပြီ ရွာသစ်ကေမှာနေလို့ ဒီလိုယုတ်တယ်လို့ နင်ဘယ်တုန်းကကြားဖူးလဲ”ဆိုပြီးပြောတယ်။

“ကျမရဲ့ယောကျ်ားမဟုတ်တာကိုလည်းသိတယ်ဆိုပြီးပြောတယ်။”ဒါပေမယ့်လည်း လက်မှတ်လေးတခုထိုးတာကိုဘာဖြစ်မှာတဲ့လဲ”ဆိုပြီးပြောတယ်။ ကျမတို့ကလည်း ဘာလို့ထိုးမလဲမဟုတ်ပဲနဲ့ နင်တို့ဆီလက်မှတ်ထိုးရမလားဆိုပြီးပြောတယ်။”

“အဲဒီအချိန်မှာ သူ့ဘက်က ဒီမိန်းကလေး ၁၈ နှစ်အရွယ်ဖြစ်နေရင်တောင် ၁၆ နှစ်လို့ အသက်ကိုလိမ်ပြီး စိတ်ဝေဒနာရှင်ကိုမုဒိမ်းကျင့်တယ်လို့ မုဒိမ်းမှုနဲ့တရားစွဲမယ်ဆိုပြီးပြောပါတယ်။”

“မုဒိမ်းမှုနဲ့တရားစွဲရင် ထောင်ဒဏ်အနှစ် ၂၀ ကျမှာကိုလည်း သိရဲ့လားလို့ ကျမတို့ကိုပြောပါတယ်။ အသက်ကလည်း ကြီးနေပြီ နောက်သုံးနှစ်ဆိုသေတော့မယ်။ လက်မှတ်ထိုးလိုက်ရင် အိမ်မှာပဲသေရမယ်။ မထိုးရင် မုဒိမ်းမှုနဲ့ထောင်ဒဏ်အနှစ်၂၀ကျမယ်ဆိုပြီးပြောပါတယ်။”

“ဥက္ကဋ္ဌနဲ့အမျိုးသမီးရေးရာတို့ပူးပေါင်းပြီး ကျမရဲ့ယောကျ်ားကိုထောင်မကျ ကျအောင်ပူးပေါင်းပြီးမတရားစွပ်စွဲပါတယ်။ အဲဒီလိုမတရားစွပ်စွဲလိုက်လို့ ၂၀ ၂၆ ခုနှစ် ၇ လပိုင်း ၂၄ ရက်နေ့မှာ ထောင် ဒဏ်ငါးနှစ်ကိုချမှတ်လိုက်ပါတယ်။”

“ခုလိုမတရားစွပ်စွဲပြောဆိုတာကိုမကျေနပ်လို့ ဗဟိုကိုစာတင်ထားပါတယ်။ ခိုင်စံဝင်းဟာ ၂၀၂၅ ခုနှစ် ၉ လပိုင်း ၂၅ ရက်နေ့မှာ ကလေးမွေးခဲ့ပါတယ်။ အဲဒီကလေးကို ကျမတို့ဘက် DNA စစ်မယ်ဆိုပြီးတောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုခဲ့တာကိုလည်း ရုံးကပယ်ချလိုက်ပါတယ်။”

“ခနောင်းကြီးကွင်းမှာ တဲထိုးခဲ့တာကို ကွင်းဆင်းစစ်ဆေးတာကိုလည်း ပယ်ချလိုက်ပါတယ်။ အမှန်တရားကိုလည်းမရခဲ့ပါဘူး။ အမှန်တရားကိုလိုချင်တာကြောင့် ဗဟိုကိုတက်ပြီး အသနားခံစာတင်ခဲ့ပါတယ်။”

“အထက်လူကြီးတွေက အမှန်တရားတခုကိုရအောင် DNAစစ်မယ်ဆိုတာလည်း ပယ်ချလိုက်ပါတယ်။ ကွင်းဆင်းစစ်တာကိုလည်းပယ်ချလိုက်ပါတယ်။ အမှန်တရားကိုလည်း ကျမတို့မရခဲ့ပါဘူး။ အထက်လူကြီးတွေက ကျမတို့ကို အမှန်တရားတခုဖော်ထုတ်နိုင်အောင် အကူအညီပေးကြပါ။”

“အထက်လူကြီးတွေကကူညီမှပဲ အမှန်တရားတခုကိုရပါလိမ့်မယ်လို့ အသနားခံလို့တောင်းပန်ပါတယ်။ ခိုင်စံဝင်းမှာ အခုမွေးထားတဲ့ကလေးဟာ မောင်ချေ ( ခ) သန်းနိုင်စိုးနဲ့လည်း ချွပ်စွပ်တရုပ်ထဲတူတယ်လို့ တရွာလုံးပြောကြပါတယ်။

မသိန်းလှအိမ်နဲ့ ဦးကျော်လှအိမ် မျက်နှာချင်းရှေ့ဆိုင်အိမ်မှာ ဦးကျော်လှ၊မောင်ချေ ( ခ) သန်းနိုင်းနဲ့ ခိုင်စံဝင်းဟာ ခါးမှာခြေတင်လက်တင်နဲ့အတူဖုန်းကြည့်နေတာကိုမြင်တဲ့သူရှိတယ်လို့ သက်သေထွက်ဆိုထားတာလည်းရှိခဲ့ပါတယ်။”

“ဒါပေမယ့်လည်း ကျမတို့ဟာအမှန်တရားမရခဲ့ကြောင့် အထက်လူကြီးတွေဆီမှာ အမှန်တရားတခုကိုဖော်ထုတ်ပေးဖို့တောင်းဆိုပါတယ်။”

PrevPreviousမဏိပူရနဲ့အာသံမှာ အိန္ဒိယစစ်တပ်စစ်ဆင်ရေးကြောင့် လက်နက်ကိုင်ကိုးဦးဖမ်းမိ
Nextပတ္တယားမှာ မြန်မာလုပ်သားနှစ်ဦး အရက်သောက်ရင်းရန်ဖြစ်ရာမှ ဓားထိုးခံရလို့​တဦးသေဆုံးNext
Previous Post

မဏိပူရနဲ့အာသံမှာ အိန္ဒိယစစ်တပ်စစ်ဆင်ရေးကြောင့် လက်နက်ကိုင်ကိုးဦးဖမ်းမိ

Next Post

ပတ္တယားမှာ မြန်မာလုပ်သားနှစ်ဦး အရက်သောက်ရင်းရန်ဖြစ်ရာမှ ဓားထိုးခံရလို့​တဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ICJ ဆုံးဖြတ်ချက်ကို လေးစားကြဖို့ IIMM တိုက်တွန်း

November 4, 2026

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အရှိန်မြှင့်ဖို့ဆွေးနွေး

November 4, 2026
(ဓာတ်ပုံ - မောင်တောမြို့နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေပုံ/BNA)

လာမယ့် ၁၉ ရက်နေ့ ICJ အမိန့်ချမယ်

November 4, 2026

သားဖွားဆေးရုံကိုလေကြောင်းတိုက်ခိုက်တာဟာ လူ့သမိုင်းတလျှောက် အဆိုးဆုံးဖြစ်ရပ်လို့ AA ပြော

November 3, 2026

ဘန်ကောက်မှာ ပစ္စည်းအတုထုပ်ပိုးတဲ့ မြန်မာလုပ်သားရှစ်ဦးဖမ်းခံရ

တိုင်းရင်းသားလက်နက်ကိုင်တွေနယ်စပ်မှာ မခိုအောင်းရေးစစ်တပ်နဲ့လာအိုဆွေးနွေး (ဓာတ်ပုံသတင်း)

ပေါက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံး

မြန်မာမှာ ရင်းနှီးမြှုပ်နှံမှု ပိုတိုးချဲ့မယ်လို့ ထိုင်းပြော

ICJ ဆုံးဖြတ်ချက်ကို လေးစားကြဖို့ IIMM တိုက်တွန်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အရှိန်မြှင့်ဖို့ဆွေးနွေး

Releated Post

ဓာတ်ပုံ - ထိုင်းသတင်းတွေ

ဘန်ကောက်မှာ ပစ္စည်းအတုထုပ်ပိုးတဲ့ မြန်မာလုပ်သားရှစ်ဦးဖမ်းခံရ

November 4, 2026

တိုင်းရင်းသားလက်နက်ကိုင်တွေနယ်စပ်မှာ မခိုအောင်းရေးစစ်တပ်နဲ့လာအိုဆွေးနွေး (ဓာတ်ပုံသတင်း)

November 4, 2026
​ဓာတ်ပုံ - KTM

ပေါက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခုနှစ်ဦးသေဆုံး

November 4, 2026

မြန်မာမှာ ရင်းနှီးမြှုပ်နှံမှု ပိုတိုးချဲ့မယ်လို့ ထိုင်းပြော

November 4, 2026

ICJ ဆုံးဖြတ်ချက်ကို လေးစားကြဖို့ IIMM တိုက်တွန်း

November 4, 2026

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အရှိန်မြှင့်ဖို့ဆွေးနွေး

November 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page